ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ရံပုံငွေ တစ်ခုဖြစ်ပြီး စတော့ရှယ်ယာများ၊ ငွေကြေးလုံခြုံမှုဆိုင်ရာ လုံခြုံရေးစာချုပ်များ နှင့် ငွေကြေးဈေးကွက်များတွင် ရင်းနှီးမြုပ်နှံရန် အတွက် ရင်းနှီးမြုပ်နှံသူများ က စုပေါင်းကာ ရင်းနှီးထားသော ရံပုံငွေတစ်ခုဖြစ်သည်။ Mutual Funds များကို ငွေကြေး မန်နေဂျာများက စီမံခန့်ခွဲလေ့ ရှိကြပြီး သူတို့သည် Funds ၏ ငွေကြေးများကို မည်သည့်နေရာတွင် ရင်းနှီးမြုပ်နှံမည် ကို စီမံခန့်ခွဲ ကြပြီ ထိုရင်းနှီး မြုပ်နှံ မှုမှ တဆင့် Mutual Fund များတွင် ရင်းနှီးမြုပ်နှံထားသူများ ကို အကျိုးအမြတ်ရရှိအောင်ဆောင်ရွက်ပေးသည်။

Mutul င်္Funds များတွင်ရင်းနှီး မြုပ်နှံထားခြင်းဖြင့် ရရှိနိုင်သောကောင်းကျိုးများမှာ ပမာဏ အနည်းငယ်သာ ရင်းနှီးမြုပ်နှံ လိုသူများ ကို ရင်းနှီးမြုပ်နှံထားသော ပမာဏ ထက်များသော ငွေကြေးဆိုင်ရာစာချုပ်များနှင့် ပိုင်ဆိုင်မှုများကို စီမံနိုင်ခွင့်ရရှိစေခြင်းဖြစ်ပြီး ပုံမှန် အားဖြင့် ထိုအခွင့်အရေးကို ပမာဏ အနည်းငယ်သာ ရင်းနှီးမြုပ်နှံသူများက ရရှိလေ့မရှိပေ။ ဤရံပုံငွေတွင်ပါဝင်သူများသည် ရင်းနှီးမြုပ်နှံမှုမှရရှိသော အရှုံးနှင့် အမြတ်များကို တူညီစွာခံစားကြသည်။ ဤရံပုံငွေ၏ ရှယ်ယာများကို ပုံမှန် အားဖြင့်ရောင်းဝယ်နိုင်ပြီး ရရှိလာသောအမြတ်များကိုခံစားနိုင်သည်။ထို့အပြင် လက်ရှိရှယ်ယာပေါက်ဈေးအတိုင်း လည်းငွေပြန် အမ်းယူနိုင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *