
စာဖတ်သူတို့ BRICs ဆိုတာ ကြားဖူးနေကြဖြစ်မှာပါ။ ကမ္ဘာ့ထိပ်သီး သူကြွယ်တွေအဖို့ရော ထို သူများရဲ့ ပိုင်ဆိုင်မှုကို တိုးပွားအောင်ဆောင်ကြဉ်းပေးနေကြတဲ့ Wealth Managers များ အဖို့ကတော့ BRICs ဟာ အဖိုးမဖြတ်နိုင်တဲ့ သားရတနာလေး တစ်ပါးပါပဲ။ ယခုအခါမှာတော့ Next 11 ဆိုတဲ့ ကလေးငယ် တစ်ယောက်ပေါ်ထွန်းလာပါပြီ။ အတိုတောက် N-11 လို့ခေါ်တဲ့ နာမည်အောက်မှာ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မက္ကဆီကို၊ နိုင်ဂျီရီးယား၊ ပါကစ္စတန်၊ ဖီလစ်ပိုင်၊ တူရကီ၊ တောင်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံ စတဲ့ စီးပွားရေး ထွန်းသစ်စ နိုင်ငံများပါဝင်ပါတယ်။ ထိုနိုင်ငံများဟာ BRICs ပြီးရင်တော့ အလားအလာအကောင်းဆုံးနိုင်ငံများ လို့ မှတ်ယူလို့ရပါတယ်။ N-11 ထဲကမှ MIKT (မက္ကဆီကို၊ အင်ဒိုနီးရှား၊ […]