Announcement

ကျွန်တော်တို့ ဒီရက်ပိုင်းအတွင်း နည်းနည်း အလုပ်တွေရှုပ်ပါတယ်။ ZTK Page မှာ Myanmar လို Update တွေတင်နိုင်ဖို့ရော.. နောက် ကျွန်တော်တို့ စာဖတ်သူ/ ပရိသတ်တွေအတွက် ရှေ့ မှာ စိတ်ဝင်စားဖွယ် ၊ ဗဟုသုတရဖွယ်အရာများ ဖန်တီးပေးဖို့အတွက် စီစဉ်နေရလို့ပါ။ ကျွန်တော်တို့က Financial ဘက်တော်သားတွေဆိုတော့ ဒီရက်ပိုင်းအတွင်း ဖတ်ဖြစ်နေတာတွေထဲက Financial နဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်အနည်းငယ်ကို မျှဝေလိုပါတယ်။ အတိုချုံ့ ပြောရရင် Islam နိုင်ငံတွေရဲ့  ဘဏ္ဍာရေးကဏ္ဍ (Islamic Banking) အခြေအနေတွေကို လေ့လာဖြစ်နေတာပါ။ အားလုံးသိကြတဲ့အတိုင်း သူတို့ရဲ့  Traditional Shari’ah တန်ဖိုးတွေအရ အတိုးမယူရ ၊ မပေးရဆိုတဲ့ တားမြစ်ချက်တွေရှိတော့ – အစက သူတို့ဆီမှာ Banking […]

Entrepreneur တွေဟာ ဘာကြောင့် ကိုယ်ပိုင် အချိန် တွေပိုလိုအပ်သလဲ

သင်ဟာ Entrepreneur ဆိုလို့ရှိရင် ဒီလိုအခြေအနေမျိုးနဲ့သင်ကြုံဘူးမှာပါ။ Company အသစ်လုပ်ငန်းအသစ်မှာ ကြုံရတဲ့ ပြသနာတွေကိုဖြေရှင်းဖို့ တစ်ပတ်ကို နာရီ၆၀ လောက် အလုပ်လုပ်နေရမယ်။ ဒါ့ အပြင် ရုံးပိတ်ရက်တွေတောင်မှပဲ သင်ဟာ သင့် အလုပ်စားပွဲနဲ့ မခွဲနိုင်မခွာရက်ဖြစ်နေမယ်။ နောက်ဆုံး သင်ဟာ သင့်သူငယ်ချင်းတွေနဲ့ တူတူရှိနေချိန်မှာတောင် ဒါမှမဟုတ်မိသားစုအတွက်အချိန်ပေးနေရတာတောင်မှ သင်ဟာ အလုပ် အကြောင်းကိုပဲ မစဉ်းစားပဲ ကို မနေနိုင်ပဲဖြစ်နေမယ်။

US မှ မြေယာတွင်ရင်းနှီး မြုပ်နှံသူ တို့ အကြပ်အတည်းတွေ့

Corelogic ရဲ့ အစီရင်ခံစာ အရ အိမ်ယာများ ၏ လေလံဈေးနှုန်းများဟာ ငှားရမ်းခများထက်ပိုမို လျှင်မြန်စွာ ဈေးတက်လာခြင်းကြောင့် မြေယာတွင်ရင်းနှီးမြုပ်နှံသူများရဲ့ အရင်းပြန်ရချက် နှုန်းများ(ROI- Return on investment) အလွန်ကျဆင်းနေကြောင်းသိရပါတယ်။

ZTK News ©

စင်ကာပူအခြေစိုက် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများ ယခုနှစ်အတွက် အပိုဆုကြေးပိုရရန် ယုံကြည် အာရှဒေသ၏ ဘဏ္ဍာရေးအချက်အချာဗဟိုဖြစ်သော စင်ကာပူမှ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများသည် ယခုနှစ်အတွက် အပိုဆုကြေးပိုမိုရရှိရန် ယုံကြည်နေကြကြောင်း စစ်တမ်းတစ်ရပ်အရ သိရသည်။ ဘဏ္ဍာရေးဝန်ထမ်းများအတွက် အလုပ်အကိုင်ရရှိရေးဝန်ဆောင်မှုပေးသောလုပ်ငန်း eFinancial Careers မှ ယခုစစ်တမ်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်နှင့် ဂျာမနီမှ ဘဏ္ဍာရေးလုပ်ငန်းလုပ်ကိုင်နေသူများကို စစ်တမ်းကောက်ကြည့်ရာတွင် ၈၃ ရာခိုင်နှုန်းက ယခုနှစ်တွင် အပိုဆုကြေးပိုရရန်ယုံကြည်ကြပြီး စင်ကာပူတွင် စစ်တမ်းကောက်ယူရာတွင်မူ ၅၀ ရာခိုင်နှုန်းက ယခင်နှစ်ကထက် အပိုဆုကြေးပိုရနိုင်ရန်ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် တစ်ဦးချင်းစွမ်းဆောင်ရည်အရကော ကုမ္ပဏီအလိုက်စွမ်းဆောင်ရည်ပါ မြင့်တက်ကောင်းမွန်လာခြင်း ၊ ယခုနှစ်အတွင်း ဘဏ္ဍာရေးဝန်ထမ်းများ၏ အခြေခံလစာတိုးတက်လာခြင်း တို့ကြောင့် အပိုဆုကြေးပိုရရန်မျှော်လင့်လာခြင်းဖြစ်ကြောင်း eFinancial Careers ၏ အာရှ-ပစိဖိတ်ဒေသ မန်နေဂျင်းဒါရိုက်တာ George McFerran က […]

ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ(၁)

ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ (Financial Institutions) အတွက် အဓိကအားဖြင့် ငွေကြေးဈေးကွက် (Money Market) များနှင့် အရင်းအနှီးဈေးကွက် (Capital Market) တို့သည် အရေးပါသည်။ ငွေကြေးဈေး ကွက်များသည် ကာလတိုအတွက် ရည်ရွယ်ပြီး ထူထောင်ထားသော ငွေကြေးအဖွဲ့အစည်းဖြစ်သည်။ တနည်း အားဖြင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော ငွေကြေးကိုရယူနိုင်သော ငွေကြေး အဖွဲ့အစည်းလည်းဖြစ်သည်။ အရင်းအနှီးဈေးကွက်များကတော့ ကာလရှည်ရင်းနှီးမြှုပ်နှံမှုများအတွက် ထုတ်ချေး သော ငွေကြေးသည် ဈေးကွက်ဖြစ်သော်လည်း အရင်းအနှီးဈေးကွက်အဖြစ် သတ်မှတ်ခေါ်ဆိုထားသည်။

Entrepreneur တွေအကြီးအကျယ် အောင်မြင်ချင်ရင် ရှောင်ရမည့်အချက်(၃)ချက်

Entrepreneur တွေအကြီးအကျယ် အောင်မြင်ချင်ရင် ရှောင်ရမည့်အချက်(၃)ချက် Entrepreneur တွေ ရဲ့ လုပ်ငန်းအစဟာ ကြမ်းတမ်းပါတယ်။ လူနည်းနည်းနည်းနဲ့ပဲ လုပ်ငန်းစရတယ်၊ ၀င်ငွေကလဲ ထင်သလောက်မကောင်းသေးဘူး၊ လုပ်ငန်းလည်ပတ်ရအောင်ကိုပဲ မနည်းကြိုး စားနေရတယ်။ ၀င်ငွေပိုဝင်ဖို့အတွက် အလုပ်ကို ပိုကြိုးစားရပါတယ်။ Entrepreneur တွေကြိုးစားရင် ကြိုးစားသလောက် အရာထင်ဖို့အတွက် ရှောင်ရမည့်ကိစ္စ(၃)ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။