စီးပွားရေးလုပ်ငန်းတွေမှာ ဈေးကွက်သဘောတရားအရ Supply နဲ့ Demand သဘော တရားကို သေချာစွာနည်းလည်သဘောပေါက်ကြဖို့ လိုအပ်တယ်။ စာရေးသူတို့နိုင်ငံမှာ မဆလခေတ် က ဆိုရှယ်လစ်စီးပွားရေးစနစ် ကျင့်သုံးလုပ်ဆောင်ခဲ့တယ်။ အဲဒီမှာခွဲတမ်းစနစ်နဲ့ ၀ယ်ယူကြရတယ်၊ ခေတ်ကာလအရ ငွေဖောင်းပွမှုမရှိသေးတော့ အများပြည်သူတွေက စားရေး၊ ၀တ်ရေး နေရေးဆိုတဲ့ အရေး ၃ ပါးမှာ မသိသာခဲ့ဘူး။

သို့ပေမယ့် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ မြန်မာလို ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ပေါ်ပေါက်လောရေး၊ အင်္ဂလိပ်လို Proper evolution of the market-oriented Economy လို့ market- oriented ဆိုတာ သုံးလိုက်တာကြောင့် ဈေးကွက်က ထိန်းချုပ် စီးပွားရေးစနစ် ဖြစ်ထွန်းလာ ခဲ့တယ်။

အစိုးရကိုယ်တိုင်က ဈေးကွက်ကို ထိန်းချုပ်လုပ်ဆောင်မှုတွေကနေ သူများနိုင်ငံမှာ အခမဲ့ပေး တဲ့ Sim card တွေကို ၁၅ သိန်းနဲ့ရောင်းတယ်၊ တစ်ခါဈေးကွက်ကို ထိန်းလိုက်ပြန်တာကြောင့် ပြင်ပ မှောင်ခိုဈေးကွက်မှာ Sim card တစ်ခုက သိန်း ၄၀ ကျော် ဖြစ်လာခဲ့တယ်၊ မော်တော်ကားတွေကို လည်း ပါမစ်နဲ့ ထိန်းချုပ်ရောင်းချတာကြောင့် ဂျပန်နိုင်ငံမှာ မြန်မာငွေ ၁၅ သိန်းလောက်သာရှိတဲ့ မော်တော်ကားဈေးက မြန်မာနိုင်ငံမှာ သိန်းထောင်ဂဏန်းအထိ ဖြစ်သွားခဲ့တယ်၊ အာဏာရှိသူတွေနဲ့ အလျင်းသင့်လို့ မော်တော်ကားပါမစ် ၁၀ စောင်လောက်ရရင် ထောသွားတယ်၊ အဲဒီခေတ်မှာ ခရိုနီတွေ ပေါ်လာတယ်၊ ပေါင်းစားခေတ်လို့လည်း ဆိုကြတယ်။
၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နောက်ပိုင်းက စတင်ပြီး Good Governance, Clean Government ဆိုတဲ့ ကြွေးကြော်သံနဲ့ ဒီမိုကရေစီခရီးကို စတင်ခဲ့တယ်။ သို့ပေမယ့် မပီပြင်တဲ့ ဈေးကွက် ထိန်းချုပ်မှုတွေကနေ အကျင့်ပျက်ခြစားနိုင်စေမှုကို အားပေးရာရောက်ပြီး သမ္မတကြီးပြော တဲ့ Clean Government ကို မှေးမှိန်စေခဲ့တယ်။ Free Market Economy လို့ခေါ်တဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးမှာ Government intervention လို့ခေါ်တ့ အစိုးရရဲ့ ၀င်ရောက်စွက်ဖက်မှုက ကင်းရှင်းစေပြီး ဘောလုံးပွဲမှာ ဒိုင်လူကြီးလုပ်သူက ဘောလုံးသင်းမှာ ၀င်ရောက်ကစားသူအဖြစ် မပါဝင်ရဘဲ အပြစ်ရှိတဲ့သူတွေကို အပြစ်ပေးရသူအဖြစ်သာ ပါဝင်ရတာဖြစ်တယ်။ အလားတူ နိုင်ငံအစိုးရတွေကလည်း နိုင်ငံရဲ့ စီးပွားရေးမှာ ပါဝင်ပတ်သက်မှုမရှိစေရဘဲ ဒိုင်လူကြီးလို့သာ ရပ်တည် ကြရမှာဖြစ်တယ်။
Supply နဲ့ Demand သဘောတရားမှာ Supply ကို ထိန်းချုပ်လိုက်ရင် ကုန်ပစ္စည်းဈေးတွေ တက်လာမှာဖြစ်တယ်။ Supply နဲ့ Demand မျှနေရင် ဈေးကွက်တည်ငြိမ်နေမှာဖြစ်တယ်။ ၆-၂-၂၀၁၄ နေ့ထုတ် စံတော်ချိန်သတင်းစာမှာ ရုံးခွန်နဲ့ တံဆိပ်ခေါင်းခွန်များ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ၀ယ်ယူနိုင်ပြီဆိုတဲ့ သတင်းဖတ်ရတယ်။ တစ်ဦးကိုမှ နှစ်ထောင်နှုန်းသာ ရောင်းချပေးတာကြောင့် မှောင်ခိုဈေးကွက် ပေါ်ပေါက်လာစေတာဖြစ်တယ်။ ဒါက နိုင်ငံတော်အတွက် ငွေရစေမယ့် အခွန် တံဆိပ်ခေါင်းတွေကို ဘာကြောင့် ထိန်းချုပ်ရောင်းချနေတာလဲဆိုတာ စဉ်းစားလို့မရဘူး၊ Supply ကို ထိန်းချုပ်လိုက်ရင် ပြင်ပမှောင်ခိုဈေးကွက် ပေါ်လာစေမှာဖြစ်တယ်။ လွတ်လပ်စွာ ၀ယ်ယူနိုင်အောင် ဈေးကွက်ကို နေရာတိုင်းမှာ ဖွင့်ပေးဖို့လိုတယ်။
နိုင်ငံတော်ကနေ လစဉ်ရောင်းချပေးနေတဲ့ Simcard တွေမှာလည်း ဈေးကွက်ထိန်းချုပ်မှုတွေ ရှိနေတာကြောင့် အပြင်ဈေးကွက်မှာ ဈေးတွေမြင့်တက်နေတယ်။ အခြေခံလူတန်းစားတွေရဲ့ စားဝတ် နေရေးကို နိုင်ငံတော်ကနေ အဆင်ပြေအောင် ဖြည့်ဆည်းလုပ်ဆောင်ပေးနိုင်ဖို့ Supply နဲ့ Demand က အရေးပါနေတယ်။
Free Market Economy နဲ့အညီ ဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ အကျင့်ပျက်ခြစားမှုတွေ လျော့နည်းပပျောက်သွားအောင် လုပ်ဆောင်ဖို့အရေးကြီးတယ်။ ဈေးကွက်ကို နိုင်ငံတော်ကနေ ကိုယ်တိုင်ထိန်းချုပ်လိုက်တာက အကျင့်ပျက်ခြစားမှုကို အားပေးရာရောက်နေတယ်။ နေ့စဉ်ထုတ် သတင်းစာတွေနဲ့ အပတ်စဉ်ထုတ် ဂျာနယ်တွေကို ဖတ်ရှုရင်း နိုင်င့တော်ရဲ့ ပကတိ ပစ္စက္ခအခြေအနေ ကို မီးမောင်းထိုးပြနေတယ်ဆိုတာ တွေ့ရမှာဖြစ်တယ်။
ပုဂ္ဂိလိကကဏ္ဍမှာ နိုင်ငံတော်ပိုင်းအနေနဲ့ ၂၀၁၅ မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ပေါ်ပေါက် လာရမယ့် အပိုင်းဖြစ်တဲ့ AFTA လို့ခေါ်တဲ့ အရှေ့တောင်အာရှ နိုင်ငံတွေအတွင်း လွတ်လပ်တဲ့ ကုန်သွယ်မှုဧရိယာ ဖြစ်ထွန်းပေါ်ပေါက်လာတော့မယ်၊ ASEAN Economic Community ခေါ်တဲ့ အာဆီယံစီးပွားရေး အသိုက်အ၀န်း ထူထောင်ကြရတော့မယ်၊ Securities လို့ခေါ်တဲ့ ငွေကြေး သက်သေခံလက်မှတ်တွေ ရောင်းဝယ်ရေးဈေးကွက်လည်း ပေါ်ပေါက်လာရတော့မယ်၊ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်လည်း ၂၀၁၅ မှာ အာဆီယံအလှည့်ကျ သဘာဝပတိတာဝန်ယူ ဆောင်ရွက်တာ လည်း လုပ်ရတော့မယ်၊ Securities Exchange Trading ကို ချေးငွေသက်သေခံလက်မှတ်များ ရောင်းဝယ်ရေးလို့သုံးပြီး ဥပဒေထုတ်ထားတာကလည်းလွဲနေတယ်။ စတော့ရှယ်ယာဈေးကွက်က အတိုးပေးတာမဟုတ်လို့ ချေးငွေအဖြစ် သုံးလိုက်တာကမှားနေတယ်။ စတော့ရှယ်ယာဈေးကွက်မှာ လည်း Listed Public Company လို့ခေါ်တဲ့ စတော့တွေထုတ်ရောင်းခွင့်ရှိစေမယ့် အများပိုင်ကုမ္ပဏီ တွေက Securities Exchange Commission မှာ Listed Public Companies တွေ ဖြစ်အောင် လျှောက်ထားကြရမယ်၊ အဲဒီမှာ SEC အဖွဲ့မှာ ပါဝင်မယ့်သူတွေကလည်း သမာသမတ်ရှိသူတွေ ဖြစ်ဖို့ လိုအပ်တယ်။ နိုင်ငံတစ်နိုင်ငံမှာ အများပိုင်ကုမ္ပဏီတွေ များများပေါ်လာပါမှ နိုင်ငံတိုးတက်မယ်၊ အလားတူ စတော့အိတ်ချိန်းဈေးကွက် ပီပီပြင်ပြင် ပေါ်ပေါက်လာပါမှလည်း မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု တွေ ဖြစ်လာပြီး နိုင်ငံတိုးတက်လာစေမှာဖြစ်တယ်။ ထင်သာမြင်သာရှိတဲ့ Securities Market က နိုင်ငံ အတွင်း ပွင့်လင်းပြီး ထင်သာမြင်သာ ဖြစ်ထွန်းပေါ်ပေါက်လာဖို့ လိုအပ်တယ်။
sdp
လူတစ်ဦးချင်းစီမှာ မှန်ကန်တဲ့ Supply နဲ့ Demand အမြင်တွေရှိဖို့ လိုအပ်တယ်။ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေ များများဖြစ်ထွန်းပေါ်ပေါက်ပါမှ နိုင်ငံနဲ့နိုင်ငံသားတွေ အကျိုးရှိစေမှာဖြစ်တယ်၊ နိုင်ငံရဲ့ထိပ်ပိုင်းနေရာတွေမှာ ပါဝင်လုပ်ဆောင်ကြရမယ့် သူတွေအနေနဲ့ ငွေကြေးဆိုင်ရာ သဘောတရားတွေဖြစ်တဲ့ GDP ၊ GNP ၊ CPIs ၊ Return on Investment ၊ PPP စတဲ့ သဘောတရား တွေ မှန်ကန်တဲ့ သိမြင်ဖို့လိုအပ်တယ်။ ဟိုတစ်ချိန်က UMFCCI နှစ်ပတ်လည် အစည်းအဝေးတစ်ခုမှာ အဲဒီအချိန်က ကုန်သွယ်ရေးဝန်ကြီးပြောသွားတာ ပြန်အမှတ်ရမိတယ်၊ သူကကျွန်တော်တို့နိုင်ငံမှာ လူတစ်ဦးချင်းစီရဲ့ တစ်နှစ်ဝင်ငွေ GDP က တစ်သိန်းခွဲရှိပါတယ်ဆိုတာ ကြားခဲ့ရဘူးတယ်။ GDP နဲ့ Per Capita Income ကို ခွဲခွဲခြားခြားမသိလို့ ပြောသွားတာပါ၊ နိုင်ငံတွေမှာရှိတဲ့ GDP တန်ဖိုးကို အဲဒီ နိုင်ငံရဲ့ လူဦးရေးနဲ့စားပါမှ လူတစ်ဦးချင်းရဲ့ ၀င်ငွေရရှိမှာဖြစ်တယ်။
ဟိုယခင်ကာလမှာ လူတွေကို အသိဥာဏ်တွေတုံးအောင်၊ ကြောက်စိတ်တွေဖုံးအောင်၊ ဆင်းရဲ တွင်းနက်အောင် လုပ်ခဲ့တာတွေက စာရေးသူတို့နိုင်ငံကို အောက်ဆုံးအဆင့် ကျဆင်းစေခဲ့တာ ဖြစ်တယ်။
စာရေးသူတို့နိုင်ငံမှာ ငွေကြေးဓနအင်အားတွေ ကောင်းလာအောင် ဖြည့်ဆည်းပေးဖို့၊ အသိဥာဏ်ပညာစွမ်းအားတွေ မြင့်မားတိုးတက်လာစေဖို့ ပညာရေးကဏ္ဍမြင့်မားအောင် ဖြည့်ဆည်း ပေးနိုင်ဖို့၊ လုပ်ဆောင်ချက်တွေကို မှန်ကန်စွာ သတ္တိရှိရှိ ရဲရဲတင်း လုပ်ဆောင်နိုင်စေမယ့် သတ္တိ စွမ်းအားတွေ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်တယ်၊ ဒါမှနိုင်ငံရဲ့ နိုင်ငံသားတွေရဲ့ တောင်းဆိုမှု လိုအပ်ချက် (Demand) ကို ပီပီပြင်ပြင် ဖြည့်ဆည်းပေးနိုင်စေမှာ ဖြစ်ကြောင်းပါ။ ZTK

Leave a Reply

Your email address will not be published. Required fields are marked *