“ယခုလက်ရှိ Wall Street ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုဘဏ်များထဲမှ တစ်ခုဖြစ်သော Goldman Sachs ဟာဆိုရင်ဖြင့် သူ့ရဲ့ ကနဦးအစပိုင်းကို ရိုးရှင်းစွာ စတင်ခဲ့ရပါတယ်။ ဂျာမနီနိုင်ငံမှ အခြေစိုက်ဝင်ရောက်လာသူ Marcus Goldman က လုပ်ငန်းကို ၁၈၆၉ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး တော့ သူ၏သမက်ဖြစ်သူ Samuel Sachs က လုပ်ငန်းအတွက် ၀င်ရောက်လာတဲ့အခါမှ Goldman Sachs ဆိုပြီး တရားဝင်ကုမ္ပဏီ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ ကုမ္မဏီဟာ ၁၈၉၆ ခုနှစ်တွင်တော့ နယူးယောက်စတော့အိတ်ချိန်း (NYSE) မှာ စတင် စာရင်းတင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၀၆ ခုနှစ် မတိုင်ခင်ထိတော့ အများပြည်သူသို့ စတင်ထုတ်ဝေရောင်းချခြင်း IPO (Initial Public Offering) မလုပ်ခဲ့ပါဘူး။ ၂၀ ရာစု တစ်လျှောက်လုံးမှာ Goldman Sachs ဟာ အမေရိကန်နိုင်ငံရဲ့ အကြီးမား ဆုံးနှင့် လူသိများတဲ့ ကုမ္ပဏီတွေဖြစ်ကြတဲ့ Ford Motor Company၊ Sears Roebuck၊ Microsoft နဲ့ Yaboo တို့ကို IPO လုပ်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်များမှ ယခုလက်ရှိငွေကြေး ၀ရုန်း သုန်းကား အခြေအနေများထိ ရှည်လျားတဲ့ သမိုင်းကြောင်းရှိတဲ့ Goldman Sachs ဟာ ဆိုရင်ဖြင့် အတက်အကျ အများအပြားကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ယခုလက်ရှိ မြင်တွေ့နေရတဲ့အတိုင်း ပါပဲ။ သူ့ရဲ့ပြိုင်ဘက်များနှင့်မတူ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလများကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့ပါတယ်။”

၁၉ ရာစုနှစ် ကာလ Goldman Sachs
—————————-
Marcus Goldman ဟာ အမေရိကန်နိုင်ငံမှာ သူရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို အရောင်းသမားဘ၀က စတင်ခဲ့ရပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကြီးသူပီပီ များမကြာမီ ကိုယ်ပိုင် အထည်ဆိုင်ကို Philadelphia မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၁၈၆၉ ခုနှစ်မှာတော့ နယူးယောက်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး Promissory Note များ ရောင်းဝယ်မှုကို စတင်ခဲ့ပါတယ်။ (Promissory Note ဆို သည်မှာ တစ်စုံတစ်ယောက်က အခြားသူတစ်ယောက်သို့ သတ်မှတ်ထားသော အချိန်ကာမှာ သတ်မှတ်ထားသောအတိုးဖြင့် သဘောတူထားသောငွေကြေးကို ပြန်လည်ပေးဆပ်မည်ဟု ကတိပြု ထားသော ငွေကြေးဆိုင်ရာ စာချုပ်စာတမ်းတစ်ရပ် ဖြစ်ပါသည်။) ၁၈၈၂ ခုနှစ်မှာတော့ တူဖြစ်သူ Samuel Sachs က လုပ်ငန်းကို ၀င်ရောက်ကူညီလုပ်ကိုင်ခဲ့ပြီး ၁၈၈၅ ခုနှစ်မှာတော့ လုပ်ဖော်ကိုင်ဖက် တွေ ဖြစ်သွားကြပါတယ်။ နောက်ဆုံးတွင်တော့ Henry Goldman နှင့် Ludwig တို့ကပါ ကုမ္ပဏီမှာ ပူးပေါင်းပါဝင်လာပြီး Goldman, Sachs and Co.” ရယ်လို့ ဖြစ်ပေါ်လာခဲ့ပါတယ်။
၂၀ ရာစုနှစ်ကာလ Goldman Sachs
—————————
Goldman, Sachs & Co ဟာဆိုရင် ၂၀ ရာခုနှစ်သစ်ကို ခြေလှမ်းအသစ်များဖြင့် ချင်းနင်း ၀င်ရောက်နိုင်ခဲ့ပါတယ်။ ၁၉၀၆ ခုနှစ်မှာတော့ သူ၏ကိုယ်ပိုင် IPO အတွက် ပူးပေါင်း စီမံနိုင်ခဲ့ရုံတင် မကဘဲ တစ်ပြိုင်တည်း Sears Roebuck ( Sears Roebuck ဟာ အမေရိကန် နိုင်ငံမှာရှိတဲ့ ကုန်ပဒေသာ စတိုးဆိုင်ကြီးဖြစ်ပါတယ်) ရဲ့ IPO အတွက်ကိုပါ ပူးတွဲစီမံနိုင်ခဲ့ပါတယ်။ သူရဲ့ သြဇာ အာဏာနှင့် ကျွမ်းကျင်လိမ္မာမှုတို့ကို အသုံးချပြီး Goldman Sachs ဟာ ထုတ်ကုန်အသစ် အမြောက် အများကိုလည်း ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ လျင်မြန်တဲ့ မြန်နှုန်းနဲ့ ကြီးထွားခဲ့ပြီး သူတို့ရဲ့ လက်ခွဲဌာနဖြစ် တဲ့ Goldman Sachs Trading Corporation ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ထိုဌာနခွဲဟာ ၁၉၁၉ ခုနှစ် စတော့ဈေးကွက် ပြိုလဲမှုအတွင်း သားကောင်ဖြစ်ခဲ့ရပါတယ်။
မကြာသေးမီကာလ Goldman Sachs
—————————-
၁၉၉၈ ခုနှစ်မှာတော့ ကုမ္မဏီဟာ အများပိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းတော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်၊ မေလတွင်တော့ ဒေါ်လာ ၃၀၆ ဘီလီယံတန်ကြေးရှိ စတော့ ၆၉ သန်းကို နယူးယောက်စတော့အိတ်ချိန်းမှ တစ်ဆင့် ရောင်းချနိုင်ခဲ့ပြီး ထိုအချိန်ကာလမှစတင်၍ ကုမ္မဏီဟာ “The Goldman Sachs Group Inc” အဖြစ် တရားဝင် အမည်ပြောင်းလဲ ခေါ်ဝေါ် လေ့လာခဲ့ပါတယ်။ ယခုလက်ရှိ Goldman Sachs ဟာဆိုရင် ယခင်တုန်းကလိုတော့ ငွေကြေးကဏ္ဍ အတွက် စွမ်းအားအရင်းအမြစ်များ အဓိကထုတ်ပေးရာနေရာကြီးတော့ မဟုတ်တော့ပါဘူး။ Citibank ဟာ Goldman Sachs ထက် ၃ဆကြီးမားပြီး JP Morgan Chase & Co. ကတော့ ၎င်းထက် ၂ ဆကြီး မားနေကြပါပြီ။ ကောလလတွေအရတော့ Goldman Sachs ဟာ လက်ရှိအခြေအနေအတိုင်း ဆက်လက် တည်မြဲနေချင်ရင် အထက်မှာပြောခဲ့တဲ့ ကုမ္မဏီ ၂ ခုထဲက တစ်ခုနဲ့ပူးပေါင်းဖို့လိုနေပြီလို့ ပြောဆိုနေကြပါတယ်။
စီးပွားရေးလုပ်ငန်းခွဲများ
—————–
Goldman Sachs မှာ အဓိကကျတဲ့လုပ်ငန်းကြီးတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်း၊ Asset Management (ကုမ္ပဏီတစ်ခုရဲ့ ထိတွေ့ကိုင်တွယ်လို့ရတဲ့ ဥစ္စာပစ္စည်းများနှင့် ထိတွေ့ကိုင်တွယ်လို့ မရတဲ့ဥစ္စာများ – (ဥပမာ- နာမည်ကောင်းကို စီမံခန့်ခွဲခြင်း) နှင့် ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းဟူ၍ (၃) မျိုး (၃) စား ရှိပါတယ်။
အောက်ပါဇယားတွင်တော့ ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း လုပ်ငန်းလည်ပတ်မှုစုစုပေါင်းမှ အသားတင်ဝင်ငွေများကို ဖော်ပြထားပါတယ်။

invest
အထက်ပါ လုပ်ငန်းကြီး (၃) ရပ်အောက်တွင်တော့ လုပ်ငန်းခွဲများအနေဖြင့် အောက်ပါအတိုင်း ထပ်မံ၍ ခွဲခြားနိုင်ပါသေးသည်။

(၁) Investment Banking
———————-
ရင်းနှီးမြှုပ်နှံမှုဘဏ်သီးသန့် မဟုတ်သော်ငြားလည်း ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်း ကဏ္ဍမှာ တော့ Goldman Sachs က ဦးဆောင်နေပါတယ်။ ၂၀၀၉ ခုနှစ် စာရင်းဇယားများအရ ကမ္ဘာအနှံ့ လုပ်ငန်းပေါင်းစည်း၊ သိမ်းပိုက်မှု (Mergers & Acquisitions) ဆိုင်ရာဝန်ဆောင်မှုနှင့် အများပြည်သူတို့ သာမန်အစုရှယ်ယာများ ထုတ်ဝေရောင်းချမှုအပိုင်းတွင် Goldman Sachs က နံပါတ်(၁) ဖြစ်ပါတယ်။ Goldman Sachs ဟာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းခွဲမှတဆင့် ကော်ပိုရေးရှင်းကြီးများနှင့် တခြား ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများသို့ အကြံပေးဝန်ဆောင်မှုများ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် သက်ဆိုင် သော ၀န်ဆောင်မှုများ (Structuring)၊ ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့် ပြန် လည်ရောင်းချခြင်းဆိုင်ရာ ၀န်ဆောင်မှုများ (Underwriting Services)၊၊ လုပ်ငန်းပူးပေါင်းခြင်း (သို့) သိမ်းပိုက်ခြင်းဆိုင်ရာဝန်ဆောင်မှုများ (Mergers & Acquisition)၊ စီမံကိန်းများ အရင်းအနှီးရှာဖွေရေး (Project Financing) ဆိုင်ရာဝန်ဆောင်မှုများ အစရှိသော ကွဲပြားတဲ့ဝန်ဆောင်မှုပေါင်းစုံကို ပေးအပ် လျက်ရှိပါသည်။
အောက်ဖော်ပြပါဇယားမှာတော့ Goldman Sachs ရဲ့ ငွေကြေးဆိုင်ရာ အကြံပေးလုပ်ငန်း (Financial advisory) နှင့် ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့် ပြန်လည်ရောင်း ချခြင်း (Underwriting) တို့မှ ရရှိသော အသားတင်ဝင်ငွေများကို ဖော်ပြထားပါသည်။
Pic (2)

(၂) Trading and Principal Investments
————————————-
Goldman Sachs ရဲ့ Trading နှင့် Principal ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းခွဲကတော့ ၂၀၀၈ ခုနှစ် ကိန်းဂဏန်းအရ ၀င်ငွေဒေါ်လာ ၉,၀၆၃ သန်းဖြင့် ကုမ္ပဏီ၏ အကြီးမားဆုံးသော လုပ်ငန်းခွဲတစ်ခု အဖြစ် ရပ်တည်လျက်ရှိပါတယ်။ ဤလုပ်ငန်းခွဲကတော့ လူတစ်ဦးတစ်ယောက်ချင်း (သို့) ကော်ပိုရေး ရှင်းများ၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းမျာနှင့် အစိုးရများအတွက် တစ်ကမ္ဘာလုံးရှိစတော့များ၊ အနာဂတ်ကြိုရောင်းစာချုပ်၊ ဈေးနှုန်းအာခံစာချုပ် (Options) များကို အရောင်းအ၀ယ်ပြုလုပ်ပေးခြင်း ဖြင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။
Goldman Sachs ၏ Trading နှင့် Principal ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းခွဲတွင် (၁.၁) Fixed Income၊ Currency & Commodities (၁.၂) Equities နှင့် (၁.၃) Principal Investment ဟူ၍ အပိုင်း (၃) ပိုင်း ထက်မံခွဲခြားနိုင်ပါသေးသည်။
၎င်းတို့နှင့်ပတ်သက်သော ၀င်ငွေများကိုတော့ အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။
Pic (3)

(၃) ရပိုင်ခွင့်များ စီမံခန့်ခွဲခြင်းနှင့် ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်းဆိုင်ရာ ၀န်ဆောင်မှုများ
(Asset Management & Securities Services)
—————————————-
ဒီအပိုင်းမှာတော့ Goldman Sachs ဟာ သူ့ရဲ့ တစ်ဦးချင်း (Individual) နှင့် အဖွဲ့အစည်း လိုက် ရင်းနှီးမြှုပ်နှံသော ရင်းနှီးမြှုပ်နှံသူများ (Institutional Investors) များရဲ့ အဓိကရပိုင်ခွင့် (Assets) အမျိုးအစားများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သော အကြံဥာဏ်များပေးအပ်ခြင်း၊ စီမံကိန်းရေးဆွဲခြင်း၊ နည်းဗျူဟာများ ချမှတ်ခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိပါတယ်။
ယခုလုပ်ငန်းခွဲဟာဆိုရင် ရန်ပုံငွေများ၊ ငွေပဒေသာပင်များ၊ ဖောင်ဒေးရှင်းများ၊ မဟာသူကြွယ် များ (high-net-worth individuals) အတွက် အကျိုးဆောင် (Brokerage) ပြုလုပ်ပေးခြင်း၊ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ပေးခြင်း၊ အရင်းအနှီးရှာဖွေပေးခြင်းများလည်း ပြုလုပ် ပေးလျက်ရှိပါသည်။
Asset Management နှင့် Securities Services များအတွက် အသားတင်ဝင်ငွေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Pic (4)
ဝါရင်းဘတ်ဖတ်၏ Goldman Sachs တွင် ရင်းနှီးမြှုပ်နှံမှု
——————————————
ငွေကြေးအကျပ်အတည်းကြီး အမှောင်ဆုံး/ အနက်ရှိုင်းဆုံးအချိန်ထိ ရောက်နေချိန် ၂၀၀၈ ခုနှစ်မှာပဲ ၀ါရင်းဘတ်ဖတ်တာ Goldman Sachs အတွင်းသို့ ဒေါ်လာ ၅ ဘီလီယံဖိုး ငွေဖြည့်တင်းဖို့ စီမံခဲ့ပါတယ်။ ဒါပေမယ့် ဘတ်ဖတ်ဟာ Goldman ရဲ့ သာမန်အစုရှယ်ယာ (Common Stock) တွေ ကို ၀ယ်ခဲ့ခြင်းမဟုတ်ပါဘူး။ ၎င်းအစား ဘဏ်နှင့် တစ်သီး ပုဂ္ဂလဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး Goldman အတွက်တော့ တန်ဖိုးကြီးမားသော အရင်းအနှီးတစ်ခုဖြစ်တဲ့ ဦးစားပေးရှယ်ယာများ (Preferred Stock) ကို ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ၁၀% အမြတ်ဝေစုနှင့်တကွ စတော့တစ်ခု၏ တန်ဖိုးဒေါ်လာ ၁၁၅ အထိ ရောက်ရှိလာသောအခါ သာမန်အစုရှယ်ယာ (Common Stock) အဖြစ် ပြောင်းလဲဝယ်ယူလို့ရနိုင်ရမယ်ဆိုတဲ့ အာမခံချက်နဲ့အတူ ဦးစားပေးရှယ်ယာ ဒေါ်လာ ၅ ဘီလီယံဖိုး ၀ယ်ယူခဲ့ပါတယ်။
“ Buffett ၏ ၁၀% အမြတ်ဝေစု” ဆိုတာကတော့ Goldman ရဲ့ ၀င်ငွေများကို သူ၏ အဓိက ပိုင်ရှင်များထံ ခွဲဝေမှုမပြုပေးခင်မှာပဲ Buffett က အရင်ဆုံးရရှိမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကုမ္ပဏီဟာ Buffett ကို အမြတ်ဝေစု လုံလုံလောက်လောက် ပေးနိုင်ဖို့အတွက် ၀င်ငွေပြည့်ပြည့်၀၀ မရှာနိုင်ခဲ့ဘူး ဆိုရင် အဓိကပိုင်ရှင်တွေအတွက်လည်း အမြတ်ဝေစု ခွဲပေးလို့ရမှာမဟုတ်တော့ပါဘူး။

Goldman ၏ ကူးသန်းရောင်းဝယ်မှုဘဏ်အဖြစ် ကူးပြောင်းခြင်း
———————————————-
၂၀၀၀၈ ခုနှစ်၊ စက်တ်င်ဘာ ၁၁ ရက်နေ့မှာတော့ Goldman Sachs ဟာ ရင်းနှီးမြှုပ်နှံမှုဘဏ် အဖြစ်မှ ဘဏ်ဦးပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခွင့်ကို ဗဟိုဘဏ် (Federal Reserve) မှ ခွင့်ပြုမိန့်ရရှိခဲ့ ပါတယ်။ မြီရှင်စနစ်နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ၀ရုန်းသုန်းကား အခြေအနေများ၏ တစ်စိတ်တစ်ပိုင်း အနေနဲ့ အမေရိကန်နိုင်ငံ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး (၃) ဘဏ်ဖြစ်သည့် Goldman Sachs၊ Morgan Stanlety နှင့် Merrill Lynch တို့ဟာ ရင်းနှီးမြှုပ်နှံမှုဘဏ်အဖြစ်မှ “ဘဏ်” အဖြစ် ရောက်ရှိခဲ့ပါတယ်။
ဈေးကွက်မတည်မငြိမ်ဖြစ်နေခြင်းကြောင့်သာ ဘဏ်ဦးပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်ရပေ မည့် သူတို့ဟာ သာမန်ကူးသန်းရောင်းဝယ်ရေးဘဏ် တစ်ခုအနေနဲ့သာ တည်ရှိနေဖို့တော့ စိတ်ကူးမရှိ ခဲ့ပါဘူး။ ငွေကြေးအကျပ်အတည်း၏ အကျိုးဆက်အဖြစ် ထိုကုမ္ပဏီကြီးတွေရဲ့ ရပိုင်ခွင့်များရဲ့တန်ဖိုး ဟာ သူတို့ရဲ့ ကိုယ်ပိုင်အရင်းအနှီးထက် အဆမတန် ကျဆင်းနေခြင်းကြောင့်သာ ထိုကဲ့သို့ ဘဏ်ဦးပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ တွန်းအားပေးခံခဲ့ရခြင်းဖြစ်ပါတယ်။ သို့ပေသည့် ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းစနစ်က Goldman Sachs ကို ပြောင်းလဲစေနိုင်မည့် အခြေနေထက် Goldman Sachs က ထိုစနစ်ကို ပြောင်းလဲမှုပြုနိုင်ခြေက ပိုမိုများပြားနေပါတယ်။
ဥရောပနှင့် အာရှဒေသတွေမှာ အသုံးမျာတဲ့ “Universal bank” စနစ်ဟာဆိုရင် ယခု အမေရိကန်နိုင်ငံက အဓိကဘဏ်များအတွင်ပါ အရေးပါလာနေပြီဖြစ်ပါတယ်။ (Universal bank” ဆိုသည်မှာ ဘဏ်၏ ၀န်ဆောင်မှုအမျိုးမျိုးဖြစ်သော ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းများအပြင် တခြားငွေကြေးဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် အာမခံ လုပ်ငန်း၊ ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး လုပ်ငန်းများကိုလည်း ပူးတွဲလုပ် ဆောင်သော ဘဏ်များကိုဆိုလိုသည်။) အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်များဟာ ဘဏ်ဦးပိုင် ကုမ္ပဏီများအဖြစ် Universal bank များ အသွင် ပြောင်းလဲလာနေသော်လည်း ၎င်းတို့ဟာ ငွေကြေး အကျပ်အတည်းကာလအတွင်း အကာအကွယ်ရယူလိုသော သဘောဖြင့်သာ ပြောင်းလဲခဲ့ခြင်းဖြစ်ပါ တယ်။ အနည်းဆုံးတော့ သူတို့ဟာ စည်းမျဉ်း၊ စည်းကမ်းစနစ်တကျရှိသော ဘဏ်ဦးပိုင်ကုမ္ပဏီအသွင် ဖြစ်ပေါ်လာခဲ့ပေမည့် အကာအကွယ်ရယူလိုသော အခြေအနေမှာ တင်ဆက်လက်ရပ်တည်ဦးမလား ယခင်ကလိုစွန့်စားရဲတဲ့ ထိုးစစ်များ (Risk taking offense) ဆက်လက် ဆင်နွှဲဦးမလားဆိုတာက တော့ စောင့်ကြည့်ရတော့မှာဖြစ်ပါကြောင်း….. ZTK
Goldman-Sachs-color-web

Leave a Reply

Your email address will not be published. Required fields are marked *