TDM

“Markets go down when the last dumb buyer has bought”.
Tom De Mark, CEO De Mark Analytics
“အမြှော်အမြင်မရှိတဲ့ ၀ယ်သူတွေတောင်ရှိလာပြီဆိုရင် ဈေးကွက်က ထိုးကျတော့မှာပါ” တဲ့ ။ သဘာဝ နိယာမအတိုင်းပဲ – ဈေးကွက်တစ်ခုဟာလည်း အတက်ရှိသလို အကျရှိပါတယ်။ အမေရိကန်က S&P 500 ဈေးကွက်ဟာဆိုရင်လည်း အထက်ပိုင်းရောက်ခဲ့တဲ့ အများဆုံးကာလဟာ ၁၀ နှစ်တာ ကာလလောက်ပဲရှိပါတယ်။ ပြီးရင် ဈေးကွက်က ပျက်ပါတယ်။ ဈေးကွက်ဆိုလို့ စတော့ ဈေးကွက်တစ်ခုတည်းကို ရည်ညွှန်းတာမဟုတ်ရပါ။ မြန်မာနိုင်ငံမှာလည်း မဖြစ်ပေါ်သေးတဲ့ ဈေးကွက်၊ ပေါ်ထွန်းစဈေးကွက်၊ အောင်မြင်မှု အမြင့်ဆုံးရောက်နေတဲ့ဈေးကွက်နဲ့ အကျဈေးကွက်များ များစွာ ရှိပါတယ်။ အောင်မြင်မှုအမြင့်ဆုံးရောက်နေတဲ့ ဈေးကွက်ဟာဆိုရင်ဖြင့် မကြာမီ အကျပိုင်းနဲ့ ရင်ဆိုင်ရတော့မှာပါ။ အပေါ်က ကျွန်တော်ပြောခဲ့တဲ့ Quote နဲ့ပဲ ယှဉ်ကြည့်လေ – ယခုဆို ကျွန်တော်တို့နိုင်ငံရဲ့ အမြင့်ဆုံးရောက်နေတဲ့ဈေးကွက်ကို သာမန်နုံချာတဲ့သူများ (ငွေကြေးချမ်းသာ ကြွယ်ဝမှုနှင့် မသက်ဆိုင်ပါ) ကတောင် ၀င်ရောက်ကစားနေကြပါပြီ။
ဈေးကွက်တစ်ခုကျဆင်းဖို့အတွက် နိမိတ်လက္ခဏာ နောက်တစ်ခုကတော့ “လူအများက ယခုအချိန်ဟာ ၀ယ်ယူဖို့ အကောင်းဆုံးအချိန်ပဲ” လို့၊ တွေးထင်နေတဲ့အချိန်ပဲဖြစ်ပါသည်။ Warren Buffett ပြောခဲ့သလိုပဲ လူအများက လောဘအရမ်းတက်နေပြီဆိုရင် ကိုယ်ကထိုအခြေအနေကို ကြောက်ရွံ့ပူပန်ရတော့မှာပါ။
အနာဂတ်မှာ စီးပွားရေးတိုးတက်ပြောင်းလဲမှု ဖြစ်ပေါ်လာရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ “ထို အမြင့်ဆုံးရောက်နေတဲ့ ဈေးကွက်” ဟာ ကျဆင်းမှုမဖြစ်ပေါ်နိုင်သေးပါဘူးလို့ သာမန်အားဖြင့် ခန့်မှန်းလို့ရပါတယ်။ သို့ပေသည့် နိုင်ငံခြားသားတွေကို အခြေမခံပဲ နိုင်ငံသားတွေကိုသာ အခြေခံတဲ့ စစ်မှန်တဲ့ စီးပွားရေးတိုးတက်ပြောင်းလဲမှု ဖြစ်ပေါ်ချင်တယ်ဆိုရင်တော့ ထိုဈေးကွက်ကြီး ကျဆင်းမှု မဖြစ်ပေါ်ဘဲ မရနိုင်ပါ။
ဒါကြောင့် မလိမ္မာမပါးနပ်သောသူများပါ ၀င်ရောက်ကစားနေခြင်း၊ လူအမြောက်အများက အမြတ်သေချာပေါက်ရနိုင်တဲ့ ဈေးကွက်ကြီးအဖြစ် ထင်မြင်နေကြခြင်းတို့ကြောင့် Tom De Mark ပြောခဲ့တဲ့စကားဟာ ထိုဈေးကွက်ကြီးအတွက် မှန်လာတော့မည်လားဟု ထင်မှတ်ရင်း…….

-Myanmar Banking and Finance Magazine

Leave a Reply

Your email address will not be published. Required fields are marked *