
“An Investment in knowledge pays the best interest” Benjamin Franklin ဒါကတော့ အမေရိကန်ပြည်ထောင်စုရဲ့ တည်ထောင်သူဖခင်ကြီးများထဲမှ Benjamin Franklin ပြောခဲ့တဲ့စကားလေးပါ။ သူ့ရုပ်ပုံကို အမေရိကန်ဒေါ်လာ(၁၀၀)တန်ပေါ်မှာ ကျွန်တော်တို့ မြင်ဖူးနေကြဖြစ်မှာပါ။ ဆောင်ပုဒ်ကလေးကိုတော့ မူရင်းအတိုင်း စာဖတ်ပရိသတ်တွေ ဖတ်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ အဲဒီဆောင်ပုဒ်အတွက် ကျွန်တော်နားလည်တာက တော့ `ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်တော့မယ်ဆိုရင် သင့်ကိုသင် အရင်ဆုံး သင်ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုအကြောင်း နားလည်အောင်ကြိုးစားသင့်ပါတယ်။ ဘယ်ရင်းနှီးမြှုပ်နှံ မှုကိုမှ ဆုံးဖြတ်ချက်မချခင် လိုအပ်တဲ့စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ပါ၊ လေ့လာပါ၊ စီစစ်ပါ´ဟူ ၍ဖြစ်ပါသည်။ ဒီတော့ Benjamin ပြောခဲ့တဲ့စကားကို ထောက်ခံတဲ့အနေနဲ့ရော၊ စာဖတ်သူများကို တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု (Value Investing) အကြောင်းတွေကို ဗဟုသုတများ မျှဝေလိုတဲ့အနေနဲ့ရော၊ […]