hf2
ဤဆောင်းပါးကို အမေရိကန်နိုင်ငံရှိ US Securities and Exchange Commision ကထုတ်ဝေသော Educate individual investor for Hedge Fund ဆိုသည့် စာတမ်းငယ်ကို အမှီပြုကာ ရေးသား သွားမည် ဖြစ်ပါသည်။
Hedge Fund ဆိုသည်မှာ…
Hedge Fund ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးများကို အကျိုးအမြတ်ရရှိစေမည့် နေရာများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် စုပေါင်းထားသော ငွေကြေးအစုအဝေးကြီးဖြစ်သည်။ ထို့အပြင် Hedge Fund များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာသည် တခြားသော Fund များထက် ပို၍ Flexible ဖြစ်သည်။ Hedge Fund များသည် ရင်းနှီးမြှုပ်နှံမှု ဈေးကွက်တိုင်းတွင် ၀င်ရောက် ရင်းနှီးမြှုပ်နှံရန် အသင့်ရှိကြပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုပုံစံများသည်။ ရေတိုရေရှည် ရင်းနှီးမြှုပ်နှံသူများ၊ ချေးငွေများနှင့် Stock Share များကို ရောင်းဝယ်မှုများပါဝင်သည်။ ထိုသို့ ရင်းနှီးမြှုပ်နှံမှုပုံစံများကို Mutual Funds များက အများအားဖြင့် ပြုလုပ်လေ့မရှိပေ။
အမေရိကန်နိုင်ငံတွေ Hedge Fund ၌ ရင်းနှီးမြှုပ်နှံလိုသူတို့သည် အစိုးရအသိအမှတ်ပြုထား သော ရင်းနှီးမြှုပ်နှံသူဆိုင်ရာ အရည်အချင်းများနှင့် ပြည့်မှီရန် လိုအပ်သည်။ ဤအရည်အချင်းများတွင် အခြေခံအားဖြင့် အနည်းဆုံးရှိရမည့် ၀င်ငွေ၊ ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှုပ်နှံခြင်းအပေါ် အနည်းဆုံး သိရှိရ မည့် ဗဟုသုတ စသည်တို့ပါဝင်သည်။ ဤ Hedge Fund များတွင် ရင်းနှီးမြှုပ်နှံသူများသည် ပုံမှန်အား ဖြင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ ဥပမာ Pension Fund များနှင့် အာမခံကုမ္ပဏီများ၊ ကြွယ်ဝချမ်း သာ သော လူပုဂ္ဂိုလ်များနှင့် မိသားစုများ ဖြစ်လေ့ရှိသည်။ ဤ Hedge Fund များ၏ ထူးခြားချက်သည် တချို့သော Investor များကို အကာအကွယ်ပေးသည့် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် မလိုအပ်ခြင်းဖြစ်သည်။ ဥပမာ တချို့သော Hedge Fund manager များသည် SEC တွင် မှတ်ပုံတင်စရာမလိုခြင်း အစရှိသည်တို့ဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ Hedge Fund manager များ သည် တခြားသော Fund များကဲ့သို့ပင် ငွေကြေးခ၀ါချမှုများ မဖြစ်စေရန် တာဝန်ရှိသကဲ့သို့ သူတို့ တာဝန်ယူလုပ်ကိုင်နေသော Fund များကို အလွဲသုံးမှုမဖြစ်စေရန်လည်း တာဝန်ရှိသည်။
Hedge Fund တွင် ရင်းနှီးမြှုပ်နှံလိုလျှင် သိရှိလိုက်နာ ဆောင်ရွက်ထားရမည့်အချက်များ…
(၁) Fund တွင်း ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်သော စာရွက်စာတမ်းများကို သေချာစွာဖတ်ပါ။
Hedge Fund တွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်သော စာရွက်စာတမ်း များကို ထုတ်ပြန်လေ့ရှိပါသည်။ ထိုစာရွက်စာတမ်းများတွင် Fund တွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် အရေးကြီးသော သတင်းအချက်အလက်များ ပါဝင်သည်။ ဥပမာ Fund ကို အသုံးပြုမည့်နေရာ၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် Fund ၏ ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ မဟာဗျူဟာ၊ ဤရင်းနှီးမြှုပ်နှံမှုကို ပြုလုပ် လျှင် တွေ့ကြုံရမည့် ဆုံးရှုံးနိုင်ချေများ၊ Fund manager ကို ပေးရမည့် ငွေကြေးပမာဏ Hedge Fund သို့ အမြတ်ထဲမှပြန်လည်ထည့်ဝင်ရမည်။ ငွေကြေးပမာဏ၊ နောင်ထပ်မံတိုးတက်လာမည့် ကုန်ကျစရိတ်စသည်ဖြင့် အသေးစိတ် ပါဝင်သည်။ ထို့ကြောင့် Hedge Fund တွင် ရင်းနှီးမြှုပ်နှံလိုသူ တစ်ယောက်သည် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ခင် အဆိုပါစာရွက်စာတမ်းများကို သေချာစွာ ဖတ်ရှုလေ့လာ ရန်လိုပြီး မရှင်းလင်းသော အချက်အလက်များရှိပါက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်သူများထံသို့ သွားရောက်ကာ သေချာစွာ မေးမြန်းရန်လိုအပ်သည်။

(၂) မိမိရင်းနှီးမြှုပ်နှံလိုသော Hedge Fund ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာကို သေချာစွာ သိရှိ နားလည်အောင်လုပ်ပါ။
Hedge Fund များသည် အမျိုးစားအမျိုးမျိုးရှိပြီး သူတို့၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာမှာ လဲ ပုံစံအမျိုးမျိုးရှိသည်။ တချို့သော Hedge Fund များသည် ၎င်းတို့၏ Investment Strategies များ၊ Fund managers များနှင့် သူတို့ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုများကြောင့် ပုံစံအမျိုးမျိုးကွဲပြားသွား သည်။ သို့သော် တချို့သော Hedge Fund များမှာ Investment Strategies တစ်မျိုးထဲသာရှိပြီး ထိုပုံစံတစ်မျိုးထဲနှင့်သာ ရင်းနှီးမြှုပ်နှံကြသည်။ ထို့ကြောင့် Hedge Fund တွင် ရင်းနှီးမြှုပ်နှံလိုသောသူ များအနေနှင့် မိမိရင်းနှီးမြှုပ်နှံလိုသော Fund ၏ ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ မဟာဗျူဟာ (Investment strategies) များကို သေချာစွာ သိရှိရန် လိုအပ်ပါသည်။ သို့မှသာ ထို Investment strategies နှင့် ပတ်သက်၍ ဆုံးရှုံးနိုင်ချေများကို တွက်ဆနိုင်မည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုများ၏ သဘောသဘာဝ အရ ပြန်ရနှုန်းများလေလေ စွန့်စားရမှုကြီးလေလေ ဆုံးရှုံးနိုင်မှုလဲများလေလေ ဖြစ်သည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုတစ်ခု မပြုလုပ်မီ ထိုရင်းနှီးမြှုပ်နှံမှုမှ ပြန်ရမည့်ပမာဏ၊ ပြန်ရမည့်အချိန်နှင့် ကြုံတွေ့ရ မည့် အခက်အခဲများကို သေချာစွာ စီစစ်ပြီးမှ ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်သင့်သည်။

(၃) မိမိရင်းနှီးမြှုပ်နှံလိုသော Fund သည် မည်သည့်ပုံစံဖြင့် ရင်းနှီးမြှုပ်နှံမည်ကိုလည်း သိရှိရန်လိုသည်။
မိမိရင်းနှီးမြှုပ်နှံလိုသော Hedge Fund သည် ချေးငွေနှင့်ပါ လည်ပတ်ခြင်း ရှိ၊ မရှိ သိထားရန် လိုအပ်သည်။ ချေးငွေ (Leverage) နှင့် လည်ပတ်ခြင်းဆိုသည်မှာ Fund က ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးများကိုသာမက ပြင်ပရှိ တခြားသော ဘဏ်များ၊ ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် များထံမှ ငွေကြေးများကို ချေးယူပြီး ရင်းနှီးငွေ ပိုမိုရရှိအောင်စုဆောင်းပြီး အမြတ်ပိုမိုရရှိစေရန် ပြုလုပ် သော ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်သည်။ ဤရင်းနှီးမြှုနှံမှုပုံစံသည် အမြတ်ရရှိလျှင် ပိုရရှိနိုင်သကဲ့သို့ ဆုံးရှုံး လျှင်လည်း ပိုမိုဆုံးရှုံးနိုင်သည်။

(၄) မိမိရင်းနှီးမြှုပ်နှံလိုသော Hedge Fund manager ကို ထပ်မံပေးရမည့် အခကြေးငွေများကို သေချာစွာစုံစမ်းပါ။
ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတိုင်ပင်ခံတစ်ယောက်က သူထိန်းချုပ်ထားသော Fund တွင် ရင်းနှီးမြှုပ်နှံရန် သင့်ကို တိုက်တွန်းသည်ဆိုပါစို့၊ ထိုအခါ ထိုအတိုင်ပင်ခံကို ရင်းနှီးမြှုပ်နှံရန် လမ်းညွှန်တိုက်တန်းသည့်အတွက် အကြံပေးခ ထပ်မံပေးရန်လိုမလို မေးမြန်းရန် လိုအပ်သည်။ ပုံမှန် အားဖြင့် အတိုင်ပင်ခံများသည် သူတို့စီမံထိန်းချုပ်ထားသော Fund များကို ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင် နိုင်ပါက အတိုင်ပင်ခံကြေးကို ရယူလေ့ရှိသည်။

(၅) မိမိရင်းနှီးမြှုပ်နှံလိုသော Fund များ၏ ပိုင်ဆိုင်မှုများကို မည်သို့တန်ဖိုးတွက်ချက်သည်ကို လေ့လာပါ။
Hedge Fund များသည် ငွေဖြစ်အလွယ်ဆုံးသော ပိုင်ဆိုင်မှုများ (Assets) တွင် ရင်းနှီးမြှုပ်နှံ သောကြောင့် Fund များ၏ Assets များကို တန်ဖိုးတွက်ချက်ရာတွင် အခက်အခဲများစွာရှိသည်။ ထို့ အပြင် Hedge Fund များသည် သူတို့၏ ပိုင်ဆိုင်မှုများ၏တန်ဖိုးကို မည်သို့တွက်ချက်ထားသည်ကို လည်း ထုတ်ပြန်လေ့မရှိသောကြောင့် တန်ဖိုးတွက်ချက်ရန် ပိုခဲယဉ်းကြသည်။

(၆) မိမိရင်းနှီးမြှုပ်နှံလိုသော Fund များ၏ စွမ်းဆောင်ရည်ကို မည်သို့ အကဲဖြတ်မည်ကို သိရှိထားပါ။
Hedge Fund များ၏ ရင်းနှီးမြှုပ်နှံမှုပုံစံများစသည် အခြားသော Fund များ၏ ရင်းနှီးမြှုပ်နှံမှု ပုံစံများနှင့် မတူသောကြောင့် Hedge Fund များ၏ စွမ်းဆောင်ရည်များကို တိုင်းတာရာတွင်လည်း ပုံမှန်တိုင်းတာနေကျ နည်းစနစ်များနှင့် အချက်အလက်များဖြင့် တိုင်းတာရာမှာ မလွယ်ကူလှပေ။ ထို့ အပြင် Hedge Fund များသည် ငွေအဖြစ်အလွယ်ဆုံး ငွေရေးကြေးရေး သက်သေခံလက်မှတ်များကို ရင်းနှီးမြှုပ်နှံလေ့ရှိကာ ငွေကြေးလည်ပတ်မှုပုံစံမှာလည်း တစ်မျိုးတစ်ဘာသာ ကွဲထွက်နေသဖြင့် Fund ၏ စွမ်းဆောင်ရည် (Performance) ကို တိုင်းတာရာတွင် အခက်အခဲများစွာ ရှိနိုင်သည်။ သို့သော် mutual Fund များအတွက်ကိုမူ အမေရိကန်နိုင်ငံတွင် Federal Securities Law အရ မဖြစ်မနေ ကြေ ညာရမယ့် အချက်များကို သတ်မှတ်ထားပြီးဖြစ်သည်၊ ထိုကြေညာရမည့်အချက်များကို မည့်သို့ တွက်ချက်ရမည်ကိုလဲ သေချာစွာ ရှင်းလင်းပြသထားသည်။ သို့သော် Hedge Fund များအတွက်မူ သေချာစွာ ရှင်းလင်းမှုများ မရှိရုံမျှမက ထုတ်ပြန်သော Data အချက်အလက်များသည်လည်း Fund manager များနှင့် အခြားပေးရန်ရှိသည်များ ထုတ်နှုတ်ပေးဆောင်ပြီးသော အချက်အလက်များ ဖြစ် လေ့ရှိသည်။

(၇) မိမိ Share များ ပြန်လည်ထုတ်ယူလိုသည့်အခါ ကန့်သတ်ချက်များရှိပါက ထိုကန့်သတ်ချက်များ ကို သိရှိရန် လိုအပ်သည်။
Hedge Fund များသည် Mutual Fund များနှင့်မတူပဲ Share များကို ပြန်လည်ရောင်းချရာ တွင် ကန့်သတ်ချက်များရှိသည်။ ထိုသို့ ပြန်လည်ရောင်းချရာတွင် မိမိကြိုက်နှစ်သက်သည့် နေ့ရက်နှင့် အချိန်တွင် ရောင်းချရန်မလွယ်ကူပဲ၊ ရင်းနှီးမြှုပ်နှံငွေများကို အနည်းဆုံးကာလတစ်ခုကြာ ရင်းနှီးမြှုပ်နှံ ထားရန် သဘောတူညီရသည်။ ထိုသဘောတူထားသော ကာလအတွင်း မည်သည့်အကြောင့်နှင့်မှ ထိုရင်းနှီးငွေကို ပြန်လည်ထုတ်ယူ၍မရပေ။ သို့သော် တချို့ Hedge Fund များသည် ရင်းနှီးမြှုပ်နှံသူ များကို ရင်းနှီးငွေများအား ပြန်လည်ထုတ်ယူလိုပါက ဒဏ်ကြေး တစ်စုံတစ်ရာ ပေးဆောင်စေပြီး ပြန် လည်ထုတ်ယူခွင့်ပြုသည်၊ ထို့အပြင် Hedge Fund များသည် ထုတ်ယူရန်ကာလသို့ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုများကိုပင် သေချာခိုင်လုံသော အကြောင်းပြချက်ရှိပါက ထုတ်ပေးမည့်ရက်ကို ရွှေ့ဆိုင်း နိုင်သည်။ ထုအကြောင်းအချက်များတွက် ဈေးကွက်ကျဆင်းနေချိန်နှင့် ကြုံကြိုက်နေခြင်း၊ ရင်းနှီးမြှုပ်နှံ မှုများသည် လွယ်ကူလျင်မြန်စွာ ငွေသားအဖြစ် ပြောင်းလဲရန် မလွယ်ကူခြင်းတို့ပါဝင်သည်။

(၈) ရင်းနှီးမြှုပ်နှံလိုသော Hedge Fund နှင့် Fund managers များ၏ နောက်ကြောင်းရာဇ၀င်ကို စုံစမ်းပါ။
ရင်းနှီးမြှုပ်နှံလိုသော Fund များနှင့် ထို Fund များကို ထိန်းချုပ်စီမံခန့်ခွဲနေသော Managers များ၏ နောက်ကြောင်းကို ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီ စုံစမ်းလေ့လာခြင်းသည် ရင်းနှီးမြှုပ်နှံလိုသူအတွက် ကောင်းမွန်သော အလေ့အထဖြစ်သည်။ စုံစမ်းစစ်ဆေးရမည့်ကိစ္စများတွင် Hedge Fund များ၏ နောက်ကြောင်းရာဇ၀င်၊ Fund manager များသည် မိမိ၏ ရင်းနှီးမြှုပ်နှံမှုကို စီမံကွပ်ကဲရန် အရည်အချင်းပြည့်စုံမှု ရှိ၊ မရှိ၊ ယခင်ကာလများတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းကမ်းများကို ဖောက် ဖျက်ခဲ့ခြင်း ရှိ၊ မရှိ၊ အကယ်၍ Fund manager များသည် SEC တွင် မှတ်ပုံတင်ထားပါက ထိုအကြောင်းအရာများကို SEC တွင် စုံစမ်းနိုင်သည်။ အကယ်၍ SEC မှတ်ပုံတင်ထားခြင်း မရှိပါကလဲ ဒေသတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အာဏာပိုင်များထံမှတစ်ဆင့် စုံစမ်းနိုင်ပါသည်။

(၉) Hedge Fund များတွင် ရင်းနှီးမြှုပ်နှံရာတွင် Fund manager များကို မေးမြန်းရမည့်၊ မေးမြန်းချင် သည့် မေးခွန်းများကို ရင်းနှီးမြှုပ်နှံမှု မစတင်ခင်မှာ သေချာစုံလင်စွာ မေးမြန်းပါ။
မေးမြန်းသင့်သော မေးခွန်းများမှာ-
(၉.၁) Hedge Fund များတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ကျသင့်မြည့် ကုန်ကျငွေနှင့် စရိတ်များ ကို သေချာစွာမေးမြန်းပါ။
Fund တွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ကျသင့်မည့် ငွေကြေးများနှင့် ကုန်ကျငွေများသည် ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရနှုန်း (Retuen on Investment) အပေါ် များစွာသက်ရောက်မှုရှိသည်။ Hedge Fund များသည် ပုံမှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှု၏ ၁% (သို့မဟုတ်) ၂% ထိကို Management Fees အဖြစ် ယူလေ့ရှိကာ Fund ၏ အမြတ်အစွန်း၏ ၂၀% ကို Performance Fees အဖြစ် ယူလေ့ရှိ သည်။ ဤသို့ကောက်ခံသော Fees များထက် ပိုမိုကာ ကောက်ခံထားခြင်းဖြစ်သည် Performance Fees သည် Hedge Fund managers များကို ပိုမို အမြတ်အစွန်းရရှိသော နေရာများတွင် စွန့်စားကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာအောင် ဆွဲဆောင်ထားနိုင်သည်။

(၉.၂) Fund ၏ ပိုင်ဆိုင်မှုများ (Assets) ကို မည်သို့ ကာကွယ်ထားသည်ကို မေးမြန်းပါ။
Hedge Fund manager သည် Fund ၏ Assets များကို စီမံပိုင်ခွင့်နှင့် လွှဲပြောင်းပေး နိုင်ခွင့်ကို ပုံမှန်အားဖြင့် ရရှိထားသူဖြစ်ရာ ထိုအခွင့်အာဏာကို Fund Manager အနေနှင့် အလွဲသုံးမှု မဖြစ်ပေါ်စေရန်အတွက် Hedge Fund အများစုသည် Fund ငွေစာရင်းကို ပြင်ပစာရင်းကိုင်များနှင့် တစ်နှစ်လျှင် တစ်ကြိမ် စစ်ဆေးလေ့ရှိသည်။ ထိုစစ်ဆေးမှုတွင် Fund ၏ ပိုင်ဆိုင်မှုများသည် စာရင်း တွင် ဖော်ပြထားသကဲ့သို့ ပြင်ပတွင် အမှန်တကယ်ရှိမရှိကို စစ်ဆေးသော စစ်ဆေးမှုများလည်း ပါဝင် သည်။ ထို့အပြင် Fund တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်သူက ရင်းနှီးမြှုပ်နှံလိုသော Fund ၏ ပိုင်ဆိုင်မှု များကို မည်သည့်နေရာတွင် သိမ်းဆည်းသည်ကို မေးမြန်းရန်လိုအပ်သည်။ ပုံမှန်အားဖြင့် Fund များ သည် ၎င်းတို့၏ Assets များကို ဂုဏ်သိက္ခာရှိသော ဘဏ်များနှင့် ပွဲစားကြီးများ (Broker) များထံတွင် ထိန်းသိမ်းထားလေ့ရှိသည်။ သို့ဖြစ်၍ ရင်းနှီးမြှုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံလိုသော Fund ၏ ပိုင်ဆိုင် မှုများကို မည်သည့်နေရာတွင် သိမ်းဆည်းထားသည်ကို သေချာစွာ မေးမြန်းပြီး မည်သို့ကာကွယ်ထား သည်ကိုလည်း သေချာစွာ မေးမြန်းရမည်ဖြစ်သည်။

(၉.၃) Fund ၏ ၀န်ဆောင်မှုများကို Fund အစား ဆောင်ရွက်ပေးနေသော တခြားကုမ္ပဏီများ ရှိမရှိကို မေးမြန်းပါ၊ ရှိပါက သူတို့အကြောင်းကိုလဲ စုံစမ်းပါ။
ပုံမှန်အားဖြင့် Hedge Fund များသည် သူတို့၏ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများကို ဆောင်ရွက်ရန်အတွက် တခြားသော လူပုဂ္ဂိုလ်နှင့် Company များကို ထပ်မံ၍ ဖွဲ့စည်းထားလေ့ရှိ သည်။ ထိုလူပုဂ္ဂိုလ်နှင့် Company များတွင် ပါဝင်ကြသူများမှာ Prime broker, Administrator, Outside Accountant, Outside Auditor, Valuation Agent တို့ ပါဝင်သည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံ မည့်သူသည် ထိုပုဂ္ဂိုလ်များနှင့် Company များ၏ စွမ်းဆောင်ရည်နှင့် Fund နှင့် ရင်းနှီးမြှုပ်နှံသူများအ တွက် ၎င်းတို့ထုတ်ပြန်ပေးသော အစီရင်ခံစာ၏ မှန်ကန်တိကျမှု အစရှိသော အချက်အလက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
(၉.၄) အထက်ပါ မေးခွန်းများကို မေးမြန်းရာတွင် သိချင်သည့်ကိစ္စများကို သေချာစွာ မေးမြန်း ရန်လိုအပ်သည်။
ရင်းနှီးမြှုပ်နှံသူသည် သူပိုင်ဆိုင်သောငွေကြေးကို သူတစ်ဦးတစ်ယောက် (သို့မဟုတ်) Fund တစ်ခုကိုယုံကြည်ကာ အပ်နှံရခြင်းဖြစ်ရာ ထိုသို့အပ်နှံရန်အတွက် သူအပ်နှံသော ငွေကြေးများကို မည်သူက မည်သို့မည်ပုံ သုံးစွဲသည်ကို သိရှိခွင့်ရရန် အခွင့်အရေးရှိသည်။ ထို့အပြင် မည်သည့်အချိန် တွင် မည်သို့ပြန်ရမည်၊ Fund ကို မည်သို့ ကာကွယ်ထားသည်။ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်အနေနှင့် ရသင့်သော အခွင့်အရေးများ အစရှိသည်တို့ကို တိကျသေချာစွာ သိရှိရန် အခွင့်အရေးရှိသည်။
Hedge Fund တစ်ခုကို ၀ယ်ယူသူများအပေါ်တွင် ပုံမှန်အားဖြင့် အစိုးရကထုတ်ပြန်သော ဥပဒေများသည် Mutual Fund များကို ၀ယ်ယူသူများအပေါ် ထုတ်ပြန်သော ဥပဒေများကဲ့သို့ တင်းကျပ်ခြင်းမရှိလှပေ။ ဥပမာအားဖြင့် Hedge Fund များသည် အများပြည်သူများထံသို့ သတင်း အချက်အလက်များ ထုတ်ပြန်ရာတွင် Mutual Fund များကဲ့သို့ သတင်းအချက်အလက်များစွာ မလိုအပ်ပေ။ ထိုအချက်က Hedge Fund များကို ရင်းနှီးမြှုပ်နှံသူများအပေါ် Hedge Fund တာဝန်ယူ မှုကို ဆုံးဖြတ်ရာတွင် အခက်အခဲများစွာ ရှိနေသေးပါကြောင်း တင်ပြရင်း Hedge Fund များတွင် ရင်းနှီးမြှုပ်နှံခြင်းအကြောင်းကို နိဂုံးချုပ်လိုက်ရပါသည်။ ZTK

-Myanmar Banking and Finance Magazine

Leave a Reply

Your email address will not be published. Required fields are marked *