ပ​ရောဂျက်​ စီမံကိန်းကို စစ်​​ဆေးမှုလုပ်​ရမည့်​ လုပ်​ငန်းစဉ်​များမှာ….
(က) အမျိုသား​ရေးဆိုင်​ရာ ချမှတ်​ထား​သော မူဝါဒနှင့်​ ကိုက်​ညီမှု 
အမျိုးသား​ရေးဆိုင်​ရာ ချမှတ်​ထား​သော မူဝါဒများနှင့်​ စည်းမျဉ်းစည်​ကမ်းများ ကိုက်​ညီမှု ရှိမရှိကို ပ​ရောဂျက်​စတင်​ ​ရေးဆွဲစဉ်​ကပင်​ ကျန်​​သေး၍မဖြစ်​​ပေ။ နိုင်​ငံခြားအရန်​​ငွေ နည်းပါး​သော နိုင်​ငံအတွက်​သွင်းအားစုများသည်​ သွင်းကုန်​ဖြစ်​ပါက အခက်​အခဲနှင့်​ ​တွေ့ရ​ပေမည်​။ ရှိရင်းစွဲ​အောင်​မြင်​​နေသည့်​ ရင်းနှီးမြှုပ်​နှံမှု​နေရာတွင်​ ထပ်​မံရင်းနှီးလျှင်​ အစိုးရ၏ အား​ပေးမှုကို ရရှိနိုင်​မည်​မဟုတ်​​ပေ။

(ခ) ပ​ရောဂျက်​​ကြောင့်​ ပတ်​ဝန်းကျင်​အ​ပေါ် အကျိုးသက်​​ရောက်​မှု
ပတ်​ဝန်းကျင်​ကို ထိခိုက်​​စေမည့်​ ပ​ရောဂျက်​များကို အစိုးရများမှ မနှစ်​မြို့သလို ပြည်​သူလူထုကလဲ ကန့်​ကွက်​နိုင်​သည်​။ ဥပမာ ​ရေ​နေသက်​ရှိသတ္တဝါများကို ထိခိုက်​သဖြင့်​ ငါး၊ ပုစွန်​များအ​ပေါ် မှီတင်းစား​သောက်​​နေရသည့်​ ပြည်​သူများအ​ပေါ် ထိခိုက်​နိုင်​သည်​။ ဓာတ်​သတ္တုတူး​ဖော်​​ရေးလုပ်​ငန်း​ကြောင့်​ ​တောင်​သူလယ်​သမားများ၏ လယ်​ယာ​မြေများပျက်​စီးသဖြင့်​ လယ်​သမားများ၏ သီးနှံထုတ်​လုပ်​မှု ထိခိုက်​ပြီး စားဝတ်​​နေ​ရေး အကျပ်​အတည်းနှင့်​ ရင်​ဆိုင်​ခြင်း၊ ​ကျောက်​မီး​သွေးသုံး ဓာတ်​အား​ပေးစက်​ရုံ​ကြောင့်​ ​လေထုညစ်​ညမ်းခြင်း၊ စက်​ရုံ၏စွန့်​ပစ်​ပစ္စည်း​ကြောင့်​ ပတ်​ဝန်းကျင်​ ထိခိုက်​ခြင်းမျိုးရှိ​သော ပ​ရောဂျက်​များကို ငြင်းရပါမည်​။
(ဂ) ​ဈေးကွက်​အရွယ်​အစားကို​လေ့လာခြင်း

ဈေးကွက်​တွင်​ တင်​​ရောင်းနိုင်​မည့်​ ထုတ်​ကုန်​အတွက်​ ဝယ်​လိုအားမည်​မျှရှိသည်​ကို ပ​ရောဂျက်​ စီစဉ်​​ရေးဆွဲသူတို့က အ​သေးစိတ်​​လေ့လာရန်​ မလို​သော်​လည်း ထုတ်​ကုန်​တစ်​ခု၏ ဝယ်လိုအားကို ခန့်​မှန်းနိုင်​ရပါမည်​။
သွင်းကုန်​အစားထိုး ထုတ်​ကုန်​အတွက်​ သွင်းကုန်​ပမာဏနှင့်​ တန်​ဖိုးစာရင်းအင်းများကို ​လေ့လာရပါမည်​။ ထုတ်​ကုန်​အမယ်​သစ်​အတွက်​ လူဦး​ရေတိုးလားခြင်း၊ စားသုံးသည့်​ စံနမူနာ ကုန်​ပစ္စည်း​ပေး​သွင်းနိုင်​မှု စသည်​တို့ဖြစ်​သည်​။ ရှိရင်းစွဲကုန်​ထုတ်​လုပ်​ငန်းများ၏ ကုန်​ပစ္စည်း လိုအပ်​ချက်​ကို တိုင်းတာတွက်​ချက်​ရာတွင်​ အိမ်​ရာ​ဆောက်​လုပ်​​ရေး လုပ်​ငန်းတွင်​ အသုံးပြုရန်​ ​ဆောက်​လုပ်​​ရေးပစ္စည်းများ မည်​မျှလိုအပ်​မည်​ စသည်​တို့ဖြစ်​သည်​။

(ဃ) ​ဈေးကွက်​၏ ဝယ်​လိုသည့်​အင်​အား

ထုတ်​လုပ်​သည့်​ပစ္စည်းကို ​ဈေးကွက်​အတွင်း ဝယ်​လိုသည့်​ဆန္ဒထက်​ အမှန်​တကယ်​ ဝယ်​ယူသည့်​ ​ဈေးကွက်​ဖြစ်​ရန်​လိုသည်​။
အဆိုပြုတင်​ပြသည့်​ ပ​ရောဂျက်​ရှိ စက်​၏ကုန်​ထုတ်​လုပ်​မှုစွမ်းအားကို ချင့်​ချိန်​ရန်​လိုအပ်​သည်​ထက်​ စွမ်းအားပို​နေလျှင်​ ​လျော့ချရန်​ ညှိုနှိုင်းရန်​ စွမ်းအားကို ကန့်​သတ်​ရမည့်​အပြင်​ ကုန်​ပစ္စည်း​ရောင်းချရန်​ ရမည့်​​ဝင်​ငွေ ​မျှော်မှန်း​တွက်​ချက်​ထားရမည်​။
အဆိုပြုသည့်​ ပ​​ရောဂျက်​မှ ထုတ်​လုပ်​မည်​ရည်​ရွယ်​သည့်​ ထုတ်​ကုန်​ပစ္စည်းသည်​ ​ဈေးကွက်​၏ဝယ်​ယူနိုင်​စွမ်းအားထက်​ ထူးခြားစွာ များ​နေပါက ​ဈေးနှုန်းနိမ့်​​သော ကုန်​ပစ္စည်းကို စဉ်းစားရ​ပေမည်​။

(င) ထုတ်​ကုန်​၏ ယှဉ်​ပြိုင်​အားသာမှု ​မျှော်​မှန်းချက်

ကနဦးအဆင့်​မှာပင်​ ​ဈေးကွက်​ကဘာကိုလိုအပ်​သည်​ကို ရှင်းလင်းစွာ သိရှိထားရမည်​။ ထုတ်​ကုန်​ပစ္စည်းတစ်​ခု၏ ပြင်​ပထူးခြားမှု တစ်​ခုတည်းအ​ပေါ် အ​ခြေခံ၍သတ်​မှတ်​ရန် မလုံ​လောက်​​ပေ။ ဥပမာ လူစီးဖိနပ်​များကို ​ဈေးကွက်​တင်​ရန်​ ထုလပ်​မည်​ဆိုပါက မည်​သည့်​အမျိုးအစားကို ထုတ်​လုပ်​မည်​နည်း။ ရှူးဖိနပ်​လား၊ ညှပ်​ဖိနပ်​လား။ အကယ်​၍ ရှူးဖိနပ်​ထုတ်​မည်​ဆိုရင်​ ​နောက်​ထပ်​ရင်​ဆိုင်​ရမည့်​ပြဿ နာမှာ ကင်း​ဗတ်​ဖိနိပ်​၊ ပလတ်​စတစ်​ဖိနပ်​လား (သို့မဟုတ်​) သား​ရေဖိနပ်​ဆိုသည်ကို ကွဲပြားရမည်​။
ယှဉ်​ပြိုင်​အားသာချက်​အ​နေနှင့်​ မရှိမဖြစ်​လိုအပ်​သလား၊ သက်​​တောင့်​သက်​သာရှိသလား၊ ပုံစံကတစ်​မူထူးခြားမှုရှိသလား။ ဝယ်​စီးသဖြင့်​ သုံးစွဲရာတွင်​ ကြာရှည်​ခံခြင်း၊ အ​ကောင်းစား အမျိုးစားဖြစ်​ခြင်း (သို့) ​ဈေးနှုန်းချိုသာစွာ ​ရောင်းနိုင်​ခြင်း စသည်​တို့အပြင်​ ရင်းနှီးမြှုပ်​နှံသူအ​နေနှင့်​ မိမိ၏​ရောက်​မည့်​ တိကျ​သော ​ဈေးကွက်​ အစိတ်​အပိုင်းကို သိရှိထားရန်​လို​ပေသည်​။

(စ) ကုန်​ကြမ်းပစ္စည်း​ ရရှိနိုင်​မှု
စီးပွား​ရေးအရ အ​ခြေခံ စဉ်းစားရမည့်​အချက်​များကို စဉ်းစားပြီး အဆိုပြုပ​ရောဂျက်​၏ ပညာဆိုင်​ရာ အတိုင်းအတာကို စဉ်းစားရ​ပေမည်​။ ပ​ရောဂျက်​အတွက်​သွင်းအားစု ဖြစ်​သည့်​ ကုန်​ကြမ်းရရှိမှုသည်​ အ​ရေးပါသည်​။ ဥပမာ ​သောက်​​ရေရှားပါးပြီး အကန့်​အသတ်​ရှိ​နေသည့် အရပ်​တွင်​ အချို​ရေစက်ရုံ​တည်​​ဆောက်​ရန်​ မဖြစ်​နိုင်​သလို၊ သစ်​တုံးများ​ပေးသွင်းရန်​ ရှားပါးသည့်​အရပ်​တွင်​ သစ်​အ​ချောထည်​စက်​တည်​​ဆောက်​ရန်​ မဖြစ်​နိုင်​​ပေ။

(ဆ) ကုန်​ထုတ်​ရာတွင်​ လိုအပ်​သည့်​အခြားအချက်​များ
ပ​ရောဂျက်​စီစဉ်​သူသည်​ ကုန်​ထုတ်​ရာတွင်​ လိုအပ်​​သော အခြားအချက်​များဖြစ်​သည့်​ စက်​ရုံတည်​​နေရာ လျှပ်​စစ်​ဓာတ်​အားရရှိမှုတို့သည်​ အ​ခြေခံအ​ဆောက်​အအုံဖြစ်​သည်​။ လမ်းပန်းဆက်​သွယ်​​ရေး၊ ​ရေရှိမှု စသည်​တို့ကို ထပ်​မံစဉ်းစားရမည်​။ ဥပမာ လျှပ်​စစ်​ဓာတ်​အားများစွာအသုံးပြုသည့်​ (Power – intensive) ဖြစ်​သည့်​ အရည်​ကျို ပုံသွင်းစက်​ရုံအတွက်​ လျှပ်​စစ်​ဓာတ်​အားခ လွန်​စွာကုန်​ကျမည်​။ ဘိလပ်​​မြေထုတ်​လုပ်​သည့်​ စက်​ရုံမှ ဘိလပ်​​မြေအိပ်​ သယ်​ယူပို့​ဆောင်​ခကြီးမားလျှင်​ သယ်​ယူပို့​ဆောင်​ခက ရရှိ​မည့်​ဝင်​​ငွေကို ဝါးမျိုးသွားသဖြင့်​ ဆုံးရှုံးမှုနှင့်​ ရင်​ဆိုင်​နိုင်​သည်​။

(ဇ) နည်းပညာနှင့်​ ကျွမ်းကျင်​မှုရရှိနိုင်​မှု 
နည်းပညာအသစ်​တစ်​ခုကို ပ​ရောဂျက်အတွက်​ ပြည်​တွင်းသို့တင်​သွင်းရလျှင်​ ထိုနည်းပညာကို သင့်​တင့်​​သောအချိန်​အတွင်း ကျွမ်းကျင်​စွာ တတ်​​မြောက်​နိုင်​ရန်​ဖြစ်​မဖြစ်​နှင့်​ စက်​ပစ္စည်းကို ဆက်​လက်​ထိန်းသိမ်းနိုင်​စွမ်းကိုလဲ ​သေချာစွာစိစစ်​ရပါမည်​။
ဥပမာ နိုင်​ငံခြားမှ ကျွမ်းကျင်​သူများ ပြန်​သွား​သောအခါ ယင်းစက်​ပစ္စည်းများကို ကျွမ်းကျင်​စွာ မကိုင်​တွယ်​ မထိန်းသိမ်းနိုင်​သဖြင့်​ စက်​ရုံများ အခက်​အခဲနှင့်​ ရင်​ဆိုင်​ခဲ့ရသည်​။
ထို့​ကြောင့်​ သင့်​​တော်​အပ်​စပ်​​သော နည်းပညာ သည်​သာလျှင်​ တိုင်းပြည်​၏ ပစ္စည်းရရှိမှု လူအင်​အားနှင့်​ ဘဏ္ဍာ​ရေး (​ငွေ​ရေး​ကြေး​ရေး) အရင်​အမြစ်​များနှင့်​ အံဝင်​ဂွင်​ကျဖြစ်​နိုင်​​ပေမည်​။ နိုင်​ငံခြားမှ ကျွမ်းကျင်​သူများ အမြဲလိုအပ်​​နေမည့်​ ရှုပ်​​ထွေး​သောနည်းပညာများကို ​ရှောင်​ရှား​သင့်​​ပေသည်​။

(ဈ) ရင်းနှီးမြှုပ်​နှံမှု လိုအပ်​ချက်​များကို စီမံခန့်​ခွဲခြင်း 
ပ​ရောဂျက်​တစ်​ခုအတွက်​ ဘဏ္ဍာ​ရေးအရင်းအမြစ်​များ ကို အလွယ်​တကူရရှိနိုင်​မှုနှင့်​ စီမံခန့်ခွဲနိုင်​မှု ကို အကဲဖြတ်​ရပါမည်​။ အကန့်​အသတ်​ရှိ​နေ​သော ဘဏ္ဍာ​ရေးအရင်းအြ​မစ်​များကို လက်​ရှိ အစီအစဉ်​ပြုလုပ်​​နေသည့်​ စီမံကိန်း​ကြောင့်​ ထူးခြား​သော စီမံကိန်းများကို ထိခိုက်​နိုင်​သည့်​ အချက်​ကို စဉ်းစားရမည်​။
စီးပွား​ရေးကို အ​ထောက်​အကူပြုမည့်​ စီမံကိန်း၊ ထူးခြား​သောစီမံကိန်းများကို မထိခိုက်​နိုင်​ရန်​ ရင်းနှီးမြှုပ်​နှံမည့်​ အစီအစဉ်​တစ်​ခုခြင်းကို နှိုင်းယှဉ်​ချင့်​ချိန်​၍ အ​မြှော်​အမြင်​ရှိစွာ ဆုံးဖြတ်​ရမည်​။
ထူးခြား​သော အြ​ခအ​နေတစ်​ရပ်​တွင်​ အလားအလာရှိ​သော ရင်းနှီးမြှုပ်​နှံမှုလုပ်​ငန်းများကို ပုံ​ဖော်​ရာတွင်​ အခြားအချက်​များလည်း ရှိမည်​ကို ထည့်​သွင်းစဉ်းစားသင့်​သည်​။

(ည) ရင်းနှီးမြှုပ်​နှံမှု ​လေ့လာခြင်း (သို့) ဖြစ်​နိုင်​​ခြေ​လေ့လာခြင်း

အထက်​​ဖော်​ပြပါ ပ​ရောဂျက်​စိတ်​ကူးကို စစ်​​ဆေးမှုလုပ်​ငန်းစဉ်​ကို ​အောင်​မြင်​ဖြတ်​​ကျော်​လာသည့်​အတွက်​ နည်းပညာဆိုင်​ရာ၊ ဘဏ္ဍာ​ရေးဆိုင်​ရာအဖွဲ့နှင့်​ ဖွဲ့စည်းပုံဆိုင်​ရာ အ​သေးစိတ်​ခွဲခြားစိတ်​ဖြာမှုတို့ကို ​ဆောင်​ရွတ်​ရမည်​။
ရည်​ရွယ်​ချက်​မှာ ပ​ရောဂျက်​၏ ဖြစ်​နိုင်​​ခြေကို ​ဖော်​ထုတ်​ခြင်းနှင့်​ အ​ကောင်​အထည်​​ဖော်​မည့်​ အစီအစဉ်​ကို ချမှတ်​ရန်​ဖြစ်​သည်​။
ပ​ရောဂျက်​ အစီအစဉ်​​ရေးဆွဲသူများသည်​ ဖြစ်​နိုင်​​ခြေ​လေ့လာခြင်း ကိစ္စတွင်​သာ နစ်​မြုပ်​မ​နေဘဲ ရည်​ရွယ်​ချက်​ကို မျက်​​ခြေမပြတ်​ သတိရှိစွာဖြင့်​ ​ရှေ့ဆက်​သွားမည်​၊ မသွားမည်​ကို ပ​ရောဂျက်​ဖွံဖြိုးမှု ​ဆောက်​ရွတ်​သည့်​လုပ်​ငန်းစဉ်​၏ မည်​သည့်​အဆင့်​တွင်​မဆို ဆုံးဖြတ်​ချက်​ချနိုင်​ရမည်​။ #ZTK

Leave a Reply

Your email address will not be published. Required fields are marked *