
လောဘကြီးမှုက မြန်မာနိုင်ငံရဲ့ စီးပွားရေးပူဖောင်းကို ကွဲထွက်စေမည်လား? (Eric Rosenkrantz က The Nation မှာရေးသားခဲ့တဲ့ ဆောင်းပါးကို အကျဉ်းချုံးပြီး ပြန်လည်မျှဝေအပ်ပါသည်။) မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်လာတာနဲ့အမျှ ခရီးသွားလုပ်ငန်းများနဲ့ အတူ အခြား နိုင်ငံ တကာ စီးပွားရေး လုပ်ငန်းများလည်း ထွန်းကားလာပါတယ်။ ကျွန်တော့်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ စီးပွားရေး အခင်းအကျင်း အသစ်ကိုပဲ အာရုံစိုက်နေကြတဲ့ လူပေါင်းများစွာနဲ့ တွေ့ကြုံခဲ့ရပါတယ်။ မထင်မှတ်ပဲ ယခုလိုအခြေအနေပေါ် အမြတ်ထုတ်နေကြတဲ့ လူတွေနဲ့လည်း ဆုံတွေ့ခဲ့ပါတယ်။ ဥပမာလေး တစ်ခုပြောပါမယ်။ ကျွန်တော်ရန်ကုန်ရောက်တိုင်း နေနေကြ Hotel က ယခင်ကဆို တစ်ည $75 ။ အခု $150 ဖြစ်သွားပါပြီ။ ကျွန်တော်ရန်ကုန်မရောက်ခင် နှစ်ရက်အလိုမှာတော့ $225 ဖြစ်သွားပြီလို့ […]
