
မြိတ် အများပိုင် ကုပ္ပဏီ သည် မြိတ်ကျွန်းစုရှိ ကျွန်း (၄) ကျွန်းပေါ်တွင် နိုင်ငံတကာ အဆင့်မှီ အပန်းဖြေဟိုတယ် ၄ လုံးကို တင်္နသာရီတိုင်း ကျွန်းစုမြို့နယ်တွင် နောက်လေးနှစ် အတွင်းတည်ဆောက်သွားမည်ဟု သိရသည်။ မြိတ် အများပိုင် ကုပ္ပဏီသည် ယခုလောလောဆယ်အားဖြင့် အပန်းဖြေဟိုတယ် တည်ဆောက်ရေးစီမံကိန်း ကို အပြည့်အ၀ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး လိုအပ်သော မြေပြင်တိုင်းတာ စစ်ဆေးမှုများ ကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်းသိရသည်။ ထိုဆောက်လုပ်ရေးလုပ်ငန်း Project ကို နိုင်ငံတစ်ကာမှကျွမ်းကျင် သူများနှင့်စတင်ကာတည်ဆောက်နေပြီဖြစ်ကြောင်း လာရောက်တည်းခိုသော နိုင်ငံခြားသား ဧည့်သည်များအား သဘာဝပတ်ဝန်းကျင် အလှအပများကို အပြည့်အ၀ခံစားနိုင်စေ နှင့် ဆလုံလူမျိုးတို့၏နေထိုင်မှု ဘ၀ပုံစံများကို လေ့လာနိုင်စေရန် အတွက် ဟိုတယ် ကို သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေပဲ တည်ဆောက်သွားမည်ဟု မြိတ် […]





