‘Mutual Fund’

ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ရံပုံငွေ တစ်ခုဖြစ်ပြီး စတော့ရှယ်ယာများ၊ ငွေကြေးလုံခြုံမှုဆိုင်ရာ လုံခြုံရေးစာချုပ်များ နှင့် ငွေကြေးဈေးကွက်များတွင် ရင်းနှီးမြုပ်နှံရန် အတွက် ရင်းနှီးမြုပ်နှံသူများ က စုပေါင်းကာ ရင်းနှီးထားသော ရံပုံငွေတစ်ခုဖြစ်သည်။ Mutual Funds များကို ငွေကြေး မန်နေဂျာများက စီမံခန့်ခွဲလေ့ ရှိကြပြီး သူတို့သည် Funds ၏ ငွေကြေးများကို မည်သည့်နေရာတွင် ရင်းနှီးမြုပ်နှံမည် ကို စီမံခန့်ခွဲ ကြပြီ ထိုရင်းနှီး မြုပ်နှံ မှုမှ တဆင့် Mutual Fund များတွင် ရင်းနှီးမြုပ်နှံထားသူများ ကို အကျိုးအမြတ်ရရှိအောင်ဆောင်ရွက်ပေးသည်။

ZTK Definition – Pension Fund ©

အလုပ်ရှင် နှင့် ၀န်ထမ်းများ ပါဝင်ထည့်ဝင်ပြီး ၀န်ထမ်းများ အငြိမ်းစားယူသောအခါ ထုတ်ယူနိုင်သည့် ရံပုံငွေ အစုအဝေး ကို ဆိုလိုသည်။ ပင်စင်ရံပုံငွေသည် တည်ငြိမ်သော နှုန်းနင့်တိုးပွားနေပြီး ၀န်ထမ်းများ အငြိမ်းစားယူသောအခါ ဤရန်ပုံငွေထဲမှ ပင်စင်ကြေးကိုထုတ်ပေးသည်။ Pension Fund များသည် အလုပ်ရှင် နှင့် ၀န်ထမ်းများ ကြား ငွေကြေးဆိုင်ရာကြားခံ အဖွဲ့အစည်းအဖြစ်ဆောင်ရွက်ပေးပြီး အလွန်ကြီးမားသော Corporation များတွင်မူ ပင်စင်ရံပုံငွေများ ကို Pension Funds များတွင်မအပ်နှံတော့ ပဲ မိမိ အဖွဲ့အစည်းအတွင်း၌သာ ရံပုံငွေ ကိစ္စများကိုဖြေရှင်းသည်။ ပုံမှန်နှုန်းနှင့်တိုးပွားနေခြင်းနှင့် ပါဝင်စုဆောင်းသူများခြင်းတို့ကြောင့် Pension Funds များသည် နိုင်ငံအများအပြားတွင် အကြီးမားဆုံးသော ရင်းနှီးမြုပ်နှံသူအဖြစ် ရပ်တည်နေသည်။