စီးပွားရေးလောကတွင် လုပ်ငန်းသစ်များသည် အရေးပါသောနေရာတွင် ပါဝင်ပြီး တီထွင်ကြံဆနိုင်မှုနှင့် မှန်ကန်သောဆုံးဖြတ်ချက် ချနိုင်မှုတို့ ပေါင်းစပ်လိုက်သောအခါ

၎င်းတို့ကိုအောင်မြင်စွာ ကိုင်တွယ်နိုင်ပါလိမ့်မည်။ သို့သော်လည်း လုပ်ငန်းသစ်များ အောင်မြင်သွားသည့် ဇာတ်လမ်းများ တိုးပြီးရှိလာသလို စတင်သည့်အဆင့်မှ လုံးဝမတက်နိုင်သည့် လုပ်ငန်းသစ်များလည်း ပိုမိုများပြားလာနေပါသည်။ လုပ်ငန်းသစ်များကျရှုံးစေသည့် အကြောင်းရင်းတွေ လေ့လာကြည့်ရင်…

၁။ ကြိုတင်ပြင်ဆင်မှုမရှိခြင်း

အခြားခြားသောနေရာများမှာသို့ပင် ကြိုတင်ပြင်ဆင်မှု မရှိခြင်းက အောင်မြင်မှုကို မျှော်မှန်းပြီး လုပ်ငန်းသစ် စတင်မည့်သူများအတွက် ကြီးမားသော ပြဿနာများ ကြုံတွေ့ရ စေနိုင်ပါသည်။ အကောင်းဆုံးသော အကြံများ၊ စီးပွားရေး အတွေးအခေါ်များသည်ပင်လျှင် ကြိုတင်ပြင်ဆင်မှုလုပ်ရန် အားသွန်ခွန်စိုက် မကြိုးစားသော လုပ်ငန်းရှင်များနှင့် အပြိုင်အဆိုင်များသော ဈေးကွက်အတွင်းရှိ အပြောင်းအလဲနှင့် စိန်ခေါ်မှုများအပေါ် ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံမရှိမှုတို့ကြောင့် ဖရိုဖရဲဖြစ်နိုင်ပါသည်။
ကြိုတင်ပြင်ဆင်မှု အဆင့်တွင် အမြဲတမ်းထည့်သွင်းပြီး အဓိကအာရုံစိုက်ရမည်က ဈေးကွက်အတွင်းရှိ လျင်မြန်သော အပြောင်းအလဲ၊ ပြိုင်ဖက်များကို အသေးစိတ်လေ့လာ ဆန်းစစ်မှုတို့ဖြစ်ပါသည်။ လုပ်ငန်းသစ်တစ်ခုအနေဖြင့် ဈေးကွက်အတွင်းရှိ လှုပ်ရှားပြောင်းလဲမှုများ၊ မည်သူများက မိမိတို့၏ ဝန်ဆောင်မှုများကို သုံးစွဲမည်တို့ကို မသိပါက တဟုန်ထိုး တိုးတက်အောင် မြင်ရန်ဆိုသော အိမ်မက်သည် မှေးမှိန်ရာမှ ပျောက်ဆုံးသွားမည်သာ ဖြစ်ပါသည်။

Company တစ်ခုစတင်လျှင် ဈေးကွက်သုတေသနများကို အသေးစိတ်ပြီး မီးကုန်ယမ်းကုန် ပြုလုပ်ခြင်းသည်ပင် သေချာပေါက်အောင်မြင်မည်ဟု အာမခံမပေးနိုင်ပါ။ အောင်မြင်ရန်အတွက် သင့်ဖက်က အခြားကြိုးစားအားထုတ်မှု များစွာလိုအပ်ပါတယ်။ သို့သော် internet မှ ပြည့်စုံသော သတင်းအချက်အလက်များနှင့် နည်းလမ်းအထောက်အပံ့များ ရနိုင်ခြင်းကြောင့် လုပ်ငန်းသစ်မစခင် ကြိုတင်ပြင်ဆင်မှုလုပ်ရန် မဖြစ်နိုင်ကြောင်း အကြောင်းပြချက်ပေးခွင့်မရှိပါ။

၂။ မသင့်တော်မလျော်ကန်သော ချေးယူမှု

လုပ်ငန်းသစ်တစ်ခုသည် မည်သည့်ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်သည်မဆို လုံးဝအကောင်းမမြင်မှုနှင့် အလွန်အမင်း အကောင်းမြင်မှုတို့က အစပိုင်းမှာပင် စီးပွားရေး အကျပ်အတည်း ပြဿနာတန်းဖြစ်စေနိုင်ပါသည်။ လုပ်ငန်းတစ်ခုကို ဘယ်အချိန်မှာ ဘယ်လိုတိုးမြင့်ဆောင်ရွက်ရမည်ကို သိရန်က လုပ်ငန်းကြီးသေးမဆိုအတွက် ယေဘုယျအားဖြင့် အမှန်ပင် အလွန်ခက်ခဲ သော်လည်း လုပ်ငန်းသစ်များအတွက် ဒီအချက်မှာ သေရေးရှင်ရေး အရေးကြီးသည့် အချက်ပင်ဖြစ်ပါသည်။

အတိုချုပ်ရင် မည်သည့်စီးပွားရေးလုပ်ငန်းကမှ လုပ်ငန်းဆောင်တာများအတွက် အခြေခံကျသည့် ငွေရေးကြေးရေး အထောက်အပံ့ အစီအစဉ်များကို လက်ဆုပ်လက်ကိုင် မရှိထားပဲနှင့် အချိန်အတိုင်းအတာ တစ်ခုအထိ ကြာအောင် အဆင်ပြေချောမွေ့စွာ ရှေ့ဆက်နိုင်မည်ဟု လက်တွေ့တွင် မျှော်မှန်းလို့မရပါ။ ချေးငွေအများကြီး ယူထားခြင်းကလည်း လုပ်ငန်းသေးသေးတစ်ခုကို မကြာမီမှာပင် ငွေရေးကြေးရေးအရ မလူးမလွန့်သာသည့် အနေအထားကို ရောက်စေပါလိမ့်မည်။ ပုံမှန်အတိုင်း ချေးယူခြင်းနည်းလမ်းဖြင့် ချေးယူခြင်းများကဲ့သို့ပင် အချိန်တစ်ခုတွင် ပေါ်ပေါက်လာမည့် ဈေးကွက်အခွင့်အလမ်း များကို အရမယူနိုင်သည်ကလည်း နည်းတူ အကျိုးယုတ်စေပါသည်။

နည်းလမ်းကောင်းတစ်ခုကတော့ဖြင့် လုပ်ငန်းသစ်များသည် ရနိုင်သလောက်ကို ချေးယူမည်ဆိုသည့် ဆုံးဖြတ်ချက်ထက် လိုအပ်သည့်အဆင့်တွင် လိုအပ်သလောက်ကိုသာ ချေးယူခြင်းကို အားထားပါက ပိုမိုအထောက်အကူ
ဖြစ်စေပါလိမ့်မည်။ တစ်နည်းဆိုရင် လုပ်ငန်းသစ်တစ်ခုသည် လိုအပ်သည်ကိုသာ ချေးယူရပါမည်။ ရနိုင်သလောက်ကို ချေးယူရမည် မဟုတ်ပါ။ ထိုအချက်ကို ခေါင်းထဲထည့်ထားခြင်းဖြင့် လုပ်ငန်းရှင်များသည် အတောင်အတက်စုံလင်စွာဖြင့် ရေရှည်ရပ်တည်နိုင်မည့် စီးပွားရေးလုပ်ငန်း အနေအထားတစ်ခုကို မြင်ရမည့် အခွင့်အလမ်း ပိုများပါသည်။

၃။ တည်ထောင်သူများ အတွေ့အကြုံမရှိမှု

အတွေ့အကြုံမရှိသူမှအစ လုပ်ငန်းဦးဆောင်နေသူအထိ လုပ်ငန်းသစ်တစ်ခု၏ အနေအထားအတွက် စိတ်အားထက်သန် ဇောကြီးစွာ ဖြည့်တင်းသင့်သည့် အရေအတွက်ပြောရလျှင် အများကြီး ကျန်ပါသေးသည်။ သို့သော် လုပ်ငန်းသစ် လုပ်ဆောင်တာများ၏ အနေအထားက ယေဘုယျအားဖြင့် အလွန်အပြိုင်အဆိုင်များပြီး မည်သည့်ဆုံးဖြတ်မှု မှားယွင်းမှုမဆိုက လက်တွေ့တွင် ရှောင်လွဲမရသည့် ဈေးကွက်၏ လျင်မြန်စွာ ပြောင်းလဲမှုများ၏ ခံရစေမည်ဖြစ်သည်။
လုပ်ငန်းဆောင်တာများအတွက် အတွေ့အကြုံမရှိခြင်း (သို့) မည်သည့်လုပ်ငန်းမဆို၏ ထိပ်တန်းနေရာတွင် ပါဝင်ပက်သက်နေရခြင်းကပါ လုပ်ငန်းသစ်ထူထောင်သူ တစ်ဦးစီအတွက် ၎င်းတို့၏ အဆင့်အနေအထား၏ ဖိအားဒဏ်ကို ရင်ဆိုင်ခံစားရစေသည်။ လုပ်ငန်းသစ်တစ်ခု အောင်မြင်သွားသည်ဆိုသည့် ဆုလာဒ်မှာ အင်မတန်ကြီးကျယ်သည်။ သို့သော် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ဆိုသည်ကလည်း ကြီးကျယ်သည့် အလုပ်တစ်ခုဖြစ်သည်။

အနာဂတ်၏ ရည်မှန်းချက်ကြီးသည့် မည်သည့်စွန့်ဦးတီထွင်သူမဆိုနှင့် မည်သည့် အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်အတွက်ကိုမဆို ၎င်းတို့၏ အရည်အချင်းများကို တစိုက်မတ်မတ်နှင့် အမှန်တကယ်တိုးတက်အောင် လုပ်ရန်မှာ လက်တွေ့ကမ္ဘာထဲမှာ ထပ်မံသင်ယူရန် နည်းလမ်းသာရှိပါသည်။ သို့သော် အများစုအတွက်ကတော့ လုပ်ငန်းသစ်တစ်ခု အစပြုတည်ထောင်ရသည်မှာ တဖြည်းဖြည်းနှင့် လုပ်စရာများ ပုံမှန်အတိုင်းများသာ များလာပြီး ၎င်းတို့၏ အတွေ့အကြုံမရှိခြင်းက ခြေလှမ်းမှားစေပြီး တလွဲများဖြင့်သာ အဆုံးသတ်စေတတ်သည်။

၎။ လုံလောက်သည့် ကူညီထောက်ပံ့မှုမရခြင်း

လုပ်ငန်းဆောင်တာအသစ်များ အားလုံးသည် ၎င်းတို့၏ တည်ထောင်မှုအဆင့် အစပိုင်းတွင် အလိုလိုပင် (ပုံမှန်လုပ်ငန်းဆောင်တာများနှင့် သီးခြားလည်းဖြစ်နေတတ်ပြီး ၎င်းအနေအထားတွင် company ထူထောင်သူများအတွက် သေချာထိရောက်စွာ ဦးစားပေးလုပ်ဆောက်ရန်နှင့် ပေါ်လာသည့် အခွင့်အရေးများအတိုင်း လှုပ်ရှားရန်မှာ ခက်ခဲနိုင်လှသည်။ ယေဘုယျပြောရရင် မည်သည့်လုပ်ငန်းသစ်မဆို နေရာတကာမှ အကူအညီ၊အထောက်အပံ့နှင့် အကြံဥာဏ်​များကို ပုံမှန်အတိုင်းရသည့်အကျိုး ခံစားရနိုင်သလို မရပါကလည်း ပြဿနာကြီးနိုင်ပါသည်။

လုပ်ငန်းသစ်ထူထောင်သူများအတွက် ဘယ်အချိန်တွင် ၎င်းတို့အကူအညီ လိုနေပါသည်။ ဘယ်အချိန်တွင် ပြင်ပအကူအညီများ မျက်စိကျကူညီပါက အကျိုးများရပါမည်ဟု ဝန်ခံရန်မှာမူ ခက်ခဲပါသည်။ လုပ်ငန်းသစ်တစ်ခု စရသည်မှာ တစ်ကိုယ်တည်း ရုန်းရသည့် အတွေ့အကြုံမျိုးလို ဖြစ်သော်လည်း အမြဲတမ်းတော့ ထိုသို့ဖြစ်မနေသင့်ပဲ အဓိကလိုအပ်သည့် အချိန်တွင် သင့်တော်သည့် ပညာရှင်များထံမှာ အကူအညီရယူခြင်းက အမှန်တကယ် အထောက်အကူ ဖြစ်ပါသည်။

လိုအပ်သည့် အကူအညီ ယူသည်ဆိုတာကလည်း လိုအပ်သည့် သင့်တော်သော ဝန်ထမ်းခန့်ထားမြဲမြံ စေခြင်းမှ သေချာအခြေခိုင်သည့် အနေအထားသို့ရောက်ရန် ရှေ့ဆက်သည်အထိ ကျယ်ပြန့်စွာ အကျုံးဝင်ပါသည်။ ကုမ္ပဏီ ဖွံ့ဖြိုးလာသည်နှင့်အမျှ ဝန်ထမ်းအများကြီး ခန့်ထားပေးမည်လား အနည်းငယ်သာ ခန့်ထားပေးမည်လားကို သေချာစွာ ညှိုနှိုင်း ချိန်ဆရေးကလည်း ရှိပါသော်လည်း၊ အောင်မြင်မှုနှင့် အဆုံးအစွန်တွင် ရေရှည်တည်တံ့မှုအတွက် မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင်ခြင်းက ပဓာနကျပါသည်။

Real Business Rescue မှ Keith Tully ကစီးပွားရေး လုပ်ငန်းအကြပ်အတည်းများဆိုင်ရာ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ပါသည်။ သူက ယက်ကန်ယက်ကန် ဖြစ်နေသော စီးပွားရေးလုပ်ငန်း များတို့ကို အဆင်ပြေပြေရှေ့ဆက်ရရန် ဘာတွေလိုအပ်သည်နှင့် Company Director များက မည်သည့် အရည်အချင်းများ လိုအပ်သည်ကို သိသူဖြစ်သည်။ #ZTK

ငြိမ်းမမ (Myanmar Banking & Fianance Magazine)

Leave a Reply

Your email address will not be published. Required fields are marked *