
“စီကျူရီတိုက်ဇေးရှင်း (Securitization) ဟူသော ဝေါဟာရသည် စာဖတ်သူများအဖို့ စိမ်းကောင်းစိမ်းနေမည်ဖြစ်သော်လည်း ခေတ်သစ်ဘဏ္ဍာရေးဈေးကွက်တွင် အလွန်အရေးပါသော နေရာကို ရယူထားကြောင်း တွေ့ရှိရသည်။ စီကျူရီတိုက်ဇေးရှင်းကို အမေရိကန်နိုင်ငံတွင် ၁၉၆၀ လွန် နှစ်များတွင် စတင် ကျင့်သုံးခဲ့ပါသည်။” စတင်ကျင့်သုံးခဲ့စဉ်က ဘဏ်များ၏ အိမ်ယာချေးငွေများအပေါ် ဘဏ္ဍာငွေ ပြန်လည်ဖြည့်တင်း ရာတွင် ငွေသားစီးဆင်းမှု လွယ်ကူစေရေးအတွက် လက်နက်တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း တွင် ခရက်ဒစ်ကဒ်များ၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများတွင် ကြိုတင်ပေးငွေများအတွက် ရပိုင်ခွင့်များ နှင့် မော်တော်ကား ချေးငွေများတွင်ပါ စီကျူရီတိုက်ဇေးရှင်းစနစ် ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ စီကျူရီ တိုက်ဇေးရှင်းသည် အာရှနိုင်ငံများသို့လည်း အလျင်အမြန် ကူးစက်ခဲ့ပါသည်။ အထူးသဖြင့် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်နှင့် စင်္ကာပူနိုင်ငံများတွင် ကျင့်သုံးခဲ့ကြပါသည်။ စီကျူရီတိုက်ဇေးရှင်းလုပ်ငန်းမှာ ဘဏ်တစ်ခု၏ ချေးငွေများနှင့် ရပိုင်ခွင့်များကို ဈေးကွက် […]