
ZTK Finance Page Reader များတောင်းဆိုချက်အရ အရင်းအနှီးဈေးကွက်ရဲ့ အဓိပ္ပယ်ဖွင့်ဆိုချက်ကို စတင်မိတ်ဆက်လိုက်ပါတယ်။အရင်းအနှီးဈေးကွက် (Capital Market) ဘာကြောင့်လိုအပ်သလဲ အရင်းအနှီးဈေးကွက်ထဲမှာ တစ်ဦးချင်းသော်လည်းကောင်း ၊ အဖွဲ့အစည်းအလိုက်သော်လည်းကောင်း ၊ ငွေချေးသက်သေခံလက်မှတ် (Securities) တွေကို ရောင်းဝယ်နိုင်ပါတယ်။ ပုဂ္ဂလိကပိုင်အဖွဲ့အစည်းတွေရော ၊ အစိုးရကဏ္ဍထဲမှာပါတဲ့ အဖွဲ့အစည်းတွေပါ ငွေချေးသက်သေခံလက်မှတ် တွေကို ထုတ်ဝေရောင်းချနိုင်ပါတယ်။ သူတို့ရဲ့  ငွေကြေးရန်ပုံငွေအင်အားကို မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။ အရင်းအနှီးဈေးကွက်ထဲမှာ အစုရှယ်ယာ (Stock) ၊ ငွေချေးစာချုပ်(Bond) တွေ ထုတ်ဝေရောင်းချခြင်းပါဝင်ပါတယ်။ အရင်းအနှီးဈေးကွက်ရှိခြင်းကြောင့် အဖွဲ့အစည်းတွေရဲ့  ဓနအင်အားကိုတိုးပွားစေနိုင်ပါတယ်။ ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုဟာ အများပိုင်အဖြစ်ပြောင်းလဲတဲ့အခါ Initial Public Offering (IPO) လို့ခေါ်တဲ့ ရှယ်ယာအသစ်တွေကို အများပြည်သူထံသို့ ထုတ်ဝေရောင်းချခြင်းပြုပါတယ်။ အစိုးရတစ်ရပ်အနေနဲ့လည်း […]