Q & A Section

ဖေဖ၀ါရီလတွင် စတင်ထုတ်ဝေမည့် Myanmar Banking and Finance Magazine ထွင် Banking , Finance နှင့် Investment နှငိ့သက်ဆိုင်သော လူကြီးမင်းတို့သိလိုသောမေးခွန်းများကို သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြဲုရှိသူများနှင့်ပညာရှင်များက ဖြေကြားပေးမည့်အစီအစဉ်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။သို့ပါ၍ လူကြီးမင်တို့သိလိုသော မေးခွန်းများကို ztkfinance@gmail.com သို့မဟုတ် Facebook မှတဆင့်မေးမြန်းနိုင်ပါသည်။ cheappharmacynorxneed.com @ pharmacy viagra @ buy viagra canada @ cialis vs viagra @ http://tadalafilbuypharmacyrx.com cialis vs viagra\ discount pharmacy\ pharmacy online viagra\ tadalafilbuypharmacyrx.com\ buy viagra online canada

ပထမပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း

MBFး ပထမဦးဆုံးအနေနဲ့ အန်ကယ့်ဘဏ္ဍာရေး ၊ငွေရေးကြေးရေး၊ လောကထဲကို ဘယ်လိုစတင် ရောက်ရှိ ခဲ့တယ်ဆိုတာ သိချင်ပါတယ်။ —————– Dr.SMး အဲဒီသမိုင်းက အရှည်ကြီးပဲ၊ ၁၉၈၈-၈၉ လောက်က ဦးနေ၀င်း အာဏာရှိစဉ်တုန်း နောက်ဆုံး လွှတ်တော်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကူးပြောင်းမယ်လို့ ကြေညာတယ်။ အဲဒီမှာ အန်ကယ် တွေးမိတာ က ဈေးကွက် စီးပွားရေးစနစ်ဆိုရင် ဘဏ်လိုတယ်ပေါ့၊ အဲဒီအချိန်ကစပြီး ဘဏ်ထောင်ဖို့ စစည်းရုံး ဖြစ်ခဲ့ပါတယ်။ ၁၉၉၀-၉၁ ခုနှစ်လောက် သွားကျမှာပေါ့။ ပထမဆုံးက စီးပွားရေးတက္ကသိုလ်မှာ ဆရာလုပ်တယ် အဲဒီကနေ နိုင်ငံခြား ပညာတော်သင်ရတယ်။ ၁၉၆၄ မှာ New York University ကနေ Ph. D ရတယ်။ အဲဒီက […]

အရင်းအနှီးဈေးကွက်ဆိုင်ရာ ဆွေးနွေးတင်ပြချက်များ (Daw Thi Thi Lwin)

၁။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းက ကြီးမှူး၍ “Seminar on Going Public and Launching Initial Public Offering” ဆွေးနွေးပွဲကို မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် မြန်မာငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ (Myanmar Securities Exchange Centre) မှ အရာထမ်းတစ်ဦးသည် ငွေရေးကြေးရေးဈေးကွက်များနှင့် မြန်မာနိုင်ငံအခြေအနေ၊ အာဆီယံအရင်းအနှီးဈေးကွက်များ ပေါင်းစည်းရေးအလားအလာတို့ကို Power Point Slides များဖြင့် ဆွေးနွေး တင်ပြခဲ့ပါသည်။ ဤစာတမ်းငယ်သည် ယင်းဆွေးနွေးပွဲတွင် ရှင်းလင်းတင်ပြခဲ့သည့် အချက်များအပေါ် အခြေခံ၍ ပြုစုထားခြင်းဖြစ်ပါသည်။ ပထမပိုင်းတွင် အရင်းအနှီးဈေးကွက်နှင့် မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးတင်ပြထားပြီး ဒုတိယပိုင်းတွင် အာဆီယံအရင်းအနှီးဈေးကွက်များ ပေါင်းစည်းရေးအစီအစဉ်များကို […]

အယ်ဒီတာ့အမှာ (Editor’s Letter for March Issue)

စာဖတ်သူတို့ BRICs ဆိုတာ ကြားဖူးနေကြဖြစ်မှာပါ။ ကမ္ဘာ့ထိပ်သီး သူကြွယ်တွေအဖို့ရော ထို သူများရဲ့ ပိုင်ဆိုင်မှုကို တိုးပွားအောင်ဆောင်ကြဉ်းပေးနေကြတဲ့ Wealth Managers များ အဖို့ကတော့ BRICs ဟာ အဖိုးမဖြတ်နိုင်တဲ့ သားရတနာလေး တစ်ပါးပါပဲ။ ယခုအခါမှာတော့ Next 11 ဆိုတဲ့ ကလေးငယ် တစ်ယောက်ပေါ်ထွန်းလာပါပြီ။ အတိုတောက် N-11 လို့ခေါ်တဲ့ နာမည်အောက်မှာ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မက္ကဆီကို၊ နိုင်ဂျီရီးယား၊ ပါကစ္စတန်၊ ဖီလစ်ပိုင်၊ တူရကီ၊ တောင်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံ စတဲ့ စီးပွားရေး ထွန်းသစ်စ နိုင်ငံများပါဝင်ပါတယ်။ ထိုနိုင်ငံများဟာ BRICs ပြီးရင်တော့ အလားအလာအကောင်းဆုံးနိုင်ငံများ လို့ မှတ်ယူလို့ရပါတယ်။ N-11 ထဲကမှ MIKT (မက္ကဆီကို၊ အင်ဒိုနီးရှား၊ […]