သဘောတရားနားလည်ပါမှ လွတ်လပ်တဲ့ ဈေးကွက် ဖော်ဆောင်နိုင်မယ်

စီးပွားရေးလုပ်ငန်းတွေမှာ ဈေးကွက်သဘောတရားအရ Supply နဲ့ Demand သဘော တရားကို သေချာစွာနည်းလည်သဘောပေါက်ကြဖို့ လိုအပ်တယ်။ စာရေးသူတို့နိုင်ငံမှာ မဆလခေတ် က ဆိုရှယ်လစ်စီးပွားရေးစနစ် ကျင့်သုံးလုပ်ဆောင်ခဲ့တယ်။ အဲဒီမှာခွဲတမ်းစနစ်နဲ့ ၀ယ်ယူကြရတယ်၊ ခေတ်ကာလအရ ငွေဖောင်းပွမှုမရှိသေးတော့ အများပြည်သူတွေက စားရေး၊ ၀တ်ရေး နေရေးဆိုတဲ့ အရေး ၃ ပါးမှာ မသိသာခဲ့ဘူး။ သို့ပေမယ့် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ မြန်မာလို ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ပေါ်ပေါက်လောရေး၊ အင်္ဂလိပ်လို Proper evolution of the market-oriented Economy လို့ market- oriented ဆိုတာ သုံးလိုက်တာကြောင့် ဈေးကွက်က ထိန်းချုပ် စီးပွားရေးစနစ် ဖြစ်ထွန်းလာ ခဲ့တယ်။ အစိုးရကိုယ်တိုင်က ဈေးကွက်ကို ထိန်းချုပ်လုပ်ဆောင်မှုတွေကနေ သူများနိုင်ငံမှာ […]