History of Goldman Sachs

“ယခုလက်ရှိ Wall Street ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုဘဏ်များထဲမှ တစ်ခုဖြစ်သော Goldman Sachs ဟာဆိုရင်ဖြင့် သူ့ရဲ့ ကနဦးအစပိုင်းကို ရိုးရှင်းစွာ စတင်ခဲ့ရပါတယ်။ ဂျာမနီနိုင်ငံမှ အခြေစိုက်ဝင်ရောက်လာသူ Marcus Goldman က လုပ်ငန်းကို ၁၈၆၉ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး တော့ သူ၏သမက်ဖြစ်သူ Samuel Sachs က လုပ်ငန်းအတွက် ၀င်ရောက်လာတဲ့အခါမှ Goldman Sachs ဆိုပြီး တရားဝင်ကုမ္ပဏီ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ ကုမ္မဏီဟာ ၁၈၉၆ ခုနှစ်တွင်တော့ နယူးယောက်စတော့အိတ်ချိန်း (NYSE) မှာ စတင် စာရင်းတင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၀၆ ခုနှစ် မတိုင်ခင်ထိတော့ အများပြည်သူသို့ စတင်ထုတ်ဝေရောင်းချခြင်း IPO (Initial Public Offering) မလုပ်ခဲ့ပါဘူး။ ၂၀ […]

ဘဏ္ဍာရေးဆိုင်ရာ ဆင့်ပွားစာချုပ်စာတမ်းများမိတ်ဆက်

နိုင်ငံခြားငွေကြေးဈေးကွက်အပေါ် လေ့လာမှုများသည် တခြားဂြိုလ်တစ်ခုပေါ်သို့ ခရီးသွားရ ခြင်းနှင့်တူသည်ဟူ၍ နာမည်ကျော် “အပြည်ပြည်ဆိုင်ရာ ဘောဂဗေဒ” စာအုပ်ပြုစုခဲ့သူ P.H.Lindert နှင့် C.P. Kindleberger တို့က ဆိုစမှတ်ပြုခဲ့ကြသည်။ အဆိုပါ ဘောဂဗေဒဂုရုများဆိုခဲ့သလိုပင် နိုင်ငံခြား ငွေကြေးဈေးကွက်သည် တခြားကမ္ဘာမှ ဂြိုလ်သားများဟု ဆိုနိုင်လောက်သော အခေါ်အဝေါ် အထူးအဆန်းများဖြင့် ပြည့်နှက်လျှက်ရှိပေသည်။

ဆန်းသစ်သောဘဏ်လုပ်ငန်း (Innovative Banking)

“တူရကီနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကဏ္ဍမှာ ၁၅ နှစ်ကြာတည်ရှိပြီးတဲ့အချိန်မှာတော့ Bank Audi ပိုင် Odeabank ဟာဆိုရင် ဘဏ်လုပ်ငန်းစည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအင်ဂျင်စီ (Banking Regulation & Supervision Agency) ရဲ့ ခွင့်ပြုမိန့်နဲ့ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အသစ်ကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှာ ရရှိခဲ့ပါတယ်။” Odeabank အဖြစ် မတ်လ ၁၅ ရက်မှာ တရားဝင် တည်ထောင်နိုင်ခဲ့ပြီး ထိုအချိန်တုန်းက စာရင်းများအရ တူရကီဘဏ်လုပ်ငန်းရဲ့ ၄၉ ခုမြောက်ဘဏ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Hedge Fund

ဤဆောင်းပါးကို အမေရိကန်နိုင်ငံရှိ US Securities and Exchange Commision ကထုတ်ဝေသော Educate individual investor for Hedge Fund ဆိုသည့် စာတမ်းငယ်ကို အမှီပြုကာ ရေးသား သွားမည် ဖြစ်ပါသည်။ Hedge Fund ဆိုသည်မှာ… Hedge Fund ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးများကို အကျိုးအမြတ်ရရှိစေမည့် နေရာများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် စုပေါင်းထားသော ငွေကြေးအစုအဝေးကြီးဖြစ်သည်။ ထို့အပြင် Hedge Fund များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာသည် တခြားသော Fund များထက် ပို၍ Flexible ဖြစ်သည်။ Hedge Fund များသည် ရင်းနှီးမြှုပ်နှံမှု ဈေးကွက်တိုင်းတွင် ၀င်ရောက် ရင်းနှီးမြှုပ်နှံရန် အသင့်ရှိကြပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုပုံစံများသည်။ […]

စီကျူရီတိုက်ဇေးရှင်းနှင့် ဘဏ်များ၏အခန်းကဏ္ဍ

“စီကျူရီတိုက်ဇေးရှင်း (Securitization) ဟူသော ဝေါဟာရသည် စာဖတ်သူများအဖို့ စိမ်းကောင်းစိမ်းနေမည်ဖြစ်သော်လည်း ခေတ်သစ်ဘဏ္ဍာရေးဈေးကွက်တွင် အလွန်အရေးပါသော နေရာကို ရယူထားကြောင်း တွေ့ရှိရသည်။ စီကျူရီတိုက်ဇေးရှင်းကို အမေရိကန်နိုင်ငံတွင် ၁၉၆၀ လွန် နှစ်များတွင် စတင် ကျင့်သုံးခဲ့ပါသည်။” စတင်ကျင့်သုံးခဲ့စဉ်က ဘဏ်များ၏ အိမ်ယာချေးငွေများအပေါ် ဘဏ္ဍာငွေ ပြန်လည်ဖြည့်တင်း ရာတွင် ငွေသားစီးဆင်းမှု လွယ်ကူစေရေးအတွက် လက်နက်တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း တွင် ခရက်ဒစ်ကဒ်များ၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများတွင် ကြိုတင်ပေးငွေများအတွက် ရပိုင်ခွင့်များ နှင့် မော်တော်ကား ချေးငွေများတွင်ပါ စီကျူရီတိုက်ဇေးရှင်းစနစ် ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ စီကျူရီ တိုက်ဇေးရှင်းသည် အာရှနိုင်ငံများသို့လည်း အလျင်အမြန် ကူးစက်ခဲ့ပါသည်။ အထူးသဖြင့် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်နှင့် စင်္ကာပူနိုင်ငံများတွင် ကျင့်သုံးခဲ့ကြပါသည်။ စီကျူရီတိုက်ဇေးရှင်းလုပ်ငန်းမှာ ဘဏ်တစ်ခု၏ ချေးငွေများနှင့် ရပိုင်ခွင့်များကို ဈေးကွက် […]

ပထမပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း

MBFး ပထမဦးဆုံးအနေနဲ့ အန်ကယ့်ဘဏ္ဍာရေး ၊ငွေရေးကြေးရေး၊ လောကထဲကို ဘယ်လိုစတင် ရောက်ရှိ ခဲ့တယ်ဆိုတာ သိချင်ပါတယ်။ —————– Dr.SMး အဲဒီသမိုင်းက အရှည်ကြီးပဲ၊ ၁၉၈၈-၈၉ လောက်က ဦးနေ၀င်း အာဏာရှိစဉ်တုန်း နောက်ဆုံး လွှတ်တော်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကူးပြောင်းမယ်လို့ ကြေညာတယ်။ အဲဒီမှာ အန်ကယ် တွေးမိတာ က ဈေးကွက် စီးပွားရေးစနစ်ဆိုရင် ဘဏ်လိုတယ်ပေါ့၊ အဲဒီအချိန်ကစပြီး ဘဏ်ထောင်ဖို့ စစည်းရုံး ဖြစ်ခဲ့ပါတယ်။ ၁၉၉၀-၉၁ ခုနှစ်လောက် သွားကျမှာပေါ့။ ပထမဆုံးက စီးပွားရေးတက္ကသိုလ်မှာ ဆရာလုပ်တယ် အဲဒီကနေ နိုင်ငံခြား ပညာတော်သင်ရတယ်။ ၁၉၆၄ မှာ New York University ကနေ Ph. D ရတယ်။ အဲဒီက […]