FBP

MBFး ပထမဦးဆုံးအနေနဲ့ အန်ကယ့်ဘဏ္ဍာရေး ၊ငွေရေးကြေးရေး၊ လောကထဲကို ဘယ်လိုစတင် ရောက်ရှိ
ခဲ့တယ်ဆိုတာ သိချင်ပါတယ်။
—————–
Dr.SMး အဲဒီသမိုင်းက အရှည်ကြီးပဲ၊ ၁၉၈၈-၈၉ လောက်က ဦးနေ၀င်း အာဏာရှိစဉ်တုန်း နောက်ဆုံး လွှတ်တော်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကူးပြောင်းမယ်လို့ ကြေညာတယ်။ အဲဒီမှာ အန်ကယ် တွေးမိတာ က ဈေးကွက် စီးပွားရေးစနစ်ဆိုရင် ဘဏ်လိုတယ်ပေါ့၊ အဲဒီအချိန်ကစပြီး ဘဏ်ထောင်ဖို့ စစည်းရုံး ဖြစ်ခဲ့ပါတယ်။ ၁၉၉၀-၉၁ ခုနှစ်လောက် သွားကျမှာပေါ့။ ပထမဆုံးက စီးပွားရေးတက္ကသိုလ်မှာ ဆရာလုပ်တယ် အဲဒီကနေ နိုင်ငံခြား ပညာတော်သင်ရတယ်။ ၁၉၆၄ မှာ New York University ကနေ Ph. D ရတယ်။ အဲဒီက ပြန်လာတော့ ကျောင်းမှာ ဆရာပြန်လုပ်တယ်။ စီးပွားရေးတက္ကသလိုမှာ စာပြန်သင်တာပေါ့။ နောက်ဘဏ္ဍာရေး ၀န်ကြီးဌာနခေါ်တော့ အဲဒီမှာသွားလုပ်တယ်။ အဲဒီမှာ တောေ် တ်ာကြာတယ်။ အဲဒီနောက်ပိုင်း First Private Bank ကို တည်ထောင်ဖြစ်တယ်ပေါ့။

MBFး နောက်တစ်ခအု နေနဲက့ First Private Bank ရဲ့သမိုင်းကြောင်း၊ တည်ထောင်ဖြစ်ခဲ့ပံနဲု့ စတင် တညေ် ထာငစ် ဉ်က အခက်အခဲတွေကို ရှင်းပြပေးစေလိုပါတယ်။
————–
Dr.SMး ခုနကပြောခဲ့သလို နောက်ဆုံးလွှတ်တော်မှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို စွန့်လွှတ်မယ်၊ ဈေးကွက် စီးပွားရေးစနစ်ကို ကူးပြောင်းမယ်လို့ ကြေညာတယ်ပေါ့။ အဲဒီမှာ အန်ကယ်က မြို့ကြီးတွေကိုသွားပြီး စည်းရုံး ရေးဆင်းတယ်။ ရန်ကုန-် မန္တလေး-ပြည်-မော်လမြိုင် အစရှိသဖြင့်ပေါ့။ ဘဏ်ထောင်မယ်ပေါ့၊ Share ပါကြာမ လားပေါ့။ အဲဒီလိုနဲ့ အရင်းအနှီးစုခဲ့ပြီး ဒီဘဏ်ကို ဖွင့်ခဲ့တာပါ။ စစချင်းကြုံရတာက နေရာရဖို့ အခက်အခဲကို ကြုံရတယ်။ နောက်ဆုံးတော့ သိမ်ကြီးဈေးအပေါ်ထပ်မှာရတယ်။ ဘယ်လိုရလဲဆိုတော့ အရင်စက်မှုဝန်ကြီး ဟောင်းကို သွားပြောတော့ သူကတဆင့် မြို့တောဝ် န်ကို ပြောပေးတယ် အဲဒီကနေ အဲနေရာလေးကို ရတယ်။ နောက်တစ်ခုက ၀န်ထမ်းအခက်အခဲ။ ၀န်ထမ်းခေါ်ရတာ ခက်တာပေါ့။ နောက်ဘယ်လို အဆင်ပြေသွားလဲဆို တော့ ပထမဆုံး MFTB ကထွက်တဲ့ ၀န်ထမ်းတစ်ယောက်ကို General Manager အဖြစ်ရတယ်။ နောက် ကျန၀် န်ထမ်းတွေကတော့ ခေါ်သင်တန်းပေးရတာပေါ့။
နောက်တစ်ခုကတော့ ကုမ္ပဏီထောင်ဖို့ အခက်အခဲ၊ ဆိုရှယ်လစ်စီးပွားရေးအောက်မှာ နှစ်ပေါင်း များစွာ နှစ်ပေါင်း(၂၀)ကျော်လောက် နေခဲ့ပြီးတော့ ကုမ္ပဏီထောင်မယ်၊ ဘဏ်ဖွင့်မယ်ဆိုတော့ Company License ရဖို့တော်တော် အခကအ် ခဲတွေ့ရတယ်။ ကုမ္ပဏီမှတ်ပုံတင်ရုံးကလဲ ဘဏ်လုပ်မယ်ဆိုတော့ ဗဟိုဘဏ်ကို အရင် License လျှောက်ပါ ဘာညာပေါ့ အဲလိုတွေပြောတယ်။ ကိုယ်တွေကမဟုတ်ဘူး ကုမ္ပဏီကို အရင်မှတ်ပုံတင်ရမယ်လို့ ပြောရတာပေါ့။ တိုတိုပြောရရင် နောက်ဆုံးတော့ ကုမ္ပဏီမှတ်ပုံတင်ရသွားရော ဆိုပါစို့။အဲဒီက မှတ်ပတုံ င်နှင့် ဗဟိုဘဏ်ကို တဆင့်ပြန်လျှောက်၊ ဒီအဆင့်မှာလည်း တော်တော်ကြာတယ်။ နောက် ၁၉၉၂ ၊အောက်တိုဘာမှာ ဘဏ်စဖွင့်ဖြစ်တယ်။ ကုမ္ပဏီမှတ်ပုံတင်ရတာ ၉-၉-၁၉၉၁ မှာရတယ်။ မှတ်ပုံ တင်တစ်ခုထဲမပြီးဘူး။ လုပ်ငန်းစတင်ခွင့်လက်မှတ်ဆိုတာ လျှောက်ရတယ်။ သူက တော်တော်ကြာတယ်။၅-၅-၁၉၉၂ မှရတယ်။ ကုမ္ပဏီမှတ်ပုံတင်ရုံးမှာတင် နှစ်ခုလျှောက်ရတယ်။ နောက်မှဗဟိုဘဏ်ကို ပြန်လျှောက် ခွင့်ပြုမိန့်ကျတော့ ဘဏ်ဖွင့်ပေါ့။ ဘဏ်တွေထဲမှာတော့ ပထမဆုံးလိုင်စင်ရတာပဲ။

MBF : Registration လုပ်ရတာ အခက်အခဲရှိသလို Investor ရှာရတာကော အခက်အခဲရှိပါ သေး သလား။ သူတို့က Awareness ရောရှိရဲ့လား။
————————-
Dr.SM : အခက်အခဲက ရှိတာပေါ့။ ခုနက ပြောသလို မြို့ကြီးတွေလျှောက်သွားပြီး လိုက်မေးရတာ။ Share ၀င် မလားဆိုပြီး လိုက်ပြီး Collecting လုပ်ရတာ။ သူက သတ်မှတ်ထားတဲ့ငွေ Amount ရမှ လိုင်စင် လျှောက် ရတာဆိုတော့ အခက်အခဲရှိတာပေါ့။
Awareness ကတော့မရှိဘူး။ တချို့ဆိုကြားတောင် မကြားဖူးဘူး၊ အဲဒီတော့ ဟောပြောပွဲတွေ လုပ်ပေးရတာပေါ့။ ဥပမာ မုံရွာဆိုရင် မုံရွာဟိုတယ်ပေါ့ အဲဒမှီာ ဟောပြောပွဲတွေ လုပ်ရတာပေါ့။ အဲဒီမှာ ဟော ပြောပွဲတွေ လုပ်ရတာပေါ့၊ အဲလိုရောက်တဲ့နေရာမှာ ဟောပြောပွဲတွေလုပ်ရတာ။ အဲလိုနည်းနဲ့ Investment တွေကို နည်းနည်းချင်းစီ Collect လုပ်ရတာပေါ့။ နောက်ဆုံးလိုအပ်တဲ့ ငွေပြည့်တဲ့အထိပေါ့၊ ပြည့်သွားတော့မှ ဗဟိုဘဏ်ကနေ လိုင်စင်ထုတ်ပေးတာပေါ့၊ အဲတုန်းက အခက်အခဲတွေက အများကြီးပဲ၊ အန်ကယ်က ကုမ္ပဏီ မှတ်ပုံတင်မရသေးပဲ လိုက်စည်းရုံးတော့ အတားခံရသေးတယ်။ အဲလေို တွပေါ့။

MBF:BankingSectorကနိင်ုငစံီးပွားရေးကိုဘယ်လုအိထောက်အကြူပုတယ၊်နိုင်ငစီံးပွားရေးနဲ့ ငွေရေးကြေးရေးကဏ္ဍ ဘယလိုဆက်နွယ်မှုရှိတယ်ဆိုတာ သိချင်ပါတယ်။
———————–
Dr.SM : ဘဏ်လုပ်ငန်းက ဘာလဲဆိုတော့ ပြည်သူလူထုဆီကနေ အပ်ငွေတွေစုဆောင်းပြီး လုပ်ငန်းရှင်တွေကို ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ ထုတ်ချေးတာ၊ အဲဒီတော့ ပုဂ္ဂလိကလုပင် န်းရှင်တွေ ကြီးပွားဖို့ဆိုရင် ဘဏ်ကနေ ချေးငွေတွေရဖို့လိုတယ်၊ အဲဒီလို ဆက်စပ်နေတယ်။

MBF:ခုမြန်မာနငိုငံကDevelopingCountryဆုေိတာ့ဘဏလ်ပုင်န်းတွေကနိုင်ငံခြားဘဏ် တွေလောက် Service တွေ၊ Function တွေက မစုံသေးဘူးလေ။ အဲဒီအပေါ်မှာက ဘယ်လိုလုပ်သင့်တယ်လို့ မြင်ပါသလဲ။ ရှေးတိုးချဲ့မယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး ပြောချင်တာရှိရင် သိပါရစေခင်ဗျ။
———————-
Dr.SM : အခုလုပ်နေတာတော့ အခြေခံဘဏ်လုပ်ငန်းပေါ့ ခနု ကပြောသလို အပ်ငွေလက်ခံတယ်၊ ငွေချေး တယ် နောက် ငွေလွှဲတယ်ပေါ့။ ဆိုရှယ်လစ်စနစ်နဲ့ အရင်အစိုးရလက်ထက်မှာ ချုပ်ချယ်မှုတွေက အများကြီးရှိ တယ်၊ စုငွေအပေါ်ပေးတဲ့ အတိုးနှုန်း၊ ချေးငွေအပေါ်ယူတဲ့ အတိုးနှုန်းတွေက ကန့်သတ်ချက်တွေရှိတယ်။ သူတို့ သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်ထဲကနေပဲ လုပ်ရတာဆိုတော့ တိုးချဲ့ဖို့ဆိုတာ ကိုယ့်စိတ် တိုင်း ကျ လုပ်လို့မရသေးဘူး၊ လုပ်စရာတွေကတော့အများကြီးပဲ။ လုပ်စရာက ခုနကပြောသလို Financial Product ဆိုရင်ဒါပဲရှိတယ်၊ Saving Remittance၊ နဲ့ Loan ပဲရှိတယ်။ ခုအခြေခံလိုအပ်ချက်တွေက ဘာလဲဆိုတော့ HR (Human Resources) ပေါ့။ အခုထိကို မလုံလောက်သေးဘူး။ နောက်တစ်ခုက ငွေအရင်းအနှီး၊ ကိုယ်တွေဆို ရင် Share ရောင်းပြီး ထူထောင်ရတာပေါ့၊ အန်ကယ်တို့စတုန်းက 1 billion ကျပ်နဲ့ စထောင်ခဲ့တာပေါ့။ ခုတော့ 30 Billion ကျပ်ကနေ 100 Billion ကျပ်ထိကို အရင်းအနှီးကို မြှင့်တင်လိုက်ပြီ။ 100 Billion ဆိုသည့် တိုင် အောင် ဒေါ်လာနဲ့တွက်ရင် 100 Million ပဲရှိတယ်။ ဒေါ်လာနဲ့တွက်ရင် 100 Million ပဲရှိတယ။် နောက် တစ်ခုက Technology/ ICT ပေါ့၊ အဲတာကတော့ အများကြီးဆွေးနွေးရမယ်။ အဓိကက နှစ်ပိုင်းပေါ့။ အခြေခံမြန်မာနိုင်ငံမှာ ICT infrastructure မရှိဘူး၊ Internet နဲ့ချိတ်ဖို့ဆိုသိပ်မလွယ်ဘူး။ Online ချိတ်ဖို့ကို
အန်ကယ်တို့က အဖြစ်ပဲလုပ်နေရသလိုဖြစ်နေတယ်။ ဘဏ်တွေမှာ ADSL တွေ တပ်မရတဲ့နေရာတွေမှာ IPster တပ် နောက်ရုံးချုပ်နဲ့ လှမ်းချိတ် ခုလောလောဆယ် အဆင်တော်တော်မပြေဘူး။ ခု Fiber Optic လိုင်း တစ် လိုင်း ရဖို့ကို တော်တော်ကြာတယ်။ နောင်နှစ်ကျလို့ ဖုန်းနှစ်ခ၀ု င်လာတဲ့ အခါကျရင်တော့ အဆင်ပြေမယ်မှန်း တယ်၊ SWIFT လုပ်မယ်ဆိုရင်လည်း အဲ့လငိုးရှိမှရမှာ။ ဒီကိစကလည်း Human Resource လိုပဲ တော်တော်လို တယ်။ တိုင်းပြည်ရဲ့ အခြေအနေက မဖွံ့ဖြိုးသေးတော့ တချို့ဟာတွေကို အလွယ်တကူလုပ်လို့ မရဘူးဖြစ်နေတယ်။ နောက် နိုင်ငံခြားဘဏ်လုပ်ငန်းဆိုရင် (၂) နှစ်တောင် မရှိသေးဘူး။ခုမှ လုပ်ပိုင်ခွင့်က ရလာတာဆို တော့။ အဲတော့ နိုင်ငံခြားက ဘဏ်တွေနဲ့ယှဉ်ရင် မယှဉ်နိုင်သေးဘူး။ သူတို့ကလည်း လာချင်နေပြီ။ အဲတော့ ဗဟိုဘဏ် ကလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ထားတယ်။ ဒကီ ဘဏ်အသေးတွေ ပြုတ်ကန်ုမှာစိုးလို့။

MBF : နောက်မေးခွန်းတစ်ခုအနေနဲ့ အခုခေတ်စားနေတဲ့ Foreign Banking တို့ Correspondent Banking တို့ အကြောင်းကိုလည်း သိချင်ပါတယ်။ ထိုထဲကမှ First Private Bank ရဲ့ ပါဝင်လှုပ်ရှားမှုများအကြောင်း ကို လည်း ရှင်းပြစေလိုပါတယ်။
————————
Dr.SM : Foreign Banking လုပ်မယ်ဆိုရင် နိုင်ငံခြားနဲ့ဆက်သွယ်တဲ့ Correspondent Bank ရှိကို ရှိရတယ်။ မနှစ်က September ကမှရတယ်လုပ်ကိုင်ခွငက့် ဘဏ်တွေကိုလည်း တစေ် ပြးညီမပေးဘူး။ ပေးတဲ့ဘဏ်ကိုပေး တယ်၊ မပေးတဲ့ဘဏ်ကိုမပေးဘူး၊ သူက အဆင့်ဆင့်စစ်ပြီး ပေးတာဆိုတော့ အန်ကယ်တို့ FPB က မနှစ်က စက်တင်ဘာလကမှ ရတယ်။ အန်ကယ်တို့ Correspondent Bank တွေက စင်ကာပူမှာရှိတယ်၊ ထိုင်းမှာရှိတယ်၊အိန္ဒိယမှာရှိတယ်၊ နောက် ၊ ဂျာမနီမှာရှိတယ်၊ Correspondent Bank အနေနဲ့ ချိတ်ထားတာ စင်ကာပူမှာဆိုရင် နာမည်ကြီးဘဏ်တွေနဲ့ ချိတ်ထားတာ UOB တို့ OCBC တို့၊ ဂျာမနီဆိုရင် Commerzbank စသဖြင့်ပေါ့ ထိုင်းမှာဆိုရင် Bangkok Bank ပေါ့။ အဲလိုတွေ ချိတ်ထားရတာပေါ့။ ဘာလို့လဲဆိုတော့ အဲလိုမ ချိတ်ထားဘူးဆိုရင် Foreign Banking လုပ်လို့မရဘူးပေါ့။ LC ဖွင့်မယ်၊ ငွေပို့မယ်ဆိုရင် ဟိုဘက်ဘဏ်နဲ့ ချိတ် ဆက်ပြီး လုပ်ရတာ။ အန်ကယ်တို့ဆီမှာ အဲလို Correspondent Bank အဆက်အသွယ်တွေကတော့ လုံလုံ လောကေ် လာက် ရှိနေပါပြီ။
MBF : ဘဏ်တစ်ခုရဲ့ Risk တွေက ဘာတွေရှိပါသလဲ။ First Private Bank အနေနဲ့ ထို Risk တွေကို ကငို် တွယ်ဖြေရှင်းဖို့ ဘယ်လို အစီအမံတွေရပှိါသလဲ။
Dr.SM : Risk ကတော့ Theory အရ ပြောရင် (၃) မျိုးရှိတယ်ပေါ့။
(၁) Operation Risk
(၂) Credit Risk
(၃) Market Risk
Operation Risk ဆိုတာ ဘယ်လိုမျိုးလည်းဆိုတော့ တချို့ဝန်ထမ်းတွေက အတွင်းအပြင်သိနေတာမျိုးဆို လိမ်နိုင်တာ၊ ပေါင်းပြီး ငွေထတ်ုတာမျိုးပေါ့။ အဲလိုလုပ်နိုင်တယ်ပေါ့။ နောက် Customer က ချက်လက်မှတ် အတု နဲ့ လာထုတ်တာမျိုး စသည်ဖြင့် လုပ်ငန်းမှာ ကြုံတွေ့ရတဲ့ Risk တွေပေါ့။ နောက်တစ်ခုက Credit Risk ငွေချေး ရင်ကြုံရမည့် အန္တရာယ်ပေါ့။ အန်ကယ်တို့ဆီမှာ က Record သိပ်ကောင်းတယ်။ ဘဏ်ဖွင့်ခဲ့တဲ့ တစ် လျှောက်လုံး မှာ အခုမှ ပြည်ဘက်မှာ Case တစ်ခုတက်တယ။် ဒါပေမယ့် ရုံးတင်ပြီးပြီ နိုင်လဲနိုင်ပြီးပြီ။ First Private Bank အနေနဲ့ Non Performing Loan (NPL) က မရှိသလောက်ကို နည်းတယ်။ ဒါကတော့ Credit Risk ပေါ့။ Market Risk အရကတော့ မြန်မာပြည်မှာက ငွေကြေးဈေးကွက်က မရှိသေးဘူး။ Stock တွေ၊ Bond တွေ မရောင်းကြသေးဘူးဆိုတော့ Invest လုပ်ဖို့ မလိုသေးဘူး။ အဲဒီတော့ အဲဒီဘက်ကနေလာတဲ့ Risk က နည်းသေးတယ်။ နောက်တစ်ခုက ဗဟိုဘဏ်ကနေ အတိုးနှုန်းကို Fixed လုပ်ထားသေးတယ်။ အကယ်၍သာ ဗဟိုဘဏ်က အတိုးနှုန်းကို လွှတ်ပေးလိုက်မယ်ဆိုရင် ဈေးကွက်အတိုင်း အတိုးကိုသတ်မှတ်ဖို့ ခွင့်ပြုလိုက်မယ် ဆိုရင်တော့ တစ်မျိုးပေါ့။ နောက်တစ်ခုက Foreign Exchange ပေါ့။ သူက ရောင်းတယ်၊ ၀ယတ် ယ်ဆိုတော့ Risk ရှိတယ်ပေါ့။

MBF : အန်ကယ် ခုနက ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံက အတိုးနှုန်းကို ဗဟိုဘဏ်က Fixed ထားတယ် ဆိုတော့ နိုင်ငံခြားမှာကော ဘယ်လိုရှိလဲမသိဘူး။
————————
Dr.SM : နိုင်ငံခြားမှာတော့ အထူးသဖြင့် ဖွံ့ဖြိုးတဲ့ တိုင်းပြည် တွေမှာ အဲဒီလိုမလုပ်ဘူးပေါ့။ တချို့တိုင်းပြည်လေးတွေမှာ ဘောင်လေးတွေ ထုတ်ပေးထားတယ်ပေါ့။ အဲဒီဘောင်လေးအတွင်းမှာ အတိုးနှုန်း သတ်မှတ်တာပေါ့။ တချို့ကျတော့လည်း Guideline ပေးထားတယ်။ ဒီမှာ ကတော့ စည်းမျဉ်းကိုဆွဲထားတာ စု ငွေ ၈) ကျပ်ထပ် ပိုမပေးရဘူး။ ချေးငွေကို (၁၃) ကျပ်ထပ် ပိုမယူရဘူး။ အဲဒီလိုပေါ့။ ဒါပေမယ့် အန်ကယ်တို့ ဘဏန်ဲ့ တစ်ခြားဘဏ်နဲ့မတူဘူး။ အနက် ယ်တို့က အများပိုင် ဘဏ်တစ်ပြည်လုံးမှာ အစုရှင် (၆,၇၀၀) လောက် ရှိတယ်။ အဲတော့ မမြတ်ရင် နှစ်ကုန်ရင် အမြတ်ဝေစုပေးလို့မရဘူး။ တစ်ခြားလူတွေကတော့ Holding Com – pany တွေ ထောင်ထားတာဆိုတော့ ဘဏ်က သူတို့ရဲ့ လုပ်ငန်းလေး တစ်ခုပဲ။ ဒီလုပ်ငန်းလေးက ငွေစုပြီး သူတို့ရဲ့ တခြားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုက်လို့ရတယ်ပေါ့။ အတိုး နှုန်းကလည်း အပြင်ကနေ ချေးတာ ထက်စာရင် သက်သာတာကို၊ အခုပြည်တွင်းမှာ ဘဏ်(၂၅) ဘဏ်ရှိသွားပြီ။ အဲတော့ Survive ဖြစ်အောင် ကြိုးစားနေကြရတယ်ပေါ့။ အန်ကယ်တို့ဆိုရင် ၁၉၉၂ ခုနှစ်က ဖွင့်တာ အခုဆိုရင် (၂၁)နှစရှ်ိသွားပြီပေါ့။ နှစ်စဉ် အမြတ် ဝေစုပေးနိုင်တယ်၊ မနက်ကပဲ ဆရာဝန်တစ်ယောက် အစ(ု ၅၀၀) ရှိပြီးသား ကို (၄, ၅၀၀) ထပ် ၀ယတ် ယ်။ အန်ကယ်တို့က ထိန်းရောင်းနေတာ ၀ယ်ချင်တဲ့လကူ အများကြီးဘဲ။ ဒီမှာကယုံကြည်ရတယ်၊ ခိုင်မာ တယ်ဆိုတာသိတော့ လာလာဝယ်ြကတယ။် အဲတော့ ထိန်းရောင်းနေရတယ်။ Share တွေရောင်းပြီးလို့ ၀င်ငွေ မရှာနငိုရ်င်အမြတ်ေပးလမို့ရဘူး။

MBF:FirstPrivateBankကအများပငိုကုမ္ပဏီဆိုတော့မြန်မာနိုငင်မှာံStockMarket ရှိလာတဲ့အခါမှာListလပုဖ်ို့အစီအစဥရှ်ိပါသလား။
—————
Dr.SM : ရှိတာပေါ့။ အန်ကယ်တို့ ပထမဆုံးဖြစ်မှာပဲ။ ဘာလို့လဲဆိုတော့ Stock Exchange တွေမှာ မှတ်ပုံတင် Listing Requirement ခေါ်တာပေါ့။ ဥပမာ Capital ဘယ်လောက်ရှိရမလဲ၊ အလုပ်သမား ဘယ်လောက်ရှိရမ လဲ၊ နောက် Investment ဘယ်လောက်ရှိရမလဲ အစရှိသဖြင့်ပေါ့။ အဲဒီဟာတွေအကုန်လုံး Qualify ဖြစ်ရမယ် ပေါ့။ အဲတော့ အန်ကယ်ထင်တယ်။ အဲလို ကုမ္ပဏီက သိပ်အများကြီးရှိမှာမဟုတ်ဘူး။ အန်ကယ်တို့ ချနိနေတာ က ၀င်မလား၊ မ၀င်ဘူးလားပေါ့။ ဒီမှာရောင်းတာက ထိန်းရောင်းလို့ရတယ်။ လူခေါ်တွေ့ပြီး ရောင်းတာဆိုတော့ Speculator လား၊ မှောင်ခိုလား၊ ငွေဖြူလား ကြည့်ပြီးတော့မှရောင်းတာ။ တချို့က Billion နဲချီ့ပြီး ၀ယ်ချင် တယ်။ အန်ကယ်တို့က မရောင်းဘူး။ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရောင်းတယ်။

MBF :အန်ကယ်ဆိုလုတိာStockMarketတင်လိက်ုရင်ထနိးချုပရ်ပခိုက်သွားမယ်ပေါ့။ အဲလိုဆိုလိုတာလား ခင်ဗျ။
———————–
Dr.SM : အင်း ဟုတ်တယ်။ ထိန်းရတာ မလွယ်ဘူးဖြစ်သွားမယ်။ ခုက Share ၀ယ်တာ၊ ရောင်းတာလုပ်ချင်ရင် ဒီကိုလာရတယ်။ Stock Market မှာ တင်လိုက်တယ်ဆိုရင် ပွဲစားကနေတစ်ဆင့် လက်ပြောင်းလက်လွှဲ လုပ်တာ က များသွားမယ်။ ကိုယ်ကသိလိုက်မှာ မဟုတ်ဘူး။ အဲလိုရှိတယ်။ ကိုယ်ကရောင်းထားတာက မောင်ဖြူ ဒါပေမယ့် ကြားထဲမှာက အဆင့်ဘယ်လောက်ဖြတ်သန်းသွားမလဲ မသိဘူး။ အဲဒီ Share က Speculator လက် ထဲရောက်ရင် ဈေးကစားမယ။် အခုဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေမှာ အဲဒီပြဿနာရှိတယ်။ Stock ဈေးတွေတက်တယ်၊ ကျတယ်ပေါ့။ နောက်အကြောင်းတစ်ကြောင်းပေါ်ရင် ရောင်လိုက်တာတို့၊ ၀ယ်လိုက်တာတို့နဲ့ ဈေးက အရမ်း ကစားတယ်။ ခု သူတဆိုီ့မှာ ဒါကရို င်ဆိုင်နေရတယ်။

MBF : FPB ရဲ့ (၈)ကြမိမြောက် အထူးအစည်းအဝေးနဲ့ (၂၂) ကြိမေ် မြာက် နစှ်ပတလ် ည် အစည်း အဝေးတွေ မှာ အန်ကယ်တို့ရဲ့ Authorized Capital ကို မြနမ်ာငွေကျပ် 30 Billion ကနေ 100 Billion ထိ တိုးမြငှ့်မယ်လို့ သဘောတူညီချက် ချမှတ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ထိုလုပ်ငန်းစဉ် အကောင်အထည်ဖော်တာ ဘယ်လို အခြေ အနေထိ ရောက်နေပါပြီလဲ။
—————————–
Dr.SM : ပထမအနေနဲ့က အစုရှင်တွေ ကသဘောတူရမယ်ပေါ့၊ သဘောတူညီချက်ရပြီးတဲအ့ ခါ ဗဟိုဘဏ်ကို တင်ပြရတယ်၊ ခုတင်ထားတယ်။ ပြန်မကျသေးဘူး။ အဲဒါပြီးရင် ရင်းနှီးမြှုပ်နှံမှုနှင့် မှတ်ပုံတင်ရုံးကို ပို့ရဦးမယ်။ သဘောတူမတူပေါ့၊ သူက သဘောတူတယ်ဆမှို အတည်ဖြစ်မှာ အတည်ဖြစ်မှ 30 Billion ထက်ကျော်တဲ့ Share ကိုရောင်းလို့ရတယ်။ အဲဒီလို အဆင့်ဆင့်သွားရတာပေါ့။ ခုကတော့ Share ရှင်တွေရဲ့ သဘောတူညီ ချက်ရပြီးသွားပြီ။ နောက်ဗဟိုဘဏ်ကို တင်ထားတယ်ပေါ့။ ပြန်မကျသေးဘူး။ နောက်တစ်ခုက ဗဟိုဘဏ်ကို မတင်ပြခင် ကုမ္ပဏီသင်းဖွဲ့စည်းမျဉ်းမှာလဲ 30 billion ကနေ 100 billion ကိုပြောင်းပေရမယ်ပေါ့။ ဒီမှာက နည်းနည်း Step များတယ်ပေါ့။ သူများတိုင်းပြည်မှာကတော့ ကိုယ့်အစုရှင်က သဘောတူလိုက်ရင် ပြီးသွားတာ ပေါ့။ ဒီမှာ တော့ မရဘူး။

MBF : အဲဒီကရပြီဆိုရင် Expansion က ဘယ်မှာ ထည်မှ့ာလဲခငဗ်ျ။
————————-
Dr.SM:Expansionအတွကဆိုရင်ေတာ့တိးုချဲ့မည့်အရင်းကပြည်တွင်းလက်ရှိလုပင်န်းအတွက်မလဘိုး။ ဒါပေမယ့် နောကဖ် က်စပေ် တွ၊ ဘာတွေလုပ်မယ်ဆိုရင် လိုမယ်။ အဲဒါကို မျှော်မှန်းပြီးတော့ လုပ်ထားတာ ပိုက်ဆံရှိတော့ ချဲ့လို့ရတာပေါ့။

MBF : နိင်ုငြံ ခားတိုင်း ပြည်တွေမှာ ဆုရိ င် အာဏာပိုင်တွေက တခြား Financial Services တွေဖြစ်တဲ့ Securities တ၊ို့ Insurance တ၊ို့ လပ်ုခွင့်တွေပေးထားတယ်။မြန်မာနိုင်ငံမှာရော နောင်ဒီထက်ကောင်းမွန်အောင် ဘယ်လိုဆောင်ရွက်သငပ့်ါသလဲ။
———————–
Dr.SM:ဒီမှာမြနမ်ာ့ငွေရေးကြေးရေးဥပဒေဆိုတာရှိတယ်။အဲဒီအထဲမှာလပုပ်ုငိခွင့်တွေပြဌာန်းထားတယ်။ ဥပမာဆိုရင်အနက်ယတ်ဆို့ရိုင်ရေ၀ွှယ်လို့မရဘူး၊လုပ်ပိုင်ခွင့်ပေးမယ်ဆိုရင်(၂၅)မျိုးလောက်ပေးလို့ရတယ်။ အခုအန်ကယ်တို့ကို ပေးထားတာက ငွေလက်ခံခွင့်၊ ငွေချေးခွင့်၊ ငွေလွှဲခွင့်တို့ပေါ့။ ဒါလေးတွေက လောလော ဆယ် ပေးထားသေးတယ်၊ နောက် Stock Exchange ပေါ်ရင် Share တွေ ရောင်းလ၀ို့ ယ်လို့ရလာမယ်ပေါ့။ အဲဒါတွေ လုပ်လို့ရလာမယ်။ ခုတော့ အကန့်အသတ်နဲ့ ပေးထားတာပဲရှိသေးတယ်။ ခုဘဏ်တော်တော်များ များက Card Business လုပ်နေပြီ၊ တို့လဲ Mobile Banking လုပ်ဖို့ စဉ်းစားနေတယ်။ ဗဟိုဘဏ်ကိုတောင် လျှောက်လွှာတင်လိုက်ပြီ၊ ဒါပေမယ့် Mobile Banking က ပြောတာသာလွယ်တာ၊ တောကလူတွေကို ဘဏ်နဲ့ ဆက်သွယ်ရတာ လွယ်သွားအောင်လုပ်တာ၊ ဘဏ်ကိုလာရတာ မလွယ်ဘူးလေ၊ Mobile ဖုန်းတွေကို သုံးပြီးတော့ ငွေအပ်မယ်၊ ငွေထုတ်မယ်၊ ငွေလွှဲမယ်ဆိုတော့ တောမှာဖုန်း Coverage က အရမ်းမရှိသေးဘူး။ တစ်ပြည်လုံး အတိုင်းအတာနဲ့တောင်မှာမှ အထူးသဖြင့် မြို့ကြီးတွေမှာ Telephone Density ၁၀ % ပဲ ရှိသေး တာ။ အဲဒါကိုထားဦး Mobile Banking လုပ်မယ်ဆိုရင် Software Company ကို Software အပ်ရမယ။် လိုတဲ့ Hardware တွေဝယ်ရမယ်။ နောက် Internet နဲ့ချိတ်လို့ရရင်တော့ ပိုကောင်းတာပေါ့။ နောက်နယ်မှာ ကိုယ်စား လှယ်တွေခန့်ရမယ်။ ဘာလို့လဲဆိုတော့ နယ်မှာရှိတဲ့ လယ်သမားတစ်ယောက် စီတိုင်းကို တန်းပြီးလုပ်လို့မရဘူး၊ ကြားထဲက Agent လိုတယ် သူကနေတာဝန်ယူရမယ်။ သူကတစ်ဆင့် ငွေအပ်မယ်၊ ငွေထုတ်မယ် ငွေလွှဲမယ် လုပ်ရမှာဆိုတော့ Agent တွေလိုတယ်၊ Software ရေးပေးတဲ့ ကုမ္ပဏီကလည်း MPT နဲ့ ညှိနှိုင်းပြီး သူတို့ခွင့်ပြု ချက် ယူရမယ်ဆိုတော့ အရမ်းတော့မလွယ်ဘူး။ အဲတော့ သမ္မတ ကြီးက ခိုင်းလို့သာ လိုက်လုပ်နေကြရတာ ထင်သလောက်တော့ မလွယ်ဘူး၊ ဒါပေမယ့် ဒါဖြစ်သွားရင်တော့ အရမ်းကောင်းသွားမှာ Online ကလည်း မရ သေးဘူးဆိုတဲ့ အခါမှာ Telecom infrastructure ပဲ ရနေသေးတော့ လူထုကလည်း ဖုန်းသုံးတတ်တယ်။ MPT ကလည်းစည်းမျဉ်းစည်းကမ်းတွေကို အရမ်းမတင်းကျပ်ဘူး ဆိုရင်တော့ လုပ်လို့ကိုင်လို့ရလာမှာပါ။ ဗဟိုဘဏ် ကလည်း သူ့စည်းမျဉ်း စည်းကမ်းတွေရှိတယ်။ သူက အားလုံးကိုပြန်စစ်တာ။ Money Laundering
တွေဖြစ်လာမှာ စိုးလို့ ခုနကပြောတဲ့ Security တွေ၊ Stock တွေ Share တွေရောင်းတာတွေက လုပ်နိုင်ရင် လုပ်ခွင့်ရရင်တော့ လုပ်စရာတွေကတော့ အများကြီးပဲ။

MBF : မြန်မာနငိုငံ ငွေရေးကြေးရေး ဥပဒေအရဆိုရင် Bank တွေက Security တွေရောင်းတာတွေက လုပ်လို့ ရတယ်ပေါ့။
——————–
Dr.SM:အင်းအဲဒီအထဲမှာတော့ရေးထားတယ်။ဒါပေမယ့်ဗဟိုဘဏ်ကလုပ်ပငိုခ်ွင့်ချမပေးသေးဘူး။တချို့ ဆို ရေ၀ွှ ယ်ပြီးတော့ ရင်းချင်တာပေါ့။ ဒါပေမယ့် မပေးသေးဘူး။ ခုငွေရေးကြေးရေး ဥပဒေမူကြမ်းအသစ်က First Draft ရောက်သွားပြီ။ အဟောင်း အရတော့ ဒါတွေလုပ်ပိုင်ခွင့်မရသေးဘူး၊ Market လည်း မရှိသေးတာ ပါတယ်။ Bond ထုတ်ရောင်းတာ အစိုးရပဲရှိတယ်၊ ဒီမှာ Corporation တွေ ဘဏ်တွေက Bond ထုတ်ရောင်း တာမှ မရှိသေးတာ။ Securities (Stock+Bond) အရောင်းအ၀ယ်ဆိုလုံးဝ မရှိဘူး။ ဒီ Bond တောင်မှ MSEC (Myanmar Securities Exchange Centre) ကဖြန့်တာပဲရှိသေးတယ်။

MBF : အန်ကယ်တို့က Senior Banker တွေဖြစသ်ွားပြီဆိုတော့ FPB အနေနဲ့ Succession Plan တွေ ရှိနေပြီလားမသိဘူး။
———————-
Dr.SM : အန်ကယ်တို့ လုပ်ထားတဲ့စနစ်လေးက ဘဏ်ခွဲဖွင့်တိုင်းဖွင့်တိုင်းမှာ ဒါရိုက်တာတစ်ယောက်ရှိရမယ်။ ဥပမာ မန္တလေးမှာ ဘဏ်ခွဲဖွင့်ရမယ်ဆိုရင် အဲ့ဘဏ်ခွဲအတွက် ဒါရိုက်တာတစ်ယောက်ပေါ့။ သူနဲ့တွဲလုပတ်ာက မြို့မျက်နှာဖုံးတွေ။ ဒီတော့ ဘဏ်ခွဲကြီးကြပ်ရေးကော်မတီတွေ ဖွဲ့ထားတယ်။ ဘဏ်ခွဲရှိတဲ့နားမှာ Bank Association Committee လေးတွေရှိတယ်။ သူ့ဘာသာသူ Automatic Run လုပ်နေတယ်။ ရုံးချုပ်မှာလည်း ဒါရိုက်တာ (၁၇)ယောက်ရှိတယ်။ တခြား Committee တွေအနေနဲ့ Risk Management ကော်မတီတွေရှိတယ် စသဖြင့် Committee တွေနဲ့ စနစ်တကျလုပ်ပါတယ်။ မြန်မာပြည်မှာ ဖြစ်လေ့ဖြစ်ထရှိတာက ခေါင်းဆောင် တစ်ယောက်မရှိရင် ပျက်သွားတယ်။ စနစ်မရှိဘူး။ FPB မှာက စနစ်ကလေးချထားတယ်။ ဒီတော့ အန်ကယ် မရှိရင်လည်း သူ့ဘာသာသူ ဆက်သွားလို့ရတယ်။ ရှေ့ကရပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်တော့ လိုတာပေါ့။ ဒါပေမယ့်
နောက်မှလာတဲ့သူက အရင်လူနဲ့တော့ ယှဉ်လို့ရချင်မှရမှာပေါ့။ စနစ်ချထားတဲ့အတွက် လုပ်ငန်းလညပ် တ်မှု (Operaion) ကတော့ ထုံးစံအတိုင်း ဆက်သွားနေမှာပါပဲ။

MBF:မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးကဏ္ဍကြီးတစ်ခလုးံနဲ့ခြုံကြညမ့်ယဆ်ရိုင်ကော၊လငူယမ်ျိုးဆက်သစ် Banker များအလုံအလောက် ရှိနေပြီလို့ ယူဆပါသလား။
———————–
Dr.SM : အခုမြန်မာနိုင်ငံဘဏ်များ အသင်းမှာ အန်ကယ်က ဒုတိယဥက္ကဌ အဲ့မှာ Education & Training တာဝန်ယူထားတယ်။ ဘဏ်အသင်း စတည်ထောင်ဖြစ်ကတည်းက အန်ကယ်တို့ပဲ ဦးဆောင်ပြီး စလုပ်ခဲ့တာ။ အဲ့မှာ အခြေခံသငတ် န်း (Banking Course) ဆိုတာရတှိ ယ်။ နောက် Diploma Course ရယ် စီးပွားရေးတက္က သိုလ်နဲ့ပေါင်းပြီး ဖွင့်ထားတဲ့ Master of Banking & Finance ဆိုပြီးရှိတယ်။ အဲ့ဒါတွေကို ဇောက်ချပြီး လုပ်ရ
မှာပေါ့။ တလောကပဲ နိုင်ငံခြားက အဖွဲ့အစည်းတစ်ခုနဲ့ MOU လက်မတှ်ထိုးတယ်။ သူနဲ့တွဲပြီး တော့ ဘဏ်တွေ မှာ လိုအပတ်ဲ့သင်တန်းတွေ တဖြည်းဖြည်းလပ်ုသွားမယ်။ တခြားအဖွဲ့အစည်းတွေက ကမ်းလှမ်း ထားတာတွေ ကိုလည်း စဉ်းစားနေပါတယ်။

MBF : မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး အခြေအနေတွေကို အကြမ်းဖျင်းသုံးသပ်ပေးစေလိုပါတယ်။ အဓိက Challenges တွေနဲ့ အဓိက Opportunities တွေက ဘယ်ဟာတွေ ဖြစ်နိုင်မလဲ။
————————–
Dr.SM : စီးပွားရေး အခြေအနေကတော့ အာရှမှာဆိုရင် တော်တော်အလှမ်းကွာသေးတယ်လို့ ပြောလို့ရမယ်။ တိုင်းပြည်ရဲ့ GDP ရော၊ လူတစ်ဦးချင်းစီရဲ့ ၀င်ငွေတွေရော တော်တော်အလှမ်းကွာသေးပါတယ်။ တိုးတက်မှု နှုန်းကို အစိုးရက ပြောတာကျတော့ (၆%)၊(၇%) လောက်ရှိတယ်ပြောတယ်။ ဒါပေမယ့် ဒီထက် တက်ဖို့ဆိုရင် (Natural Resources) သဘာဝသယံဇာတတွေကိုပဲ မှီခိုလို့မရဘူး။ အခြေခံတွေဖြစ်တဲ့ Human Resources၊ Institutional Capacity စတာတွေကို မြှင့်တင်ရမယ်။ နောက်တစခ်ုက ငွေအရင်းအနှီး (Capital)၊ Budget ဆို ရင် Deficit (လိုငွေ) ပြနေတယ်။ ကုန်သွယ်မှုဆိုရင်လည်း လိုငွေ (Deficit) ပြနေတယ်။ အဲ့တော့ အန်ကယ်တို့ ဘဏ်တစ်ခုချင်းစီ ရုန်းကန်နေရသလို (Struggle) တိုင်းပြည်ဆိုရင်လည်း တော်တော် Struggle လုပ်ရမယ်။ အခုဆိုရင် နိုင်ငံခြားကို ရင်းနှီးမြှုပ်နှံမှုတွေ အတင်းဖတိခေါ်နေတယ်။ အကောင်းတွေရှိသလို အဆိုးတွေလည်း ရှိလာနိုင်တဲ့အတွက် ကယိုက သတိထားရမယ်။ နောက်တစ်ခုက နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) လုပ်ရင်မဆိုးဘူး။ ငွေချေးပြီးလုပ်မယ်ဆိုရင်တော့ ပြန်ဆပ်နိုင်၊ မဆပ်နိုင် တစ်ချကစ် ဉ်း စားရမယ်။ ခုတောင်မှ အကြွေးလျော်ခိုင်းရတာတွေ ရှိနေတယ်။ အလားအလာကတော့ တော်တော်လေး ကောင်းတယ်။ မူတွေကလည်းချမှတ်ပြီးနေပြီ။ လက်တွေ့အကောင်အထည်ပေါ်လာနိုင်ဖို့ ကတော့ အင်အား စိုက်ထုတ်ရလိမ့်မယ်။ အခွင့်အလမ်းတွေအနေနဲ့ကတော့ လူတစ်ယောက်ချင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်၊ Transfer of Technology တွေဖြစ်လာမယ်၊ တစ်နိုင်ငနဲံ့တစ်နိုင်ငံ အလွယ်တကူ ရောင်းဝယ် သွားလာနိုင်မယ်။ နိုင်ငံရေးအခြေအနေတွေ ဒီထက် တည်ငြိမ်မှုရလာရင်တော့ အခွင့်အလမ်းတွေလည်း ပိုပြီးရရှိလာနိုင်ပါတယ်။
MBF : FPB အတွက် ၂၀၁၃ ခုနှစ်ကို Review ပြန်လုပ်ရရင် ဘယ်လိုနှစတ် စ်နစှ်ဖြစမ် ယလို့ ထငပ်ါသလဲ။
Dr.SM : အန်ကယ်တို့ အမြတ် Target တွေလည်းမှီတယ်။ အမြတ်ဝေစုလည်း ပုံမှန်ဝေပေးနိုင်တယ်။ တစ်ဖက် ကလည်း အရင်းအနှီး (Share) တွေ အများကြီးတိုးလာတဲ့အတွက် ရှယ်ယာရှင်တွေကို အမြတ်ဝေစု ဝေပေးနိုင် ဖို့ ၀င်ငွေပိုရှာရတယ်၊ အမြတ်ပိုရှာရတယ်။ တစ်ခုလုံးကိုခြုံပြီး သုံးသပ်ရမယ်ဆိုရင်တော့ ကျေနပ်မှု ရှိပါတယ်။ ဘဏ်က ပိုပြီးခိုင်မာလာတယ်၊ ပြည်သူတွေရဲ့ ယုံကြည်မှုပိုပြီးရှိလာတယ်။ ပိုပြီးတောင့်တင်းလာပါတယ်။

MBF : မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ Authority တွေပိုင်းက ဘယ်လိုပြုပြင်ပြောင်း လဲမှုတွေ လုပ်ပေးသင့်တယ်။ အများပြည်သူတွေအပငိုးကရော ဘယ်လိုပူးပေါင်းပါဝင် သင့်တယ်လို့ ထင်ပါသ လဲ။
—————————
Dr.SM : ခုနကပြောခဲ့သလိုပဲပေါ့။ ဗဟိုက ချုပ်ကိုင်မှုတွေများတယ်။ အဲဒါတွေကို ဖြေလျှော့ပေးဖို့လိုတယ်။ အသေးစိတ် ၀င်မရှုပ်ဖို့လိုတယ်။ နောက်တစ်ခုက ဘဏ်တွေရဲ့လုပ်ပိုင်ခွင့်တွေကို တိုးချဲ့ပေးဖို့လိုပါတယ်။ အစိုးရ ဘဏ်က ၀ိုင်းဝန်းကူညီပေးမှုတွေ၊ မြေတောင်မြှောက်ပေးမှုတွေ လိုတာပေါ့။
အများပြည်သူတွေကိုတော့ သွားပြီး အပြစ်တင်လို့မရဘူး။ ဘဏ်တွေကသာ ပြည်သူလူထုကို ဘယ်လို ၀န်ဆောင်မှုတွေ (Service) ပေးနိုင်မလဲဆိုတာ စဉ်းစားရမယ်။ ယုံကြည်အားကိုးလို့ရတဲ့ ဘဏ်တွေ၊ ၀န်ဆောင် မှုကောင်းတဲ့ ဘဏ်တွေဆရို င်တော့ အများပြည်သူကလည်း များများ Respond လုပ်လာကြမှာပါ။

MBF : နောက်ဆံုး အနေနဲ့ Personal မေးခွန်းလေးတစ်ခု မေးချငပ်ါတယ။် အန်ကယအ် နေနဲ့ အကယ်၍သာBankingSectorမှာအသက်ေမွးဝမ်းကျောင်းမပြုမိခဲရ့င်ဘယ်အပုငိးမှာဝင်ရောကလ်ုပ်ကိုင်ြဖစ်မယ်လို့ ထငပ်ါ သလဲ။
—————————–
Dr.SM : အန်ကယ် Career က ခုကပြောခဲ့သလို စီးပွားရေးတက္ကသိုလ်ကစခဲ့တာ။ နောက်ဘဏ္ဍာရေး ၀န်းကြီး ဌာနမှာ Deputy Secretary အဖြစ်လုပ်ခဲ့တယ်။ နောက် IMF တို့မှာ လုပ်ခဲ့တယ်။ အကယ်၍သာ FPB ကို မတည်ထောင်ဖြစ်ဘူးဆိုရင် အစိုးရအလုပ်ပဲ လုပ်ဖြစ်မယ်လို့ပဲ ထင်ပါတယ်။ Bureaucrat တစ်ယောက်အနေနဲ့ပဲ ပြီးသွားမှာပေါ့။ ဒါပေမယ့် အခု ကိုယ့်ကိုယ်ပိုင်လုပ်ငန်းလုပ်သလိုတော့ စိတ်ချမ်းသာရလိမ့်မယ်မထင်ဘူး။
Myanmar Banking & Finance Magazine

Leave a Reply

Your email address will not be published. Required fields are marked *