Entrepreneur တွေအကြီးအကျယ် အောင်မြင်ချင်ရင် ရှောင်ရမည့်အချက်(၃)ချက် Entrepreneur တွေ ရဲ့ လုပ်ငန်းအစဟာ ကြမ်းတမ်းပါတယ်။ လူနည်းနည်းနည်းနဲ့ပဲ လုပ်ငန်းစရတယ်၊ ၀င်ငွေကလဲ ထင်သလောက်မကောင်းသေးဘူး၊ လုပ်ငန်းလည်ပတ်ရအောင်ကိုပဲ မနည်းကြိုး စားနေရတယ်။ ၀င်ငွေပိုဝင်ဖို့အတွက် အလုပ်ကို ပိုကြိုးစားရပါတယ်။ Entrepreneur တွေကြိုးစားရင် ကြိုးစားသလောက် အရာထင်ဖို့အတွက် ရှောင်ရမည့်ကိစ္စ(၃)ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာအောင် မကြိုးစားခြင်း

CEO တွေဘာလို့လစာတွေမယုံနိုင်လောက်အောင် ကောင်းရတယ်ဆိုတာကို စဉ်းစားဖူးပါသလား။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့သွားစေချင်တဲ့ ရည်မှန်းချက်ကို လူပေါင်းများစွာရဲ့ အင်အားတွေ ကိုသုံးကာ ရရှိအောင် လုပ်နိုင်လို့ပဲဖြစ်ပါတယ်၊ သူတို့ဟာ ဒီလိုလုပ်ဖို့ အရမ်းအား ထုတ်နေတာမျိုးမ ဟုတ်ပဲ အေးဆေး သက်သာ စွာနဲ့ လုပ်နေတာဖြစ်ပါတယ်၊ သူတို့ဟာ အဖွဲ့အစည်းတည်ဆောက်ပုံ Disign ကိုသေချာခိုင်မာစွာ ရေးဆွဲထားပြီး စီမံခန့်ခွဲမှု အလွှာများကြား ချိတ်ဆက်မှုကို ကောင်းမွန် အောင်  ဆောင်ရွက်ထားနိုင်သူများ ဖြစ်ကြသည်။ သူတို့ရဲ့ ၀န်ထမ်းတွေဟာ သူတို့တွေကို လေးစား ချစ်ခင်ကြပြီး သူတို့နဲ့သာ အလုပ်လုပ်မယ်ဆိုရင် ဘယ်အရာကိုမဆို လုပ်ဆောင်ချင်ကြပါတယ်၊ သူတို့ရဲ့ ၀န်ထမ်းတွေဟာ သူတို့တွေကို လေးစားချစ်ခင်ကြပြီး သူတို့နဲ့သာ အလုပ်လုပ်မယ်ဆိုရင် ဘယ်အရာကိုမဆို လုပ်ဆောင်ချင်ကြပါတယ်၊ အဲဒီ CEO တွေဟာ ပြင်ပအနေအထားအရ မာကျော ရင် မာကျောပါလိမ့်မယ်၊ ဒါပေမယ့် သူတို့ဟာ တဖက်သားကို သနားစိတ်ရှိတဲ့ တဖက်သားပြောတာ နားထောင်လိုတဲ့ တဖက်သားအပေါ် ကိုယ်ချင်းစာတရားရှိတဲ့ လူတွေဖြစ်ပါတယ်၊ သူတို့ရဲ့ အဓိက အကျဆုံး အရည်အချင်းတွေကတော့ စွန့်စားမှုကို မကြောက်ကာ တာဝန်ယူရဲတာနဲ့၊ တီထွင်လိုစိတ်ရှိ တာတွေပါပဲ၊ ဒါပေမယ့် Entrepreneur အများစုဟာ ကိုယ်နဲ့ Start-Up team ကိုဦးဆောင်နိုင်ဖို့ကို တောင် သိပ်ပြီး အရည်အချင်း မပြည့်မှီကြပါဘူး။ သူတို့ရဲ့ Team ထဲကလူတွေကို ဖိဖိစီးစီး အုပ်ချုပ် လိုက်ရင် သူတို့ team ထဲက လူ တွေက Team ကနေထွက်ခွာသွားမှာကို ကြောက်တာနဲ့ပဲ သေချာစွာ မစီမံနိုင်ကြပါဘူး၊ သူတို့ Team ရဲ့ အများဆုံး အလုပ်လုပ်နိုင်စွမ်းကို အကုန်ညှစ်ထုတ်ပြီး လုပ်လာအောင် မစွမ်းဆောင်နိုင်သေးပါဘူး။

လောဘကြီးသင့်သလောက်မကြီးသေးခြင်း
Entrepreneur အများစုဟာ သူတို့အလုပ်အပေါ်မှာ လောဘကြီးသင့်သလောက် မကြီးကြပါဘူး။ သူတို့ဟာ သူတို့လုပ်ငန်းကို ပုံမှန်ထက်နည်းနည်းကျော်ရုံ၊ အရင်းကျေပြီးနောက် အမြတ်နည်းနည်း လောက် ပုံမှန်ရနေရုံဆိုရင်ပဲ သူတို့အတွက်လုပ်ငန်းက အောင်မြင်နေပြီလို့ သတ်မှတ်ကြပါတယ်။ သူတို့ဘ၀အတွက် ပုံမှန်ဝင်ငွေ တစ်ခုလောက်ကိုရချင်ရုံ၊ ဒါမှမဟုတ် သူတို့ကို သူတို့လုပ်ငန်းရှင်လို့ မိတ်ဆက်ချင်ရုံထက်ပိုပြီး သူတို့မမျှော်လင့်ပါဘူး။ သူတို့ဟာ စွန့်စားမှုပြုလုပ်ဖို့ကို ကြောက်လေ့ရှိပြီး စွန့်စားတာက နေရလာမယ့် အကျိုးအမြတ်ထက် ပုံမှန်လေး ရ နေတဲ့ အမြတ်အစွန်းကို ပိုနှစ်သက်ကြ ပါတယ်။ အဲဒါတွေရဲ့ အဓိကအကြောင်းအရင်းကတော့ လောဘမရှိတာပါ၊ လောဘမရှိလို့ မစွန့်စား ချင်၊ မစွန့်စားချင်လို့ အကျိုးအမြတ်အများကြီးရမှာနဲ့ လွဲချော်ရတာပါ။ ဒါပေမယ့် တကယ့်ကို အောင်မြင်ချင်တယ်ဆိုရင်တော့ လောဘကြီးရပါမယ်၊ စွန့်စားရပါမယ်၊ စွန့်လွှတ်ရပါမယ်။ လုပ်ငန်း အောင်မြင်ဖို့ လောဘဟာ ဘ၀ရဲ့ တခြားသော အရာအားလုံးကိုလိုချင်တဲ့ လောဘထက် ပိုကြီးနေရ ပါမယ်၊ ထို့ကြောင့် Entrepreneur အနေနဲ့ အကြီးအကျယ်အောင်မြင်ချင်ရင် အလုပ်နဲ့ ပတ်သက်ရင် လောဘကြီးနိုင်သမျှ ကြီးဖို့လို ပါတယ်။
အလုပ်ကိုအင်ပြည့်အားပြည့်မလုပ်ခြင်း
Start-up Entrepreneur အများစုဟာ အလုပ်ကိုလုပ်လို့ ဖြစ်လောက်ရုံပဲလုပ်ပါတယ်။ အလုပ် အပေါ် အကောင်းဆုံးလုပ်တယ်ဆိုပေမယ့် တကယ့်အကောင်းဆုံးမဟုတ်ပါဘူး၊ သူတို့ဟာ သူတို့ အလုပ်အပေါ်ကို ဒီ ထက်ပိုပြီးလုပ်နိုင်ရဲ့သားနဲ့ မလုပ်ဖြစ်ကြပါဘူး။ ဒါဟာ မကောင်းတဲ့ အလေ့ အကျင့်ဖြစ်ပြီး တကယ်အောင်မြင်ချင် တဲ့လူတွေက ဒီလိုမလုပ်ကြပါဘူး။ တကယ် အောင်မြင်ချင်တဲ့ လူတွေဟာ သူတို့အလုပ်ကို ဘယ်လိုအောင်မြင် တိုးတက်အောင် လုပ်ရပါ့မလဲဆိုတာကို အမြဲ လေ့လာနေသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့ အောင်မြင်ချင်တယ်ဆိုရင် အလုပ်ကို အင်ပြည့် အားပြည့်လုပ်၊ တိုးတက်အောင် အမြဲကြံဆ၊ အချိန်ရှိတိုင်းလေ့လာဆည်းပူးနေဖို့ လိုပါတယ်။ အလုပ် ဖြစ်ရုံလုပ်မယ်ဆိုရင်တော့ ဘ၀ဟာလဲ အလုပ်ဖြစ်ရုံလောက်သာ အောင်မြင်ပါလိမ့်မယ်။ ဒီအချက် (၃) ချက်ဟာ အမြဲမှန်နေတဲ့ အချက် ၃ချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကြီး အကျယ် အောင်မြင်ချင်တ်ဆိုတဲ့ Entrepreneur တိုင်းဟာ ဒီအချက်ကို ရှောင်ရပါမယ်။ အောင်မြင်မှု တိုင်းဟာ လုပ်ရမယ့် ကိစ္စတွေကို လုပ်ခဲ့တာအပြင် ရှောင်ရမည့်ကိစ္စတွေကိုလဲ ရှောင်ခဲ့တာကြောင့် ရရှိခဲ့တာပါလို့ ပြောကြားရင်းနိဂုံးချုပ်လိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *