အရင်းအနှီးဈေးကွက်ဆိုင်ရာ ဆွေးနွေးတင်ပြချက်များ (Daw Thi Thi Lwin)

၁။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းက ကြီးမှူး၍ “Seminar on Going Public and Launching Initial Public Offering” ဆွေးနွေးပွဲကို မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် မြန်မာငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ (Myanmar Securities Exchange Centre) မှ အရာထမ်းတစ်ဦးသည် ငွေရေးကြေးရေးဈေးကွက်များနှင့် မြန်မာနိုင်ငံအခြေအနေ၊ အာဆီယံအရင်းအနှီးဈေးကွက်များ ပေါင်းစည်းရေးအလားအလာတို့ကို Power Point Slides များဖြင့် ဆွေးနွေး တင်ပြခဲ့ပါသည်။ ဤစာတမ်းငယ်သည် ယင်းဆွေးနွေးပွဲတွင် ရှင်းလင်းတင်ပြခဲ့သည့် အချက်များအပေါ် အခြေခံ၍ ပြုစုထားခြင်းဖြစ်ပါသည်။ ပထမပိုင်းတွင် အရင်းအနှီးဈေးကွက်နှင့် မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးတင်ပြထားပြီး ဒုတိယပိုင်းတွင် အာဆီယံအရင်းအနှီးဈေးကွက်များ ပေါင်းစည်းရေးအစီအစဉ်များကို […]

ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ(၁)

ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ (Financial Institutions) အတွက် အဓိကအားဖြင့် ငွေကြေးဈေးကွက် (Money Market) များနှင့် အရင်းအနှီးဈေးကွက် (Capital Market) တို့သည် အရေးပါသည်။ ငွေကြေးဈေး ကွက်များသည် ကာလတိုအတွက် ရည်ရွယ်ပြီး ထူထောင်ထားသော ငွေကြေးအဖွဲ့အစည်းဖြစ်သည်။ တနည်း အားဖြင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော ငွေကြေးကိုရယူနိုင်သော ငွေကြေး အဖွဲ့အစည်းလည်းဖြစ်သည်။ အရင်းအနှီးဈေးကွက်များကတော့ ကာလရှည်ရင်းနှီးမြှုပ်နှံမှုများအတွက် ထုတ်ချေး သော ငွေကြေးသည် ဈေးကွက်ဖြစ်သော်လည်း အရင်းအနှီးဈေးကွက်အဖြစ် သတ်မှတ်ခေါ်ဆိုထားသည်။

FOREX

စတော့ဈေးကွက် Stock Market အတွက် အခြေခံစီစစ်ချက် (Fundamental Analysis) ကိုတော့ ကုမ္ပဏီက စိုက်ထုတ်မှု (Inputs) ဘယ်လောက်ရှိ နိုင်တယ်ဆိုတာကို ကြည့်ပြီး အနာဂါတ်မှာ တိုးတက်မှု ဘယ်လောက် ရှိမယ်ဆိုတာနဲ့ တိုင်းတာကြပါတယ်။ ဒါ့အပြင် စတော့ဈေးကွက်ဝင် ကုမ္ပဏီရဲ့ ဘဏ္ဍာရေးရှင်းတမ်းကို လေ့လာ သုံးသပ်ခြင်း အုပ်ချုပ်မှုပိုင်းကို အကဲဖြတ်ခြင်း စွမ်းဆောင်ရည်တွေကို တိုင်းတာခြင်း၊ မှတ်တမ်း မှတ်ရာတွေကို စီစစ်ခြင်းတွေလည်း ပါဝင်ကြတာပေါ့။ Forex Market လို့ခေါ်တဲ့ နိုင်ငံခြား ငွေကြေးရောင်းဝယ်ရေး ဈေးကွက်မှာကျတော့ စတော့ဈေးကွက်လို တိုင်းတာလို့ရတဲ့ စံတွေအများအပြားမရှိပါဘူး။ ကိုယ့်နိုင်ငံရော တခြားတိုင်းပြည်တွေရဲ့ စီးပွားရေး ကဏ္ဍ တစ်ရပ် လုံးကိုပါ ခြုံငုံသုံးသပ်ပြီး ရောင်းဝယ် မှုပြုလုပ်ရခြင်းပဲ ဖြစ်ပါတယ်။ ဒီတစ်လမှာမြန်မာနိုင်ငံမှာရှိတဲ့ Forex Market […]

Lending Club

သိပ်မကြာသေးမီကပဲ Renaud Laplanche ရဲ့ San Francisco မြို့ထဲရုံးခန်းမှာ သူ့ရုံးခန်းကနေ အောက်ထပ်က နေရာလွတ်ကိုသယ်ဖို့ လှေကားထိုးနေတဲ့ အလုပ်သမားတွေနဲ့ရှုပ်ယှက်ခတ်နေခဲ့ပါတယ်။ကျွန်တော့်ရုံးကို လေ့လာဖို့ သွားတော့ အဲဒီပြင်သစ်နွယ်ဖွား Lending Club ရဲ့ CEO လည်းဖြစ်၊ Co- Founder လည်းဖြစ်တဲ့ Laplanche ကလှေကားထစ်တွေအတိုင်း ခေါ်သွားပြီး ရုံးခန်းမှာရှိတဲ့ ထိုင်ခုံတန်း တွေဆီညွှန်ပြရင်း ကျွန်တော်တို့ တော်တော်လေး အင်အားကြီးမားလာနေပြီ လို့ သူ့ကုမဏီရဲ့ကြီးထွားနှုန်း ကို ဂုဏ်ယူပြီး ပြောပြနေပါတယ်။ ကိန်းဂဏန်းတွေအရဆိုရင် Lending Club ဟာ July မှာ Consumers Loane အတွက် $173.4 သန်းငွေထုတ် ပေးနိုင်ခဲ့ပါတယ် ဒါဟာ မနှစ်ကထက် (၂၈၈%)တိုးတက်လာတာပါ။ ဒါတောင် လူအများသုံးသပ်ထင်မြင်နေတဲ့ ဂဏန်းဟာ […]