ငွေရေးကြေးရေး ဈေးကွက်များအကြောင်း သိကောင်းစရာ

ငွေရေးကြေးရေး ဈေးကွက်များ (Financial Market) ကို ယေဘုယျအားဖြင့် ၄မျိုး ခွဲခြားကြည့်နိုင်သည်။ ယင်းတို့မှာ   – ကာလတိုငွေရေးကြေးရေးဈေးကွက် သို့မဟုတ် ငွေကြေးဈေးကွက် (Short-term Financial Market or Money Market) – ကာလရှည်ငွေရေးကြေးရေးဈေးကွက် သို့မဟုတ် အရင်းအနှီးဈေးကွက် (Long-term Financial Market or Capital Market) – နိုင်ငံခြားဈေးကွက် (Foreign Exchange Market) – ဘဏ္ဍာရေး ရပိုင်ခွင့်များ (Financial Assets) အပေါ် အခြေပြု၍ အနာဂတ် ကာလအတွက် သဘောတူစာချုပ်များ ချုပ်ဆိုရောင်းဝယ်သည့် ဈေးကွက် (Derivatives Market) တို့ဖြစ်ပါသည်။ ကာလတို ငွေရေးကြေးရေးဈေးကွက် များတွင် သက်တမ်းတစ်နှစ်အောက်ရှိသော ငွေချေးသက်သေခံလက်မှတ်များ […]

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးအဖြစ်ဖြင့် မိမိကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ရန်နည်းလမ်းများ

“ပထမဆုံးနည်းလမ်းမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် အောင်မြင်သူတစ်ဦးအဖြစ် ရပ်တည်နိုင်အောင်၊ ကြိုးစားခြင်းပင်ဖြစ်သည်။ ”   အချို့သူများသည် ဘဝကိုအရှုံးပေးတတ်ကြသည်။ ယင်းသို့ဘဝကို အရှုံးပေးသူများမှာ အရာရာကို ကြောက်ရွံ့တတ်ခြင်း၊ ဆင်ခြေပေးမှု များလာတတ်ခြင်း၊ အဆိုးမြင်ဝါဒများကို ကျင့်သုံးလာတတ်ခြင်းတို့ ခံစားကြရကာ လုပ်ဆောင်သမျှ အောင်မြင်မှုလမ်းကို မလှမ်းတတ်နိုင်ကြပေ။ စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် ယင်းစိတ်ဓာတ်မျိုးလုံးဝ မရှိရပေ။ ဘဝကိုလျှောက်လှမ်းရာတွင် အောင်မြင်သူတစ်ယောက်အနေဖြင့် ယူဆကာ ရင်ဆိုင်တွေ့ကြုံရသော အခက်အခဲဟူသမျှကို ကျော်လွှားအောင်မြင်ရမည်ဟု မှတ်ယူထားရမည်။ စီးပွားရေးလောကတွင် ယနေ့ ရေပန်းစားနေသော “Think Positive and think Big” ဆိုသည့်အတိုင်း “အကောင်းဘက်ကိုသာ စဉ်းစား၍ မြင့်မြင့်မားမား တွေးခေါ်” တတ်ရပေသည်။ မိမိလုပ်ကိုင်ရမည့် လုပ်ငန်းများနှင့် မိမိရောက်ရှိရမည့် ပန်းတိုင်များအပေါ် မိမိစွမ်းဆောင်နိုင်သမျှ သိရှိနားလည်အောင် လုပ်ထားမှသာ မိမိလျှောက်လှမ်းရမည့်လမ်းတွင် ကြုံတွေ့ရမည့် အခက်အခဲမှန်သမျှကို […]

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးအဖြစ်ဖြင့် မိမိကိုယ်မိမိ တိုးတက်အောင် ဆောင်ရွတ်ရန်နည်းလမ်းများ

“ပထမဆုံးနည်းလမ်းမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် အောင်မြင်သူတစ်ဦးအဖြစ် ရပ်တည်နိုင်အောင်၊ ကြိုးစားခြင်းပင်ဖြစ်သည်။ “   အချို့သူများသည် ဘဝကိုအရှုံးပေးတတ်ကြသည်။ ယင်းသို့ဘဝကို အရှုံးပေးသူများမှာ အရာရာကို ကြောက်ရွံ့တတ်ခြင်း၊ ဆင်ခြေပေးမှု များလာတတ်ခြင်း၊ အဆိုးမြင်ဝါဒများကို ကျင့်သုံးလာတတ်ခြင်းတို့ ခံစားကြရကာ လုပ်ဆောင်သမျှ အောင်မြင်မှုလမ်းကို မလှမ်းတတ်နိုင်ကြပေ။ စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် ယင်းစိတ်ဓာတ်မျိုးလုံးဝ မရှိရပေ။ ဘဝကိုလျှောက်လှမ်းရာတွင် အောင်မြင်သူတစ်ယောက်အနေဖြင့် ယူဆကာ ရင်ဆိုင်တွေ့ကြုံရသော အခက်အခဲဟူသမျှကို ကျော်လွှားအောင်မြင်ရမည်ဟု မှတ်ယူထားရမည်။ စီးပွားရေးလောကတွင် ယနေ့ ရေပန်းစားနေသော “Think Positive and think Big” ဆိုသည့်အတိုင်း “အကောင်းဘက်ကိုသာ စဉ်းစား၍ မြင့်မြင့်မားမား တွေးခေါ်” တတ်ရပေသည်။   မိမိလုပ်ကိုင်ရမည့် လုပ်ငန်းများနှင့် မိမိရောက်ရှိရမည့် ပန်းတိုင်များအပေါ် မိမိစွမ်းဆောင်နိုင်သမျှ သိရှိနားလည်အောင် လုပ်ထားမှသာ မိမိလျှောက်လှမ်းရမည့်လမ်းတွင် ကြုံတွေ့ရမည့် […]

ပညာရှင်တွေကို အမဲလိုက်သလိုရှာဖွေနေရတဲ့ ၂၁ ရာစုလား ??

ပညာခေတ်မှာ ပညာရှင်ကို ရှာဖွေရတာဟာ အမဲလိုက်သလို ဖြစ်နေတော့တယ်။ ပညာကိုအခြေပြုတဲ့ စီးပွားရေးက ရှေ့တန်းကို ရောက်လာတဲ့အတွက် ပညာရှင်တွေကို မွေးထုတ်ရတာ ဒါမှမဟုတ် ရှာဖွေရတာဟာ ထိပ်တန်းဦးစားပေးကိစ္စဖြစ်ပါတယ်။ သတင်း information ကနေ ပညာအဆင့်ကို ရောက်ခဲ့ရတဲ့ ပညာဟာ လွယ်ကူသလိုလို ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဲ့ဒီအဆင့်ကိုကျော်လွန်ပြီး ဥာဏ်ရည်ဥာဏ်သွေး ယှဉ်ပြိုင်မှုအဖြစ် တွေ့မြင်လာရတယ်။ Intelligent ကို အခြေခံတဲ့ ဈေးကွက်တွေကိုလဲ စီးပွားရေးလောကမှာ ထွန်းကားလာတော့တယ်။ ဒါကို ‘Microsoft’ ရဲ့ အကြီးအကဖြစ်သူ ‘ဘီလ်ဂိတ်’ ကရှင်းပြဖူးတယ်။ သာမန်ပညာအဆင့်ကနေ နောက်တစ်ဆင့်တက်လာတဲ့အခါ IQ သမားတွေ မဖြစ်မနေလိုလာတယ်။ သူတို့ဟာ ဥာဏ်စွမ်းရည်တွေ အပြိုင်အဆိုင် ထုတ်ကြရင်း လူ့လောကအတွက် ပိုမိုကောင်းမွန်တဲ့အရာတွေကို ဖန်တီးပေးလေ့ရှိတယ်။ ပညာနဲ့ကမ္ဘာကြီးကို ရှေ့ကို ရွေ့သွားစေတယ်။ သူတို့ဟာ […]

ငွေကြေးခဝါခြင်းနှင့် ဘဏ်များ၏အခန်းကဏ္ဍ

အခုတလောအရပ်ထဲက ငွေကြေးဈေးကွက်တွေ၊ အပေါင်ဆိုင်တွေ အတော်များလာသည်။ ကောင်းသောလက္ခဏာ မဟုတ်သည်ကား သေချာ၊ တစ်ဖက်မှာလည်း SME ခေါ် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းတွေကလည်း များလာသည်။ ရာခိုင်နှုန်းအားဖြင့် 90% ကျော်သည်ဟုဆိုပါသည်။ ကျော်လည်းကျော်နိုင်သည်။ အလတ်စားထက် အသေစား တစ်ပိုင်တစ်နိုင်က ပိုများနေသည်။ ထိုလုပ်ငန်းငယ်လေးများကို ဘဏ်ကငွေမထုတ်ချေး၊ ဘဏ်ဆိုသည်မှာလဲ ထက်တိုင်းငွေထုတ်ချေးလို့ မရသော သဘောရှိသည်။ ငွေထုတ်ချေးမည်ဆိုလျှင် ပိုင်ဆိုင်မှုအရင်ပြရသည်။ ပိုင်ဆိုင်မှုမခိုင်လုံလျှင် ငွေထုတ်မချေး၊ ပိုင်ဆိုင်မှု ခိုင်မာသည့်တိုင် ကာလပေါက်ဈေး၏ ထက်ဝက်မျှသာချေးငွေရလျှင် ကံကောင်းသော ငွေချေးသူ (Lucky Borrower) လို့သတ်မှတ်ရမလိုဖြစ်သည်။ အခြားတစ်​ဖက်​က ကြည့်မည်ဆိုပါလျှင်လည်း အပ်ငွေရှိမှ ချေးငွေထုတ်ချေးနိုင်မည့် သဘောသည် ဘဏ်၏ အခြေခံသဘောဖြစ်သည်။ ဘဏ်လည်ပတ်မှုမှာလည်း အပ်ငွေပေါ်မူတည်ပြီးမှ ချေးငွေများထုတ်ချေးသည်ဆိုသော သီအိုရီရှိသည်။ သို့သော်လည်း ဘဏ်တွင် […]

လုပ်​ငန်းရှင်​များ မိမိတို့၏ လုပ်​ငန်းစီမံကိန်းများမစတင်​ခင်​ ကြိုတင်​ပြင်​ဆင်​ထားသင့်​သည့်​အချက်များ

ပ​ရောဂျက်​ စီမံကိန်းကို စစ်​​ဆေးမှုလုပ်​ရမည့်​ လုပ်​ငန်းစဉ်​များမှာ…. (က) အမျိုသား​ရေးဆိုင်​ရာ ချမှတ်​ထား​သော မူဝါဒနှင့်​ ကိုက်​ညီမှု  အမျိုးသား​ရေးဆိုင်​ရာ ချမှတ်​ထား​သော မူဝါဒများနှင့်​ စည်းမျဉ်းစည်​ကမ်းများ ကိုက်​ညီမှု ရှိမရှိကို ပ​ရောဂျက်​စတင်​ ​ရေးဆွဲစဉ်​ကပင်​ ကျန်​​သေး၍မဖြစ်​​ပေ။ နိုင်​ငံခြားအရန်​​ငွေ နည်းပါး​သော နိုင်​ငံအတွက်​သွင်းအားစုများသည်​ သွင်းကုန်​ဖြစ်​ပါက အခက်​အခဲနှင့်​ ​တွေ့ရ​ပေမည်​။ ရှိရင်းစွဲ​အောင်​မြင်​​နေသည့်​ ရင်းနှီးမြှုပ်​နှံမှု​နေရာတွင်​ ထပ်​မံရင်းနှီးလျှင်​ အစိုးရ၏ အား​ပေးမှုကို ရရှိနိုင်​မည်​မဟုတ်​​ပေ။ (ခ) ပ​ရောဂျက်​​ကြောင့်​ ပတ်​ဝန်းကျင်​အ​ပေါ် အကျိုးသက်​​ရောက်​မှု ပတ်​ဝန်းကျင်​ကို ထိခိုက်​​စေမည့်​ ပ​ရောဂျက်​များကို အစိုးရများမှ မနှစ်​မြို့သလို ပြည်​သူလူထုကလဲ ကန့်​ကွက်​နိုင်​သည်​။ ဥပမာ ​ရေ​နေသက်​ရှိသတ္တဝါများကို ထိခိုက်​သဖြင့်​ ငါး၊ ပုစွန်​များအ​ပေါ် မှီတင်းစား​သောက်​​နေရသည့်​ ပြည်​သူများအ​ပေါ် ထိခိုက်​နိုင်​သည်​။ ဓာတ်​သတ္တုတူး​ဖော်​​ရေးလုပ်​ငန်း​ကြောင့်​ ​တောင်​သူလယ်​သမားများ၏ လယ်​ယာ​မြေများပျက်​စီးသဖြင့်​ လယ်​သမားများ၏ သီးနှံထုတ်​လုပ်​မှု […]