လက်ခုပ်ထဲကရေမဟုတ်ပါ…

“လက်ခုပ်ထဲက ရေဖြစ်သောကြောင့် သွန်လိုသွန်၊ သောက်လိုသောက်၊ မှောက်လိုမှောက်ထားနိုင်သော်လည်း၊ ပညာရေးသည် ရေမဟုတ်သောကြောင့် လက်ခုပ်ထဲတွင် ချယ်လှယ်လို့မရသော သဘောလည်းရှိသည်။ ” တစ်နည်းအားဖြင့် ပညာရေးကို အစိုးရလက်ထဲတွင် ထားမှာလား၊ ပုဂ္ဂလိကတို့လက်ထဲတွင် ထားမှာလားဟူသော မေးခွန်းများ မေးခံရလေ့ရှိသည်။ အကောင်းဆုံးက ပညာရေးကို မည်သူ့လက်ထဲတွင်မှ မထားသည်ကား အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း ပညာရေးကို အစိုးရမှ တာဝန်ယူရမည်ဖြစ်သော်လည်း အစိုးရနှင့် မပြီးသောပညာရေးလည်းဖြစ်သည်။ အစိုးရရော၊ ပုဂ္ဂလိကပါ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကောင်းသည့်အချက်များလည်းရှိသလို၊ အားနည်းသည့်အချက်များလည်းတွေ့ရမည်။ သို့သော်လည်း အကျိုးအကြောင်း၊ အဆိုးအကောင်းများ နှိုင်းနှိုင်းချိန်ချိန်လုပ်ပြီး ပူးပေါင်းအကောင်အထည်ဖော်ရသည်ချည်းဖြစ်သည်။ အစိုးရချည်းသာတာဝန်ယူဆောင်ရွက်ရမည်။ ပုဂ္ဂလိကတို့သာ လုပ်ကိုင်သည့်သည်ဟူသော လှေနံဓားထစ်၊ တရားသေသဘော လုပ်ဆောင်လို့မရသော ကဏ္ဍတွင် ပညာရေးကဏ္ဍပါဝင်သည်။ ပညာရေးသည် ဈေးကွက်တစ်မျိုးဖြစ်သည်။ ဈေးကွက်ဟုပြောလိုက်သောကြောင့် စီးပွားဖြစ်ရန်၊ အမြတ်အစွန်းရရန်ဟူသော […]

သင်္ကြန်နှင့်အာမခံ

သင်္ကြန်ကျခါနီးတော့ ပိတောက်တွေလဲဖူးကြပြီ၊ သင်္ကြန်မိုးလေးတပြိုက်နှစ်ပြိုက် ရွာပြီးရင်တော့ တစ်ပင်လုံးဝါထိန်နေအောင် ပွင့်ကြလိမ့်မည်။ သင်္ကြန်တွင်းတွင် နိုင်ငံတော်အစိုးရမှ အားလပ်ရက်တွေ ခွင့်ပြုပေးထားတဲ့အတွက် ထိုပိတ်ရက်ကို ကြိုမျှော်ပြီး လူတိုင်း စိတ်ကူးယဉ်တတ်ကြသည်။ ပိတ်ရက်ရှည်တွင် ဘုန်းကြီးဝတ်မည်။ သီလရှင်ဝတ်မည်၊ တရားစခန်းဝင်မည်၊ မဏ္ဍပ်ထိုင်မည်၊ ရေလည်ထွက်မည်၊ မြန်မာနိုင်ငံထဲမှာ လည်ရတာရိုးနေလို့ စင်္ကာပူ၊ထိုင်း၊ ဟောင်ကောင် စသည်ဖြင့် အလည်အပတ်သွားမည်ဟု စိတ်ကူးယဉ်ကြသည်။ ယဉ်တဲ့စိတ်ကူးကိုလဲ အကောင်အထည်ဖော်ဖြစ်အောင် ကြိုးစားကြတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ (၁၂) လလုံး ရာသီပွဲတော်များ ရှိကြသည်။ ကမ္ဘာမှာ မည်သည့် နိုင်ငံမှ (၁၂) လရာသီ၊ တစ်နှစ် (၁၂) ပွဲ အနည်းဆုံးဆိုတာ မရှိကြသေးတဲ့။ ဒါကြောင့်လည်း မြန်မာကို ကမ္ဘာက သိတာကိုး၊ ထို(၁၂) လရာသီပွဲများတွင် တန်ခူးလတွင် ကျင်းပသော ရေသဘင်ပွဲက […]

စီးပွားရေးလုပ်ငန်းသစ်များ ကျရှုံးစေသည့် ယေဘုယျအကြောင်းရင်း (၄) ချက်

စီးပွားရေးလောကတွင် လုပ်ငန်းသစ်များသည် အရေးပါသောနေရာတွင် ပါဝင်ပြီး တီထွင်ကြံဆနိုင်မှုနှင့် မှန်ကန်သောဆုံးဖြတ်ချက် ချနိုင်မှုတို့ ပေါင်းစပ်လိုက်သောအခါ ၎င်းတို့ကိုအောင်မြင်စွာ ကိုင်တွယ်နိုင်ပါလိမ့်မည်။ သို့သော်လည်း လုပ်ငန်းသစ်များ အောင်မြင်သွားသည့် ဇာတ်လမ်းများ တိုးပြီးရှိလာသလို စတင်သည့်အဆင့်မှ လုံးဝမတက်နိုင်သည့် လုပ်ငန်းသစ်များလည်း ပိုမိုများပြားလာနေပါသည်။ လုပ်ငန်းသစ်များကျရှုံးစေသည့် အကြောင်းရင်းတွေ လေ့လာကြည့်ရင်… ၁။ ကြိုတင်ပြင်ဆင်မှုမရှိခြင်း အခြားခြားသောနေရာများမှာသို့ပင် ကြိုတင်ပြင်ဆင်မှု မရှိခြင်းက အောင်မြင်မှုကို မျှော်မှန်းပြီး လုပ်ငန်းသစ် စတင်မည့်သူများအတွက် ကြီးမားသော ပြဿနာများ ကြုံတွေ့ရ စေနိုင်ပါသည်။ အကောင်းဆုံးသော အကြံများ၊ စီးပွားရေး အတွေးအခေါ်များသည်ပင်လျှင် ကြိုတင်ပြင်ဆင်မှုလုပ်ရန် အားသွန်ခွန်စိုက် မကြိုးစားသော လုပ်ငန်းရှင်များနှင့် အပြိုင်အဆိုင်များသော ဈေးကွက်အတွင်းရှိ အပြောင်းအလဲနှင့် စိန်ခေါ်မှုများအပေါ် ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံမရှိမှုတို့ကြောင့် ဖရိုဖရဲဖြစ်နိုင်ပါသည်။ ကြိုတင်ပြင်ဆင်မှု အဆင့်တွင် အမြဲတမ်းထည့်သွင်းပြီး အဓိကအာရုံစိုက်ရမည်က ဈေးကွက်အတွင်းရှိ […]

အစပြုစီးပွားရေးလုပ်ငန်းများအတွက် လူသားနှင့် လူမှုရေး မတည်ရင်းနှီးမြှုပ်နှံမှုများ၏တန်ဖိုး

စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ကြရာမှာ “M” (၃) လုံးလို့ခေါ်တဲ့ (Man, Money, Material) လူ၊ ငွေကြေးနဲ့ပစ္စည်းတွေ အစပြုဆောင်ရွက်ကြရတာဖြစ်တယ်။ လုပ်ငန်းကဏ္ဍအလိုက် အရည်အချင်းရှိတဲ့ လူစွမ်းအား ရင်းမြစ်တွေ အသုံးချနိုင်စေဖို့၊ ငွေကြေးအရင်းအနှီးတွေ ပြည့်စုံနိုင်စေဖို့နဲ့ ကုန်ချောပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ အရည်အသွေးကောင်း ကုန်ကြမ်းပစ္စည်းတွေ ရရှိစေဖို့ အစကနဦးကတည်းက ပုံဖော်လုပ်ဆောင်ကြရတာဖြစ်တယ်။ ငွေကြေးကဏ္ဍပြည့်စုံမှုမှာ မိမိတစ်ဦးတည်းရဲ့ ကိုယ်ပိုင်ငွေနဲ့ အစမပြုနိုင်ရင် ချေးငွေ (loan)နဲ့ဖြစ်စေ၊ အစုရှယ်ယာတွေ ထည့်ဝင်စေမှုနဲ့ဖြစ်စေ၊ စတော့အိတ်ချိန်းဈေးကွက်မှာ စာရင်းဝင် အများပိုင် ကုမ္ပဏီ Listed Public Compaines တွေကနေ စတော့တွေထုတ်ရောင်းပြီး မတည်ရင်းနှီးငွေရရှိအောင် လုပ်ဆောင်ကြရတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အရေးကြီးတာက ၂၀ ရာစုအကုန်နဲ့ ၂၁ရာစု အစပိုင်းမှာ Abrupt Change လို့ခေါ်တဲ့ အချိုးအကွေ့တစ်ခုအဖြစ် ရုတ်ခြင်းလျင်မြန်စွာ […]

အပ်ကအစ ဒုံးပျံအဆုံး အာမခံထားနိုင်တဲ့ ၂၁ ရာစု

ဒီနေ့ခေတ်မှာ အာမခံဆိုတဲ့ စကားလုံးအသုံးအနှုန်းကို လူတော်တော်များများက ပိုလို့တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။ ဟိုပစ္စည်းလည်းအာမခံ၊ ဒီပစ္စည်းလည်းအာမခံဆိုပြီး ကတိနဲ့ရောင်းတဲ့ ထုတ်ကုန်မျိုးစုံကတစ်မျိုး၊ လူမှုဖူလုံရေးရန်ပုံငွေ စုဆောင်းထည့်ဝင်ကြပြီး ကျန်းမာရေးနဲ့ အိုစာနာစာ ထောက်ပံ့မှု အာမခံဆိုတာကတစ်မျိုး၊ စိုက်ပျိုးရေးထွက်ကုန်တွေကို ဈေးနှုန်းကစားခြင်းမခံရအောင် အာမခံပေးတဲ့ သီးနှံအာမခံဆိုတာကတစ်မျိုး၊ ပစ္စည်းတွေကိုမပျောက်ပျက် မလျော့နည်းစေဖို့ ထိန်းသိမ်းပေးမဲ့သိုလှောင်ရုံ အာမခံဆိုတာကတစ်မျိုး၊ ပြည်သူများအကြား နားမလည်တလည်ဖြင့် ကြားနေကြရပါတယ်။ အာမခံဆိုတာကို အင်္ဂလိပ်အသုံးအနှုန်းနဲ့ တွဲသိလိုက်ရင်တော့ ရှင်းပါတယ်။ အထက်မှုပြောခဲ့တဲ့ အာမခံတွေက Guaranty၊ Warranty နှင့် Social Welfare Fund များသာဖြစ်ကြပါတယ်။ ယနေ့ကာလ၌ နိုင်ငံတော်အစိုးရက တာဝန်ယူပြီး ပုဂ္ဂလိက အဖွဲ့များကပါ ပူးပေါင်းပါဝင်၍ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် ပိုင်ဆိုင်မှုများကို အာမခံပေးနေသည်ကို Insurance ဟုခေါ်ပါသည်။ […]

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အနဲ့ မည်သည့်အချက်အလက်တွေနှင့် ပြည့်စုံရမလဲ?

၂၁ ရာစုပိုင်းမှာတော့ အမေရိကန်တက္ကသိုလ် Entrepreneur ship ဌာနရဲ့ ပါမောက္ခ တစ်ဦးဖြစ်သူ Dr. Robert Hisrich ကတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ဟာ အောက်ဖော်ပြထားတဲ့ အချက်တွေနဲ့ပြည့်စုံရမယ်လို့ ဆိုပါတယ်။   – စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိရဲ့စီးပွားရေးလုပ်ငန်းကို Personal Gain ရယူလိုမှုအတွက် ကိုယ်တိုင်ဖွဲ့စည်းထူထောင်တာ၊ ကိုယ်တိုင်လုပ်ငန်းဆောင်ရွက်တာတို့ရှိရမယ်။ – စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိစီးပွားရေးလုပ်ငန်းမှာ အသုံးပြုတဲ့ ရုပ်သတ္ထုပိုင်းဆိုင်ရာ ကုန်ကြမ်းပစ္စည်းတွေ၊ မြေ၊ အလုပ်သမားခ၊ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကို စီးပွားရေး စတင်လုပ်ကိုင်တဲ့ အချိန်မှာရှိနေတဲ့ လက်ငင်းပေါက်ဈေးနဲ့ ဝယ်ယူအသုံးပြု ပေးကမ်းဆောင်ရွက်သူဖြစ်ရမယ်။ – စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိစီးပွားရေးလုပ်ငန်းမှာ စီမံချက်ရေးဆွဲတာ၊ ဖွဲ့စည်းပုံတွေချမှတ်တာ ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ဆောင်တာတို့မှာ ကိုယ်တိုင်ဦးဆောင်မှုပေးရမယ်။ ကျွမ်းကျင်မှုနဲ့ ထိုးထွင်းကြံဆမှုပေးတတ်ရမယ်။ – စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိစီးပွားရေးလုပ်ငန်းမှာ […]