သဘောတရားနားလည်ပါမှ လွတ်လပ်တဲ့ ဈေးကွက် ဖော်ဆောင်နိုင်မယ်

စီးပွားရေးလုပ်ငန်းတွေမှာ ဈေးကွက်သဘောတရားအရ Supply နဲ့ Demand သဘော တရားကို သေချာစွာနည်းလည်သဘောပေါက်ကြဖို့ လိုအပ်တယ်။ စာရေးသူတို့နိုင်ငံမှာ မဆလခေတ် က ဆိုရှယ်လစ်စီးပွားရေးစနစ် ကျင့်သုံးလုပ်ဆောင်ခဲ့တယ်။ အဲဒီမှာခွဲတမ်းစနစ်နဲ့ ၀ယ်ယူကြရတယ်၊ ခေတ်ကာလအရ ငွေဖောင်းပွမှုမရှိသေးတော့ အများပြည်သူတွေက စားရေး၊ ၀တ်ရေး နေရေးဆိုတဲ့ အရေး ၃ ပါးမှာ မသိသာခဲ့ဘူး။ သို့ပေမယ့် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ မြန်မာလို ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ပေါ်ပေါက်လောရေး၊ အင်္ဂလိပ်လို Proper evolution of the market-oriented Economy လို့ market- oriented ဆိုတာ သုံးလိုက်တာကြောင့် ဈေးကွက်က ထိန်းချုပ် စီးပွားရေးစနစ် ဖြစ်ထွန်းလာ ခဲ့တယ်။ အစိုးရကိုယ်တိုင်က ဈေးကွက်ကို ထိန်းချုပ်လုပ်ဆောင်မှုတွေကနေ သူများနိုင်ငံမှာ […]

Hedge Fund

ဤဆောင်းပါးကို အမေရိကန်နိုင်ငံရှိ US Securities and Exchange Commision ကထုတ်ဝေသော Educate individual investor for Hedge Fund ဆိုသည့် စာတမ်းငယ်ကို အမှီပြုကာ ရေးသား သွားမည် ဖြစ်ပါသည်။ Hedge Fund ဆိုသည်မှာ… Hedge Fund ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးများကို အကျိုးအမြတ်ရရှိစေမည့် နေရာများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် စုပေါင်းထားသော ငွေကြေးအစုအဝေးကြီးဖြစ်သည်။ ထို့အပြင် Hedge Fund များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာသည် တခြားသော Fund များထက် ပို၍ Flexible ဖြစ်သည်။ Hedge Fund များသည် ရင်းနှီးမြှုပ်နှံမှု ဈေးကွက်တိုင်းတွင် ၀င်ရောက် ရင်းနှီးမြှုပ်နှံရန် အသင့်ရှိကြပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုပုံစံများသည်။ […]

စီကျူရီတိုက်ဇေးရှင်းနှင့် ဘဏ်များ၏အခန်းကဏ္ဍ

“စီကျူရီတိုက်ဇေးရှင်း (Securitization) ဟူသော ဝေါဟာရသည် စာဖတ်သူများအဖို့ စိမ်းကောင်းစိမ်းနေမည်ဖြစ်သော်လည်း ခေတ်သစ်ဘဏ္ဍာရေးဈေးကွက်တွင် အလွန်အရေးပါသော နေရာကို ရယူထားကြောင်း တွေ့ရှိရသည်။ စီကျူရီတိုက်ဇေးရှင်းကို အမေရိကန်နိုင်ငံတွင် ၁၉၆၀ လွန် နှစ်များတွင် စတင် ကျင့်သုံးခဲ့ပါသည်။” စတင်ကျင့်သုံးခဲ့စဉ်က ဘဏ်များ၏ အိမ်ယာချေးငွေများအပေါ် ဘဏ္ဍာငွေ ပြန်လည်ဖြည့်တင်း ရာတွင် ငွေသားစီးဆင်းမှု လွယ်ကူစေရေးအတွက် လက်နက်တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း တွင် ခရက်ဒစ်ကဒ်များ၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများတွင် ကြိုတင်ပေးငွေများအတွက် ရပိုင်ခွင့်များ နှင့် မော်တော်ကား ချေးငွေများတွင်ပါ စီကျူရီတိုက်ဇေးရှင်းစနစ် ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ စီကျူရီ တိုက်ဇေးရှင်းသည် အာရှနိုင်ငံများသို့လည်း အလျင်အမြန် ကူးစက်ခဲ့ပါသည်။ အထူးသဖြင့် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်နှင့် စင်္ကာပူနိုင်ငံများတွင် ကျင့်သုံးခဲ့ကြပါသည်။ စီကျူရီတိုက်ဇေးရှင်းလုပ်ငန်းမှာ ဘဏ်တစ်ခု၏ ချေးငွေများနှင့် ရပိုင်ခွင့်များကို ဈေးကွက် […]

Editor’s Note (May Issue)

“Markets go down when the last dumb buyer has bought”. Tom De Mark, CEO De Mark Analytics “အမြှော်အမြင်မရှိတဲ့ ၀ယ်သူတွေတောင်ရှိလာပြီဆိုရင် ဈေးကွက်က ထိုးကျတော့မှာပါ” တဲ့ ။ သဘာဝ နိယာမအတိုင်းပဲ – ဈေးကွက်တစ်ခုဟာလည်း အတက်ရှိသလို အကျရှိပါတယ်။ အမေရိကန်က S&P 500 ဈေးကွက်ဟာဆိုရင်လည်း အထက်ပိုင်းရောက်ခဲ့တဲ့ အများဆုံးကာလဟာ ၁၀ နှစ်တာ ကာလလောက်ပဲရှိပါတယ်။ ပြီးရင် ဈေးကွက်က ပျက်ပါတယ်။ ဈေးကွက်ဆိုလို့ စတော့ ဈေးကွက်တစ်ခုတည်းကို ရည်ညွှန်းတာမဟုတ်ရပါ။ မြန်မာနိုင်ငံမှာလည်း မဖြစ်ပေါ်သေးတဲ့ ဈေးကွက်၊ ပေါ်ထွန်းစဈေးကွက်၊ အောင်မြင်မှု အမြင့်ဆုံးရောက်နေတဲ့ဈေးကွက်နဲ့ အကျဈေးကွက်များ များစွာ ရှိပါတယ်။ အောင်မြင်မှုအမြင့်ဆုံးရောက်နေတဲ့ […]

ZTK Opinion © (29/1/14)

ဂျပန်ရင်းနှီးမြှုပ်နှံသူများရဲ့အမေရိကန်ဗဟိုဘဏ်မူဝါဒအစည်းအဝေးပေါ်သတိထားစောင့်ကြည့်နေမှုများကြောင့် Nikkei (ဂျပန်စတော့ဈေးကွက်)ဟာအင်္ဂါနေ့မှာနှစ်လအတွင်းအနိမ့်ဆုံးအဆင့်ကိုရောက်ရှိနေပါတယ်။ Apple ရဲ့ Supplier များဖြစ်ကြတဲ့ Nikko Denko Corp တို့ Shwp Corp တို့ရဲ့ Share တန်ဖိုးများဟာလည်း ကျဆင်းနေပါတယ်။ U S ဗဟိုဘဏ်ရဲ့ Bond Buying အခြေအနေကိုရင်းနှီးမြုပ်နှံသူများစောင့်ကြည့်နေကြတဲ့အတွက် ရွှေဈေးကွက်ဟာလည်း အကျဘက်ကိုဦးတည်နေပါတယ်။ Fed (U .S ဗဟိုဘဏ်)ကသူ့ရဲ့နှစ်ရက်ကြာမူဝါဒဆိုင်ရာအစည်းအဝေးအပြီး Bond buying ကို က $ 10 Billion လျှော့ချလိမ့်မယ်လို့ခန့်မှန်းနေကြပါတယ်။ PRICES AT 0021 GMT Metal Last Change Pct chg Spot gold 1252.3 -3.91 -0.31 Spot silver 19.53 -0.02 […]

ZTK Foreign NEWS © 29/1/14(Thursday)

State of the US economy: strongest since recession-Tbo.com American Air sees Merger Gains – Wall Street Journal A Swipe at Traditional Banking at a Forum illuminating Bitcoin -New York Times Ford posts second-highest profit in the past decade – Washington Post Asian Stocks Up After Turkey Raises Rates- Wall Street Journal What Will It Take […]