လုပ်​ငန်း​ရွေးချယ်​ နည်းလမ်းငါးသွယ်

စွန့်​ဦးတီထွင်​လုပ်​ငန်းရှင်​ (Entrepreneur) တိုင်းသည်​ စီးပွား​ရေးလုပ်​ငန်းရှင်​များဖြစ်​ကြ​သော်​လည်း စီးပွား​ရေးလုပ်​ငန်းရှင်​တိုင်း​တော့ စွန့်​ဦးတီထွင်​လုပ်​ငန်းရှင်​များ မဟုတ်​ကြပါဘူး။ ကမ္ဘာ​ပေါ်ရှိသန်း​ပေါင်းများစွာ​သော စွန့်​ဦးတီထွင်​လုပ်​ငန်းရှင်များ၏ သမိုင်း​ကြောင်းနှင့်​ ကိုယ်​​ရေးရာဇဝင်​များ လုပ်​​ဆောင်​ချက်​များကို ပြန်​လည်​​လေ့လာဆန်းစစ်​ကြည့်​ပြီး စီးပွား​ရေးလုပ်​ငန်းတစ်​ခုကို စတင်​ထူ​ထောင်​နိုင်​မည်​ဖြစ်​​သော အ​တွေးအ​ခေါ်၊အကြံအစည်​များစွာထဲမှ ပိုမို​ကောင်းမွန်​​သော နည်းလမ်းများကို တင်​ပြ​ပေးပါမည်​။ ” ပထမနည်းလမ်းမှာ လက်​ရှိစီးပွား​ရေးလုပ်​ငန်းများကို လုပ်​ကိုင်​​ဆောင်​ရွက်​​နေ​သော ကုမ္ပဏီများကို​လေ့လာခြင်း”ပင်​ဖြစ်​သည်​။ မြန်​မာ့စကားပုံတစ်​ခုဖြစ်​သည့်​ “အကြံတူ၊ ​နောက်​လူသာစမြဲ” ဆိုသည့်​အတိုင်း၊ လက်​ရှိ​ဈေးကွက်​တွင်​ ကုန်​ပစ္စည်းများကို ဖြန့်​ဖြူး​ရောင်းချ ​နေ​သော ကုမ္ပဏီများကို ကိုယ်​တိုင်​ကိုကျ ကွင်းဆင်း​လေ့လာသုံးသပ်​ပြီးမှ မိမိက လုပ်ငန်းစတင်​ခြင်းဖြစ်​တဲ့အတွက်​ မူရင်းလုပ်​ကိုင်​သူများ၏ အားသာချက်​၊ အားနည်းချက်​ များကိုသိရှိပြီး ပြုပြင်​​ဆောင်​ရွတ်​ပြင်​ဆင်​ကာ ၎င်းတို့ထက်​ သာလွန်​​အောင်​ ပြိုင်​ဆိုင်​မှုအပြည့်​ရှိ​သော ​ဈေးကွက်​ (Perfect Competition Market) သို့ ဝင်​​ရောက်​ခြင်းမျိုးပင်​ဖြစ်​သည်​။ ဒုတိယနည်းလမ်းမှာ “စားသုံးသူ(Consumer) များနှင့်​​တွေ့ဆုံ​လေ့လာခြင်း” ပင်​ဖြစ်​သည်​။ […]

လုပ်​ငန်းရှင်​များအတွက်​ ​ကြော်​ငြာစရိတ်​ သက်​သာမည့်​နည်းလမ်း

ပြည်​သူများအ​နေဖြင့်​ အာမခံဆိုင်​ရာအသိ (Insurance Awareness) နည်း​သေးသည်​ဟုဆို​သော်​လည်း “ခလုတ်​ထိမ အမိတ”ဒါမှမဟုတ်​ “​ပြောမှသိ၊ ထိမှနာ” ဆို​သော စကားများအတိုင်း အခု​တော့ဖြင့်​ အာမခံထားရမှန်း နည်းနည်းပါးပါး သိလာကြချိန်​ ဖြစ်​ပါတယ်​။ ဘာ​ကြောင့်​လဲဆိုရင်​ အခုတ​လော ကား​တွေက လမ်း​ပေါ်မှာ တအားများ၊ ယာဉ်​​ကြောကလည်း ပိတ်​လိုက်​တာမှ မြို့ထဲကရုံးကို ရုံးချိန်​မီချင်​ရင်​ မနက်​ ၆နာရီ ၇နာရီ အိမ်​ကထွက်​ရတဲ့ဘဝ၊ ကား​တွေများတာနဲ့အမျှ လိုင်​စင်​မရှိတဲ့သူ၊ လိုင်​စင်​မမှန်​တဲ့ သူ​တွေကလည်းအများကြီး အဲ့ဒီလိုလူ​တွေ​မောင်းပြီး ယာဉ်​​ကြောကြပ်​လွန်း​တော့ အနည်းနဲ့အများ တိုက်​လိုက်​ကြတဲ့ကား​တွေ၊ တစ်​​နေ့တစ်​​နေ့ ပျှမ်းမျှအမှု (၁၀) မှုအထက်​ ရှိတယ်​လို့ဆိုပါတယ်​။ အဲ့ဒီပျှမ်းမျှ (၁၀)မှုထဲက ကားအာမခံထားသူပါလျှင်​လည်း “ဟင်း…​တော်​​သေး ငါ့ကားအာမခံထားမိ​ပေလို့​ပေါ့” လို့အ​တွေး၊ မ​ထေားမိ​သေးတဲ့ သူ​တွေကလည်း “​ဩော်​ ငါ့ကားဝယ်​ကတည်းက အာမခံထားမိရင်​​ကောင်းသား” လို့​တွေး​တွေ ကိုယ်​စီဖြစ်​ကြသတဲ့။ […]

နှစ်လခွဲအတွင်းအရောင်းအဝယ် အများဆုံးဖြစ်ခဲ့သည့် ရန်ကုန်စတော့ဈေးကွက်

စတော့အညွှန်း ကိန်းကျဆင်းမှုသည် ၃ပါတ်ဆက်တိုက်ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် ရပ်တန့်ခဲ့ကာ တစ်နှစ်အတွင်း အရောင်းအဝယ် အများဆုံးဖြစ်ခဲ့သည်။ ယခင်သီတင်းပတ် အရောင်းအဝယ်ထက် ၆၅ ရာခိုင်နှုန်းကျော် ပိုများခဲ့ပြီး ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၇၈,၀၀၀ ကျော်၊ တန်ဖိုးကျပ်သန်း ၃၆၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စတော့အညွှန်းကိန်း အမြင့်ဆုံး ၄၆၆ ဒသမ၂၅ ရှိခဲ့သော်လည်း သောကြာနေ့တွင် ၄၅၂ ဒသမ ၈ ဖြင့် ဈေးပိတ်ခဲ့သည်။ စတော့အညွှန်းကိန်းမှာ ၂၀၁၈ ခုနှစ် ဈေးကွက်အဖွင့်တွင် ၄၆၃ ဒသမ ၈၁၊ အမြင့်ဆုံး ၄၇၃ ဒသမ ၅၈ နှင့် ယခုသီတင်းပတ်တွင် ၄၄၇ ဒသမ ၅၉ ဖြင့် အနိမ့်ဆုံး ရောက်ခဲ့သည်။   FMI ရှယ်ယာ အရောင်းအဝယ် […]

လူငယ်​စွန့်​ဦးတီထွင်​သူများအတွက်​ စိတ်​ကူး​ကောင်း​က​လေးများ

လူငယ်​စွန့်​ဦးတီထွင်​လုပ်​ငန်းရှင်​များအ​နေဖြင့်​ စီးပွား​ရေးတွက်​​ချေကိုက်​​စေရန်​နှင့်​ အကျိုးအမြတ်​ရနိုင်​ရန် မည်​သည့်​ပစ္စည်းကိုထုတ်​မည်​ (သို့မဟုတ်​) မည်​သည့်​​ဆောင်​ရွတ်​မှုလုပ်​ငန်းကို မည်​သို့​လုပ်​​ဆောင်​မည်​ စသည့်​ စိတ်​ကူးစိတ်​သန်းများကို ပိုမိုတွန်းအား​ပေးသည့်​ နည်းလမ်းလုပ်​ငန်းစုံကို ​​ဝေမျှလိုက်​ပါတယ်​။ ပထမနည်းလမ်းမှာ “Problem Inventory Analysis” ဟု​ခေါ်​သော ပြဿ နာကို သရုပ်​ခွဲစီစစ်​ခြင်း နည်းလမ်းဖြစ်​သည်​။ ယင်းနည်းလမ်းမှာ စားသုံး​နေကြသည့်​ ကုန်​ပစ္စည်းများကို ​ယေဘုယျကုန်​ကြသည့်​ ကုန်​ပစ္စည်းအမျိုးအစား အုပ်​စုလိုက်​ခွဲကြကာ ကုန်​ပစ္စည်းတစ်​ခုခြင်းအလိုက်​ အရည်​အ​သွေး၊ ကြိုက်​နှစ်​သက်​မှု၊ ​ဈေးနှုန်း စသည်​ဖြင့်​ ကုန်​ပစ္စည်းနှင့်​ပက်​သက်​သည့်​ ​အ​ကြောင်းအရာများ ယင်းကုန်​ပစ္စည်းနှင့်​ စပ်​လျဉ်းသည့်​ ပြဿ နာများကို ​ဖော်​ပြ​ရေးသားလျက်​ စားသုံးသူများအား အ​ဖြေရှာ သရုပ်​ခွဲ Analysis ​စေခြင်းပင်​ဖြစ်​သည်​။ ကုန်​ပစ္စည်းအုပ်​စုအလိုက်​ အုပ်​စုအတွင်း ကုန်​ပစ္စည်း တစ်​မျိုးစီအ​ပေါ် ထင်​မြင်​ယူဆချက်​နှင့်​ အကြံပြုချက်​များကို စုစည်း​စေပြီးမှ စွန့်​ဦးတီထွင်​လုပ်​ငန်းရှင်​သည်​ ယင်းအကြံပြုချက်​နှင့်​ သရုပ်​ခွဲရလာဒ်​များအ​ပေါ် မူတည်​၍ […]

SWOT Analysis ဆိုတာဘာလဲ ???

ဘဏ်​များနှင့်​ အခြား​ငွေ​ချေးလုပ်​ငန်းများ အ​နေဖြင့်​ မိမိတို့​ငွေ​ချေး​ပေးမည့်​ ကုမ္ပဏီရဲ့ SWOT Analysis ကိုကြည့်​ပြီး​ကုမ္ပဏီအ​ခြေခိုင်​မာမှုရှိ၊ မရှိ၊ ​ငွေ​ချေးသင့်​ မ​ချေးသင့်​ ဆုံးဖြတ်​နိုင်​ပါတယ်​။ SWOT ဆိုတာက…. Strengths (အားသာချက်​) Weaknesses (အားနည်းချက်​) Opportunities (အခွင့်​အလမ်း) Threats (အခက်​အခဲ) Strength ယ​နေ့လိုအပြိုင်​အဆိုင်​များတဲ့ စီးပွား​ရေး​လောကထဲမှာ လုပ်​ငန်းကို​ကောင်းမွန်​စွာလည်​ပတ်​ ရပ်​တည်​နိုင်​ခြင်းက ကုမ္ပဏီအတွင်းထဲမှာ လိုက်​နာကျင့်​သုံးတဲ့ အများနဲ့မတူတဲ့ နည်းစနစ်​​တွေ​ကြောင့်​ပဲဖြစ်​တယ်​။ ဥပမာအ​နေနဲ့ အားသာချက်​​တွေက… -အင်​အား​ကောင်းတဲ့ ရင်းနှီးမြှုပ်​နှံသူ​တွေရဲ့ ​ငွေ​ကြေးထည့်​ဝင်ရင်းနှီးမှု -ပြည်​တွင်းသာမက ပြည်​ပအထိ လုပ်​ငန်းချဲ့ ထွင်​ထားနိုင်​မှု -အစိုးရအ​ထောက်​အပံ့​ကောင်းနဲ့ အခွန်​ဆိုင်​ရာအခွင့်​အ​ရေး​ပေးမှု -​လုပ်​ငန်း​လေ့လာဆန်းစစ်​မှုအား​ကောင်းခြင်းနဲ့ စဉ်​ဆက်​မပြတ်​ ​လုပ်​ငန်းတိုးချဲ့ မှု -resources ​အလုံအ​လောက်​ရရှိမှု စတဲ့အချက်​​တွေက ကုမ္ပဏီတိုးတက်​ဖို့အတွက်​ အများကြီးမူတည်​ပါတယ်​။ Weakness ဘယ်​လုပ်​ငန်းမျိုးမဆို အားသာချက်​၊ အားနည်းချက်​ […]

အကောက်ခွန်ဆိုင်ရာ အခွင့်အရေးပေးမှုစနစ်(Generalized System of Preferences) အကောင်အထည်ဖော်ဆောင်မှုပိုင်းဆိုင်ရာကိစ္စရပ်များ

၁။ အကောက်ခွန်ဆိုင်ရာအခွင့်အရေးပေးမှုစနစ် (Generalized System of Preferences- GSP)သည် ကမ္ဘာ့ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှုညီလာခံ (United Nation Conference on Trade and Development -UNCTAD)၏ ကြိုးပမ်း စွမ်းဆောင်ချက်ဖြင့် ထွက်ပေါ်လာသောကောင်းကျိုးရလဒ်တစ်ခု ဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို ကူညီရန် အောက်ပါရည်မှန်းချက် (၃) ရပ်ကို ချမှတ်ထားပါသည်- (က) ပြည်ပပို့ကုန်ဝင်ငွေတိုးတက်စေရန် (ခ) စက်မှုလုပ်ငန်းတိုးတက်စေရန် (ဂ) စီးပွားရေးတိုးတက်မှုနှုန်းမြင့်မားစေရန် အကောက်ခွန်ဆိုင်ရာ အခွင့်အရေး ပေးမှုစနစ် (Generalized System of Preferences) ၂။ အကောက်ခွန်ဆိုင်ရာအခွင့်အရေးပေးမှုစနစ် (Generalized System of Preferences- GSP)ဆိုသည်မှာဖွံ့ဖြိုးဆဲနိုင်ငံများ (အခွင့်အရေးလက်ခံရရှိသောနိုင်ငံ) ၏ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသာပို့ကုန်ပစ္စည်းများ ကိုဖွံ့ဖြိုးပြီးနိုင်ငံများ (အခွင့်အရေး ပေးသာနိုင်ငံ) […]